ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 December 2012

လက်ပံတောင်းတောင်ကာကွယ်ရေးဆန္ဒပြပွဲအပေါ် သဘောထားထုတ်ပြန်ချက်"


၁။ မြန်မာ-၀မ်ပေါင်ကုမ္မဏီမှမုံ
ရွာမြို့နယ်ဒေသခံတောင်သူလယ်
သမားများနှင့်ပွင့်လင်းစွာကြိုတင်
ညှိနှိုင်း ခြင်းမရှိပဲအစိုးရမှအတင်း
အဓမ္မအာဏာသုံး


၍ကြေးနီတူဖေါ်ရေးလုပ်ငန်းစီမံချက်ကို မိမိတို့ IFBNC အနေ ဖြင့်ဆန္ဒပြဒေသခံတောင်သူလယ်သမား၊ရဟန်းသံဃာများနှင့်
တသားတည်းရပ်တည်၍ ကြေးနီတူဖေါ်ရေး လုပ်ငန်းကိုပြင်းထန်
စွာကန့်ကွက်သည်။

၂။ထို့အတူ မိမိတို့ IFBNC အနေဖြင့်ပြည်သူလူထုအားကြိုတင်ကြိုတင်
အသိပေးခြင်း၊ညှိနှိုင်းတိုင်ပင်ခြင်း မရှိပဲ စစ်အစိုးရမှတရုတ်အစိုးရနှင့်တိတ်
တဆိတ်စာချုပ်ချုပ်ပြီးလုပ်ကိုင်နေဆဲ၊ လုပ်ရန်ရှိသော စီးပွားရေး လုပ်ငန်းစီမံချက်အားလုံး(၁၂၄ခု)ကိုလည်းပြင်းထန်စွာကန့်ကွက်သည်။

၃။လေ့လာသိရှိရသည့် သတင်းအချက်အလက်များအရ လက်
ပံတောင်းတောင်ကြေးနီတူးဖေါ်ရေးလုပ် ငန်း စီမံချက်သည်
ရင်းနှီးမြှုပ်နှံသူတရုတ်ကုမ္မဏီ၊ ဦးပိုင်လီမီတက်နှင့် အရပ်သား
အရေခြုံစစ်အစိုးရနှင့် ၎င်းတို့ နှင့်စီးပွားရေးလုပ်ဖက် ခရိုနီသူဌေးကြီးများ
အတွက်အသာအကျိုးအမြတ်ရရှိမှာဖြစ်ပြီး၊

 ဒေသခံ တောင်သူ လယ်သမားအတွက်ထိုစီမံချက်မှမည်သည့်
အကျိုးရလာဒ်မျှမရရှိနိုင်သည့်အပြင်၊ လယ်မြေ၊ခြံ မြေဆုံးရှုံးမှုများနှင့်
စီမံချက်မှ စွန့်ပစ်ဓာတုပစ္စည်းများ၏အန္တရယ်နှင့်သဘာဝပတ်ဝန်း
ကျင်ပျက်သုံးခြင်း ဆိုးကျိုးများကိုသာရရှိလိမ့်မည်ဟုယုံကြည်သည်။

၎။ထို့ကြောင့်ဗိုလ်သိန်းစိန်အစိုးရအနေဖြင့် လက်ပံတောင်းတောင်ကြေး
နီစီမံကိန်းလုပ်ငန်းများကို ချက်ချင်း ရပ်ဆိုင်းပြီးရုတ်သိမ်းပေးရန် ဆန္ဒပြ
လယ်သမားများ၊ ရဟန်းသံဃာများနှင့် အတူလေးနက်စွာတောင်း
ဆို သည်။

၅။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းခွင်တွင် ကျေးဇူးရှင်
လယ်တီဆရာတော်ဘုရားကြီး၏သာ သနာ့အဆောက်အဦးကိုပင်ဖျက်
ဆီးပစ်မည်ကိုသိရှိရ၍စီးပွားရေးလောဘဇောတိုက်မှုကြောင့် သမိုင်းဝင်ဗုဒ္ဓ
ဘာသာ၊ သာသနာအမွေအနှစ်ပျက်စည်းရမည့်အရေးကိုလည်းမိမိတို့
IFBNC မှမလိုလားသဖြင့်ဤ ကြေးနီ တူးဖေါ်ရေးစီမံချက်ကိုပြင်း
ထန်စွာကန့်ကွက်သည်။

၆။လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက်ရန်ကုန်တွင်
ဆန္ဒပြစဉ်ဖမ်းဆီးထားသောပြည်သူ့အကျိုးဆောင်သူရဲကောင်း(၄)ဦး

(၁) နော်အုံးလှ(၂)ကိုရဲလင်း(၃)ကိုဝေဠု(၄)ကိုမျိုးချစ်(၅)ကိုညီညီတို့ (၅)ဦးကိုချက်ချင်းပြန်လွှတ်ပေးရန်၊နှင့်အပြစ်မရှိပဲတရားစွဲဆိုခြင်းခံရသည့်
 ပြည်သူ့အကျိုးဆောင် သူရဲ ကောင်းများဖြစ်သော ကိုဟန်ဝင်းအောင်၊
ကိုအောင်နိုင်သူ၊ ကိုသီဟ၀င်းတင် တို့အားတရားစွဲဆိုခြင်း ရုတ် သိမ်း ပေး ရန်လေးနက်စွာတောင်းဆိုလိုက်သည်။

၇။ ယခုအချိန်တွင် မိမိတို့ IFBNC အနေဖြင့်ဆန္ဒပြသူများနှင့်အစိုးရလုံထိန်း
ရဲများအကြားတင်းမာမှု  များဖြစ်ပေါ်နေ ပြီးဆန္ဒပြအဖွဲ့ကို အစိုးရမှအကြမ်းဖက်နှိမ်းနင်းမည့်အလားအလာများလည်းရှိနေသည်ဟု
သိရှိရပေသည်။

 အကယ်၍ အစိုးရမှလယ်သမားများနှင့်ရဟန်းသံဃာများ၏တောင်းဆို
ချက်ကိုလိုက်လျောခြင်းမရှိပဲ အကြမ်းဖက်ဖြိုခွဲမည်ဆိုပါက အဆိုပါ
အကျိုးဆက်ကို စစ်အာဏာရှင်များ၏လက်ပါးစေဗိုလ်သိန်းစိန်အစိုးရမှ
လုံးဝ တာဝန်ယူရလိမ့်မည်ဖြစ်ကြောင်း အထူးသတိပေးအပ်ပေသည်။


အလုပ်အမှူဆောင်အဖွဲ့
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း
International Foundation for Burma National Congress (IFBNC)


ဓည၀တီမောင်မောင်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ