ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 November 2012

ဖမ်းဆီး စစ်ဆေးမည်ဆို၍ မင်းပြားတွင် ရခိုင်များ ထွက်ပြေး တိမ်းရှောင်နေ


ရခိုင်ပြည်နယ် မင်းပြားမြို့တွင်
ရခိုင်အမျိုးသား ၅၀ ကျော်ကို
 ဖမ်းဆီးမည်ဟု ရဲတာဝန်ရှိသူ
တစ်ဦးမှ ထုတ်ဖေါ် ပြောဆိုထား
သဖြင့် အများစု စာရင်းပါ ဒေသခံ

များမှာ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က မင်းပြားတွင် ပေါ်ပေါက်ခဲ့သော မတည်ငြိမ်မူ နှင့် ပတ်သက်ပြီး လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးမည်ဟု ရဲမှူး ဦးကျော်အောင်မှ ထုတ်ဖေါ်ပြောဆိုထားကြောင်း မင်းပြားမှ လူမူရေး လှုပ်ရှားနေသူ တစ်ဦးက ပြောသည်။

“ ဟုတ်ပါတယ်။ ရဲမှူး ဦးကျော်အောင်က မင်းပြား ဓမ္မာရုံမှာဖွဲ့စည်းထားတဲ့ မင်းပြား မြို့နယ် လူမူရေး ကူညီရေး အဖွဲ့ အဖွဲ့ဝင်တွေနဲ့ တခြားသူတွေကို ဖမ်းဆီး စစ်ဆေးမယ်ဆိုပြီး ပြောဆိုတဲ့ အတွက် အခု လူတွေက ထွက်ပြေး တိမ်းရှောင်နေကြပါတယ်” ဟု ပြောသည်။


“ အခုအချိန်ထိ ဖမ်းဆီးတာတွေတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း လူတွေက ဖမ်းဆီးခံရမှာကို စိုးရိမ်တဲ့ အတွက် ရန်ကုန်နဲ့ ဗမာပြည်ဘက်ကို ထွက်ခွာသွားတဲ့ သူတွေရှိသလို တချို့လည်း အဖမ်းခံရမှာကို စိုးရိမ်ပြီး တိမ်းရှောင်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

မင်းပြားမြို့ပေါ် ရပ်ကွက်များတွင် စစ်တပ်က လုံခြုံရေး ယူထား၍ အခြေအနေမှာ   အနည်းငယ် တည်ငြိမ်မူ  ရှိနေသော်လည်း ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် ဒေသခံ ရခိုင်များအနေဖြင့် စိုးရိမ်နေကြသည်ဟု ဆိုသည်။

မင်းပြားမြို့ပေါ်တွင် ယခုအချိန်ထိ တုတ်ဓါး လက်နက်များကို သိမ်းယူခြင်း မရှိသေးကြောင်း သိရသည်။


နိရဉ္စရာသတင်း

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ