ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 December 2012

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဖြစ်စဉ်နှင့် ပတ်သက်၍ တွေ့ ဆုံမေးမြန်း"


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမို ကရေစီနိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦး ဆာင်၍ ပြည် သူလူထုနှင့် လက်တွဲ အကောင် အထည် ဖော်ဆောင် ရွက်လျက်ရှိသည။ ထိုသို့ ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေ စီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ကဏ္ဍ များ အလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းပေးလျက်ရှိသည်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့် အညီ ''ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေ''ကို ၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် ၂-၁၂-၂ဝ၁၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ဒီမိုကရေစီ ကျင့်စဉ်အား လေးစားလိုက် နာသော နိုင်ငံ သား များဖြစ်စေရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါ ဥပဒေနှင့် နည်းဥပဒေများ အရ နိုင်ငံသားများအနေဖြင့် မိမိတို့၏လိုအင်ဆန္ဒနှင့် စပ်လျဉ်း ၍ ဆောင်ရွက်ခွင့် ရှိသည့် နည်းလမ်းများဖြင့် ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကို စနစ်တကျဆောင် ရွက်ခွင့်ပြု ထားပြီး ဖြစ်သည်။

သို့သော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပေါ် ကန့်ကွက်သူများအနေဖြင့် နိုဝင်ဘာ ၁၈ ရက်မှစ၍ ပုဒ်မ ၁၄၄ ထုတ်ြ ပန်ထားသည့် စီမံကိန်းနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်ကာ သပိတ်စခန်းများ ဖွင့်လှစ် ပြီး စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုနိုင်အောင်ပိတ်ဆို့မှုများ ဆောင်ရွက်လာခဲ့သည်။

တာဝန်ရှိသူများအနေဖြင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအပေါ် ကန့်ကွက်မှုများ စတင်ဖြစ်ပွားချိန် မှ စ၍ ဆွေးနွေးမှုများ အကြိမ် ကြိမ်ပြုလုပ်ကာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် အတတ်နိုင်ဆုံး ညှိနှိုင်ြးေ ဖရှင်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော်ဆန္ဒြပသူများအနေဖြင့် စီမံကိန်း တစ်ခု လုံး ကို လုံး ဝ ဖျက်သိမ်းပေး ရမည်ဟု တစိုက်မတ်မတ်တောင်းဆိုလာသဖြင့် ညှိနှိုင်းဖြေရှင်းရန် ခက်ခဲလာခဲ့ သည်။

ထိုကဲ့သို့ ကန့်ကွက်မှုများ ဖြစ်ပွားနေခြင်းအပေါ် ပြည်သူ့လွှတ်တော်တွင်လည်း ပြည်သူတို့က ယုံကြည် ကိုးစား သည့် ပုဂ္ဂိုလ်များ/ ပြည်တွင်းပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများ ပါဝင်သည့် လွတ်လ ပ်သော နိုင်ငံတော် အဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြော င့် ပြည်ထဲေ ရးဝန်ကြီးဌာနက ကော်မရှင်၏လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းနယ်မြေတစ်ဝိုက် ဆႏၵျပေ နေ သာ အဖွဲ့ အစည်းအားလုံး နိုဝင်ဘာ ၂၇ ရက် ည ၁၂ နာရီ နောက်ဆုံးအချိန်ထားပြီး ဖယ်ရှား ရှင်းလင်းပေး ရန်နှင့် အကယ်၍ ဖယ်ရှား ရှင်းလင်းခြင်းမပြုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများအတိုင်း အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် သတင်းပေးထုတ်ပြန်ကြေညာခဲ့သည်။
နောက်ဆုံး ထွက်ခွာပေးရန် သတ်မှတ်သည့်အချိန်မတိုင်မီ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာ မေတ္တာရပ်ခံခဲ့သည့်အပြင်သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာပေးခြင်း မရှိသဖြင့် ထပ်မံ၍အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့သည်။ သို့ရာတွင် ဆန္ဒပြသူများသည် အဆို ပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်း မရှိသဖြင့် နိုဝင်ဘာ ၂၈ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိ က ရုဏ်းနှိမ်နင်းရေး နည်းစနစ်များ အတိုင်း အဆင့်ဆင့်ရှင်းလင်းဆောင်ရွက်ခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ နယ်မြေခံ သတင်းထောက်များက ဖြစ်စဉ်အမှန်သိရှိနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ သွားရောက် ၍ စုံစမ်းမေးမြန်းမှုများ အောက်ပါ အတိုင်းပြုလုပ်ခဲ့သည်။

ပထမဦးစွာ မုံရွာမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွဋ်က ပြောကြားရာတွင် ''နိုဝင်ဘာ ၂၉ ရက် က လက်ပံတောင်းကြေးနီစီမံကိန်းတွင် ဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မုံရွာပြည်သူ့ဆေးရုံကို တက်ေ ရာက် လာ တဲ့လူနာတွေကတော့ ရဟန်း ၂၇ ပါးနဲ့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ တက်ရောက်လာကြတဲ့ လူနာေ တွ အားလုံး ကတော့ မီးလောင်ဒဏ်ရာတွေနဲ့ လူနာတွေဖြစ်ပါတယ်။ သာမန်အားဖြင့် ကြည့်လိုက် တဲ့အခါ အားလုံးဟာ မီးလောင်ဒဏ်ရာတွေဖြစ်ပြီး အချို့ကတော့ အနည်းငယ်နက်တဲ့ မီးလောင် ဒဏ်ရာေ တွ ဖြစ်ပါတယ်''ဟုပြောကြားသည်။

အလားတူ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာလှဘုန်းက ''အဲဒီနေ့မနက် ကျွန်တော်တာဝန်ကျတဲ့ အချိန် မှာ ရဟန်းသံဃာတွေ ခွဲစိတ်ဆောင်က ရောက်လာပါတယ်။ ရောက်ရှိလာတဲ့ အများစုဟာ မီးလောင် တဲ့ ဒဏ်ရာတွေချည်းပါပဲ၊ လူနာတွေကိုစစ်ဆေးရာမှာ သာမန်မီးလောင်မှု ဒဏ်ရာတွေ အဖြစ် မြင်တွေ့ ခဲ့ရပါတယ်။ မီးလောင်ခံရတဲ့အကွက်တွေမှာ ပလတ်စတစ်အစနဲ့ ချည်ထည်မဟုတ် တဲ့ နိုင်လွန် သင်္ကန်း စတွေ မီးနဲ့ထိတွေ့ပြီး သံဃာတော်တွေရဲ့ အရေပြားကိုထိကပ်ခံရလို့ မပြင်းထန်တဲ့အနာပေါက်တချို့ ရှိခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက အတွင်းလူနာတွေအဖြစ် အထူးအစီအစဉ်တစ်ရပ်အနေနဲ့ ကြပ်မတ် ကုသေ ဆာင် ရွက် လျက်ရှိပါတယ်။ အချိန်ပြည့်ကုသပေးလျက်ရှိပါတယ်''ဟု ပြောကြားသည်။

အထူးကု ဆရာဝန်ကြီး(ဥပဒေရေးရာ၊ဆေးပညာ) ဒေါက်တာ ဌေးတင်ချစ်က ''ကျွန်တော်တို့ မီးလောင် တဲ့ လူနာ တွေကို သွားရောက်ကြည့်ရှုတဲ့အချိန်မှာ အပူလောင်ဒဏ်ရာတွေ အများအားဖြင့်တွေ့ ရတယ်။ ဒီအပူ လောင် ဒဏ်ရာတွေကို သေချာသုံးသပ်လိုက်တဲ့အချိန်မှာ ပြင်လိုက် အပေါ်ယံ အပူလောင် ဒဏ် ရာတွေ ရှိသလိုပဲ ဧရိယာအလိုက်၊ အကွက်လိုက် အနည်းငယ် နက်တဲ့ မီးလောင်ဒဏ်ရာလေးတွေ ကိုလည်း တွေ့ရပါတယ်။ ပြင်လိုက် အပေါ်ယံမီးလောင်တဲ့ ဒဏ်ရာတွေကို သုံးသပ်တဲ့အခါမှာ ပုံမှန်မီးစွဲလောင်ရင်းနဲ့ ရနိုင်တဲ့ဒ ဏ်ရာ အမျိုးအစားမျိုးဖြစ်ပါတယ်။ အဲဒီအကွက်လိုက်၊ ဧရိယာအလိုက် အသေးလေးတွေမှာ အနည်းငယ် နက်တဲ့ ဒဏ်ရာအမျိုးအစားလေးလေးတွေလည်း တွေ့ရပါတယ။် ဒါတွေကလည်း ပူပြီးတော့ မီးလောင်နေ တဲ့အရာဝတ္ထု ပစ္စည်းတွေ ခန္ဓာကိုယ်နဲ့ ထိကပ်ရင်၊ ခန္ဓာကိုယ်ပေါ်ကျရင် ရနိုင်တဲ့ ဒဏ်ရာ အမျိုးအစားတွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နိုင်လွန်သားပါတဲ့ အဝတ်အစားမျိုး ဝတ်ထားတဲ့အချိန်မှာ မီးေ လာင်ရင် ဒီလိုမျိုးတွေ့နိုင်သလိုပဲ ပလတ်စတစ်အစ မီးလောင်ပြီးတော့ ခန္ဓာကိုယ်ပေါ်ကျရင်လည်း၊ ထိမိ ရင်လည်း ဒီလိုဒဏ်ရာမျိုးတွေ တွေ့နိုင် ပါတယ်။ သွားရောက် စစ်ဆေးတဲ့ အချိန်မှာလည်း ဒဏ်ရာ ကနေပြီးတော့ ထူးခြား အနံ့အသက်တွေမရသလို ဒဏ်ရာအနေအထားတွေ ကြည့်လိုက်တဲ့အချိန်မှာလည်း စားလောင်စေ တတ်တဲ့အက်စစ် စတာတွေသုံးပြီးတော့ ရတဲ့ မီးလောင်ဒဏ်ရာမျိုး မဟုတ်ပါဘူး'' ဟု ပြော ကား ခဲ့သည်။

ဆက်လက် ၍ ဆေးရုံအုပ်ကြီးက ''ယခုအခါ သံဃာတော်ကိုးပါးမှာ ဒဏ်ရာသက်သာခဲ့ပြီဖြစ်၍ ဆေးရုံမှဆင်း သွားပြီဖြစ် ပါတယ်။ သံဃာတော် ၁၈ ပါးနဲ့ အမျိုးသားတစ်ဦးသာ ဆက်လက်ကုသမှု ခံယူလျက်ရှိပါတယ်။ အမြန် ဆုံး သက်သာပျောက်ကင်းဖို့အတွက် တာဝန်ရှိသူတွေက ကူညီထောက်ပံ့ပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်း တွေက ဆေးဝါးလုံလောက်စွာနဲ့ အချိန်ပြည့် အထူးကုသပေးနေခြင်းတို့ကြောင့် စိုးရိမ်စရာ မရျိဘဲ ပျောက် ကင်း သွားမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သူရသွင်ကိုကိုကလည်း ''နိုဝင်ဘာ ၁၈ ရက်ကစပြီး ဆန္ဒပြ သူတွေနဲ့ သံဃာတော်တွေဟာ ပုဒ်မ(၁၄၄)ထုတ်ပြန်ထားတဲ့ စီမံကိန်းနယ်မြေရှိ တားမြစ်ဧရိယာအတွင်းကို ဝင်ရောက်ေ နရာယူလာပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအနေနဲ့ အသံချဲ့စက်တွေ အသုံးပြုပြီး လူစုခွဲဖို့၊ မိမိနေရပ် အသီးသီးကို ပြန်လည်ထွက်ခွာဖို့ မေတ္တာရပ်ခံတောင်းပန်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန် ခဲ့တဲ့ကြေညာချက်ကိုလည်း မကြာခဏအသိပေး ကြေညာခဲ့ပါတယ်။ ဒါပေမယ့် လည်း မေတ္တာ ရပ်ခံ တောင်းပန်တဲ့ ကြားက နိုဝင်ဘာ ၂၈ ရက်အထိ ဥပဒေနဲ့ဆန့်ကျင်ပြီး ဆန္ဒပြမှုကို ဆက်လက်ေ ဆာင်ရွက်လာခဲ့ပါတယ်။ သတ်မှတ် အချိန်အထိ ကျော်လွန်ခဲ့တဲ့အတွက် ပိုမိုဆိုးရွား လာမယ့် အခြေအနေကို တားဆီးတဲ့အနေနဲ့ မလွှဲသာ မရှောင်သာ တော့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျင့်ထုံး ဥပဒေ ၁၂၈ အရ နိုဝင်ဘာ ၂၉ ရက် နံနက် ၃ နာရီမှာ နိုင်ငံတကာက အသုံးပြုလျက်ရှိတဲ့အဓိကရုဏ်းနှိမ် နင်းေ ရး နည်းစနစ်တွေအတိုင်း မီးသတ်ရေပိုက်တွေနဲ့ လူစုခွဲပြီး မျက်ရည်ယို ဗုံးတွေနဲ့ မီးခိုးဗုံးေ တွကို အဆင့်ဆင့် အသုံးပြုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်အင်အားကိုလည်း အသင့်အတင့်နဲ့သာ ဆောင် ရွက်ခဲ့ပါတယ်။ လူအုပ်စု ခွဲလိုက်တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိသူတွေကို မုံရွာပြည်သူ့ဆေးရုံကြီးမှာဆေးဝါးများ ကုသပေး လျက် ရှိပါတယ်''ဟုပြောပြခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္က ဋ္ဌ ပြည် သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းေ ရး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စု ကြည် က မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်၊ ကန့်ကုန်းကျေးရွာ၌ နိုဝင်ဘာ ၂၉ ရက် က ပြောကြား ရာ တွင် ''အခု ဒီဒေသ မှာ ဖြစ်နေတဲ့ အခက်အခဲတွေကို ကျွန်မတို့နိုင်ငံ သိက္ခာရှိမယ့် ပုံစံနဲ့ ဖြေရှင်း ချင်ပါ တယ်။ အဲဒီလို လုပ်တဲ့ အခါ ပြည် သူတွေက ဝိုင်းဝန်းပြီးတော့ကူညီကြပါ။ ကြေးနီစီမံကိန်းနဲ့ ပတ်သက် ပြီး ဖြစ်နေ တဲ့ ပြဿနာ ကို အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်''ဟု ပြောကြားခဲ့သည်။

အလားတူ ယနေ့မွန်းလွဲပိုင်းက ဝင်းယူနတီဟိုတယ်၌ သတင်းဒီမီယာ များနှင့်တွေ့ဆုံရာ တွင်လည်း ''အိမ် နီး ချင်းနိုင်ငံ များနှင့် ဆက်ဆံရေးနဲ့ပတ်သက်၍ ကျွန်မကတော့ အဆင်ပြေစေ ချင်ပါတယ်။ ပြဿနာဖြစ် လာလို့ ရှိရင် ဒီပြဿနာတွေကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းဖို့လိုပါတယ်။ ကျွန်မတို့အားလုံး ကြိုးစားသွား ပါမယ်။ လွှတ်တော်က နေပြီးတော့ ကော်မရှင်တစ်ခုကို အမြန်ဆုံးဖွဲ့ဖို့အတည်ပြုပြီးပါပြီ။ ဖွဲ့စည်းပြီးတော့ ဒီဒေသ အတွက် အကောင်း ဆုံးဖြစ်အောင်လုပ်သွားရပါမယ်။ အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ အဆင်ပြေဖို့၊ မိတ်ဆွေကောင်းေ တွလို ရပ်တည်ဖို့ ကျွန်မတို့ လိုလားတယ်။ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ဆိုရင် မတူ ညီတဲ့ သဘောတရားတွေကိုညှိနှိုင်းပြီးတော့ သဘောတူညီမှုတစ်ခု ရအောင် ကျွန်မတို့ ကြိုးစား ရမှာဖြစ်ပါတယ်''ဟု ထည့်သွင်းပြောကြားခဲ့သည်။

မုံရွာမြို့တွင် ရောက်ရှိနေသော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော် မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် မုံရွာမြို့ရှိ ဝင်းယူနတီဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ြ ပည်သူ့ သမ္မတ နိုင်ငံသံရုံးကလည်း ''မြန်မာနိုင်ငံ၏ ဥပဒေများကို လေးစားမှုအခြေခံ၍ ဤစီမံကိန်း အဆင်ပြေ စွာ အကောင်အထည် ဖော်နိုင်ရန် အကျိုးရှိသော အခြေအနေ တည်ဆောက်ပေး ပါရန် မေတ္တာ ရပ်ခံအပ်ပါကြောင်း''ဖြင့် ၄င်း၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းသိရှိရသည်။

(သတင်းစဉ်)
ဒီဇင်ဘာ-၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

____________________________________
Reference and Credit to -Popular Myanmar News Journal

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ