ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 December 2012

ရိုဟင်ဂျာ မူစလင် အသုံး အနှုန်းနှင့် ၄င်းတို့အပေါ် အကြမ်းဖက် ဖိနှိပ်နေသည်မှာ လက်ခံ နိုင်စရာ မရှိကြောင်း ကုလ ဆုံးဖြတ်


ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် ရခိုင်ပြည်နယ် အရေး ကိစ္စနှင့် ပတ်သက် သော ဆုံးဖြတ်ချက် ချရာတွင် ရိုဟင်ဂျာ မူစလင် အသုံး အနှုန်းနှင့် ၄င်းတို့အပေါ် အကြမ်းဖက် ဖိနှိပ်နေသည်မှာ လက်ခံ နိုင်စရာ မရှိကြောင်း ဆုံးဖြတ် ခဲ့သည်ကို ရခိုင် တိုင်း ရင်းသားများ တိုးတက်ရေး ပါတီ (RNDP) က အပြင်းအထန် ကန့်ကွက် ကြောင်း ထုတ်ပြန်ချက် တစ်စောင်ကို ယနေ့ ထုတ်ပြန် လိုက်သည်။

ယင်း ဆုံးဖြတ်ချက် များကို နိုဝင်ဘာလ ၂၆ ရက်နေ့က (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ ကော်မတီ (၄၃) ကြိမ်မြောက် အစည်းအဝေး တွင် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ ယင်းဆုံးဖြတ်ချက် များကို အပြင်းအထန် ကန့်ကွက် ခဲ့သော မြန်မာ ကိုယ်စားလှယ် များကို ကျေးဇူး တင်ရှိပြီး လေးလေး နက်နက် ထောက်ခံကြောင်း RNDP ၏ ယင်း ထုတ်ပြန်ချက် တွင် ဖော်ပြ ပါရှိသည်။

ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူ အပါအဝင် နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် မီဒီယာ မျိုးစုံက “ရိုဟင်ဂျာ” အသုံးကို သုံးစွဲ နေခြင်း သည် မြန်မာ နိုင်ငံ၏ တည်ငြိမ်း အေးချမ်းရေး၊ သဟဇာတ ဖြစ်ရေး စသည့် ရည် မှန်း ချက် များ၏ ဆန့်ကျင်ဖက် ဖြစ်သော ဆူပူ မငြိမ်သက်မှု များကို လှုံဆော် ပေးနေကြ ခင်း ဖြစ်ကြောင်း သုံးသပ် ထားသည်။

ရိုဟင်ဂျာ ဟုသော အခေါ်အဝေါ်နှင့် ရိုဟင်ဂျာ တိုင်းရင်းသား ဆိုသည့် အသုံးအနှုန်းကို ပြည်ထောင်စု အစိုး ရ က လက်ခံမည် မဟုတ်ကြောင်း နယ်စပ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး က နိုဝင်ဘာလ ၂၁ရက် နေ့က သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

0ppositeye

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ