ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 November 2012

အမေရိကန်တွင်ဝက်ကိုသမ္မတအဖြစ် ရွေးကောက် တင်မြောက်ဖူး


အမေရိကန်မှာ ဝက်တစ်ကောင်ကို
သမ္မတ အဖြစ် ရွေးကောက်တင်တဲ့
 ဖြစ် ရပ် တစ်ခု တကယ် ဖြစ်ခဲ့ပါတယ်။
ချီကာဂိုပြည်နယ်က နိုင်ငံရေးလှုပ်ရှား
သူ လူတစ်စုနဲ့ ပြည်သူအချို့ ရဲ့ 

သဘောတူညီချက်နဲ့ ရွေးချယ်လိုက်တဲ့ သမ္မတ ဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်
 သြဂုတ်လက ဖြစ်ပြီး Youth International Party က ဦးဆောင်နဲ့
လှုပ်ရှားမှု တစ်ခု ဖြစ်ပါတယ်။

ချီကာဂိုမြို့ လယ်ခေါင်မှာ အမျိုးသား ဒီမိုကရစ်တစ် စုရုံး စည်းဝေးပွဲနဲ့ ဆန္ဒပြသူ
အချို့ တို့ ရှိနေပါတယ်။
Youth ပါတီမှာ ထိပ်တန်းခေါင်းဆောင် ၇ ဦးနဲ့ ဝက်တစ်ကောင်ဟာ ဝက်ဂွန်ကား တစ်စီးနဲ့ ရောက်ရှိလာပါတယ်။ Youth International Party မှ အဖွဲ့ဝင် ၅၀
 ကျော်လည်း ပါဝင်ပြီး ထောက်ခံနေသူ လူပေါင်း ၂၀၀ ကျော်လည်း ရှိနေပါတယ်။

ယင်းနေရာမှာပဲ ဝက်ကို လူထုရှေ့ မောက်ခေါ်ဆောင်ပြီး သမ္မတ အဖြစ် ရွေးချယ် 
အတင်မြောက်ခံရသော ဝက်ကလေး Pigasus မှ မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း
 ကြေညာပါတယ်။
 ပြီးတော့ ဝင်း ဝက်အစား လူတစ်ဦးက စာတန်း ဖတ်နေစဉ် ချီကာဂိုမြို့ ခံ 
ရဲများ လာရောက် ဖမ်းဆီးပါတော့တယ်။ သို့ပေမယ့် တရားရုံးကနေ အာမခံ
 နဲ့ ဒဏ်ငွေ အနည်းငယ် ဆောင်ပြီး ပြန်လွတ်ခဲ့ပါတယ်။

ဝက်တစ်ကောင်ကို သမ္မတ အဖြစ်ရွေးကောက်တင်ဖို့ ကြိုးပမ်းစဉ် ချီကာဂိုမြို့ ရဲ့ ဥပဒေ ပြောင်းလဲသွားပါတယ်။ ယခင်ကဆိုရင် ချီကာဂိုမြို့ ထဲကို တိရစ္တာန်များ 
သယ်ဆောင်ခွင့် မပြုပါဘူး။
 တိရစ္ဆာန် သယ်ဆောင်ရင် အပြစ် ဖြစ်ပြီး အကြီးအငယ်အလိုက် အပြစ်ပေး အရေး
ယူခြင်း ပြုလုပ် ပါတယ်။ ထို့ပြင် လယ်သမားများနဲ့ ပက်သက်ပြီးချီကာဂိုရဲ့ ဥပဒေမှာ
 ပြုပြင်စေလိုတဲ့ အခြား အချက်တွေ ရှိနေပါတယ်။ ဒါကြောင့် နယ်စွန်က ဝက်
တစ်ကောင်ကို ဝယ်ပြီး မြို့ လယ်ခေါင်ခေါ် သမ္မတ ရွေးကောက်တင်သလို တင်ဆက်ပြသ
 သွားမှုကြောင့် ယင်းဥပဒေ အားလုံး ပြောင်းလဲသွားပါတယ်။

သို့ပေမယ့် ၁၉၆၈ ခုနှစ်၊ သြဂုတ်လက အမေရိကန်မှာ ဝက်တစ်ကောင်ကို သမ္မတ
အဖြစ် ရွေးကောက် တင်မြောက်ခြင်း အခမ်းအနားကတော့ ယနေ့တိုင်
 ကမ္ဘာကျော်နေဆဲ ဖြစ်ပါတယ်။

International News For Myanmar 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ