ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 December 2012

UWSP ဒုဥက္ကဌ လေဖြတ် - တပ်တွင်းရာထူးအပြောင်းအလဲရှိ



ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဒုဥက္ကဌကျောက်ဝင်ကွမ်း
လေဖြတ်ရောဂါခံစားနေရကြောင်း ၀ တပ်ဖွဲ့အရာရှိများ သတင်းရပ်ကွက်ကဆိုပါသည်။

“ကျောက်ဝင်ကွမ်းဟာဝတပ်ဖွဲ့ထဲမှာသက်တမ်းရင့်တဲ့သူအတွေ့အကြုံများတဲ့သူတယောက်လို့ ပြောလဲရတယ်။ သူဟာ ကွန်မြူနစ်ခေတ်ကတည်းက ၀တပ်ဖွဲ့ထဲမှာတာဝန်ထမ်းဆောင်လာခဲ့တဲ့သူဘဲ”ဟုပန်ဆန်းအရာတဦး က သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

ဝ ပြည်သွေးစည်းစည်းညီညွတ်ရေးတပ်မတော်၏ ဒု ဥက္ကဌ
ကျောက်ဝင်ကွမ်းသည် ခွန်ဆာ၏ မုံးတိုင်း တပ်မတော် နှင့် လွယ်လန်းတိုက်ပွဲ (၁၉၈၉ မှ ၁၉၉၆ အထိ) တွင်လည်း ပါဝင်ခဲ့သူတဦးဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ တွင် ဉက္ကဌကြီးပေါက်ယူချမ်း၊ ဒုဥက္ကဌ ၁ ရှောက်မင်လျှံ၊ ဒုဥက္ကဌ ၂ ကျောက်ဝင်ကွမ်းတို့ဖြစ်သည်။ ဒုတိယ
စစ်သေနာပတိချုပ်မှာ ကျောက်ကျုံးတန်းနှင့်တာ့အိုက်လွန်းတို့ဖြစ်သည်။

ဥက္ကဌကြီး ပေါက်ယူချမ်း၏ လက်ရှိ ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီတွင် တပ်မဟာ ၉ ခု ရှိကြောင်း၊ တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက်ပိုင်း ဝ နယ် ၄ ခု၊ တပ်မဟာတခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိကြောင်း၊ ထို့အပြင်
ပြည်သူ့စစ် တပ်မဟာလည်းရှိသေးကြောင်းပန်ဆန်း ဌာနချုပ် ၀ အရှိကြီးတဦးကပြောပါသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ မြောက်ပိုင်း ဝ နယ်တွင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့် တိုးချဲ့တပ်မဟာသစ် ၆၁၈ အပြင် တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ်ကြသည်။

တဖက်တွင်လည်း ယခုနှစ် ဩဂတ်စ်လက UWSA တပ်မတော်၏ အကြီးဆုံးတပ်မဟာတခုဖြစ်သော မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ ၏ တပ်မှူး အိုက်ဆု ခေါ် လီအိုက်ဆု အား မိုင်းပေါက် အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးပြောင်းပြီးနောက် ၎င်းနေရာ အား ပေါက်ယူချမ်း၏တူတော်စပ် သည့် တာ့ပန်းအား အစားထိုးခန့်အပ်ရာ နိုဝင်ဘာလ ၂၅ ရက်နေ့ကစ၍ တာဝန်များ စတင်ထမ်းဆောင် နေပြီဖြစ် ကြောင်း ၀တပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်း
အဝိုင်းကပြောပါသည်။

တာ့ပန်းသည် ၂၀၀၅ က ဘိန်းဖြူ ၄၉၆ ကီလိုဂရမ် ဖမ်းဆီးမှုတွင် ပတ်သက်၍
ရခိုင်ပြည်နယ်တွင် ထောင်ကျနေရာ ယခုနှစ်ဆန်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
လွတ်လာသူဖြစ်ပါသည်။



From : သျှမ်းသံတော်ဆင့်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ