ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 December 2012

တရားစခန်း နိဗ္ဗာန်လမ်းနှင့် သပိတ်စခန်း ငရဲလမ်း



ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ခေတ်မီ ဖွံ့ ဖြိုးတိုး တက် ရေးအတွက် အကြီးမားဆုံးသော အဖျက်အင်အားစုနှစ်ရပ်ကို ပြပါဆိုလျင် သာသနာကို ခုတုးံလုပ် စားနေသော ဘုန်းကြီးအမည်ခံ သင်္ကန်းဝတ်တစ်ချို့ နှင့် မီဒီယာလွတ်လပ်ခွင့်ကို တစ်လွဲ အသုံးချ နေ သော စာ-နယ်-ဇင်း လောကထဲက တောကြောင်များနှင့် အစိုးရဘာပဲလုပ်လုပ် အမြဲတမ်း ဆန့်  ကျင် နေသော အပေါင်းပါ နိုင်ငံရေးသမားဆိုသူများပင် ဖြစ်ပါသည်။  


ရဟန်းကောင်း၊ ရဟန်းမြတ် ဘုရားသားတော်များပီသစေရန် ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်  သာသနာ့ တာဝန် (၂)ရပ်ကို ချမှတ်-အတည်ပြု-ဟောကြားတော်မူခဲ့ပါသည်။ ထိုတာဝန်နှစ်ရပ်မှာ ၁။ စာပေ သင် ကြား-ပို့ ချ-ပေးခြင်း (ဂန္ထဓုရ) နှင့် ၂။ ဆင်းရဲငြိမ်းအေး ချမ်းသာရေးအတွက် ၀ိပဿနာတရားများကို ကျင့်-ကြံ ပွား-များ-အားထုတ်ခြင်း(၀ိပဿနာ ဓုရ) ဖြစ်ပါသည်။


နိုင်ဝင်ဘာလ (၂၉)ရက်နေ့ က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ဆက်စပ်ပြီး ဖြစ်-ပျက် ခဲ့ သော သပိတ်စခန်း (၆)ခုကို တာဝန်ရှိသူများက အပျော့ပျောင်း၊ အညင်သာဆုံးဖြစ်အောင် ထိန်း သိမ်း ဆောင်ရွက်ခဲ့သည့်အကြောင်ကို  သတင်းမီဒီယာမှတစ်ဆင့် ကြားသိ-တွေ့ မြင်လိုက်ရပါ၏။ အပျော့ ပျောင်း အညင်သာဆုံးဟု သုံးနှုန်း ရေးသားရခြင်းမှာ ၁။ ဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်ခြင်း၊ ၂။ ဆန္ဒပြနေ သည်ဆိုသူများက အမိန့်  အာဏာကို ဖီဆန်နေသည့်တိုင် တာဝန်ရှိသူများက စိတ်ရှည် သည်းခံပြီး အချိန်ပို ပေးခဲ့ခြင်း၊ ၃။ အမေရိကန်နိုင်ငံအပါအ၀င် တစ်ခြားဒီမိုကရေစီ နိုင်ငံများမှာကဲ့သို့ ၊ ရာဘာ ကျည်ဆံများဖြင့် ပစ်ခတ်ခြင်း၊ မျက်လုံးများထဲသို့  ငရုတ်ရည်ဖြင့် ရက်ရက်စက်စက် မျက်စဉ်း ခပ်ခြင်း စသည်များကို အဓိကရုဏ်း နှိမ်နင်းရေး မြန်မာရဲတပ်ဖွဲ့ များက လုံးဝမလုပ်ခဲ့ကြပါ။ ထို့ ကြောင့် အခြေ အနေကို အပျော့ပျောင်း အညင်သာဆုံးနည်းဖြင့် ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည် ရေးသား သုံး နှုန်းရခြင်းဖြစ်ပါသည်။ 


တောကြောင် မီဒီယာနှင့် ကြံရာပါသူ တစ်ချို့ ကတော့ "အကြမ်းဖက်" " မီးလောင်ဗုံး" "ဓာတု လက် နက်" စသည့် အထောက်အထားမဲ့  စကားလုံးများဖြင့် "မီးလောင်ရာလေပင်"့  "တစ်ပူပေါ် နှစ်ပူဆင့်" "သူခိုးတစ်မှောင့် မိုး တစ်မှောင့်" "တစ်တီတူးက တော်တော် မယ်ပေါ်က ခပ်ကဲကဲ" လုပ်ပြခဲ့ကြသည်။ တောမီး မလောင် ပါပဲ တောကြောင်များ လက်ခမောင်းခပ်ရန် ကြိုးစားမှုတစ်ရပ်ဟုပင် ဆိုရပါမည်။


သမ္မတကြီး၏ အကြံပေး ၀န်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ များက အကျိုးအကြောင်း ရှင်းပြသည်ကိုပင် နားမထောင်၊ နားမလည်၊ ဥပဒေကို မလေးစား မလိုက်နာသည့် ထိုကဲ့သို့ သော နိုင်ငံသားများသည် တိုင်းပြည်၏အ န္တရာယ်များပင် ဖြစ်ပါသည်။


အမှန်အားဖြင့် ဆန္ဒပြပွဲ၏ ခေါင်းဆောင်ဆိုသော သင်္ကန်းဝတ်တစ်ချို့ သည် တိုင်ပြည်ကို မချစ်တတ် သလို၊ ဒီမိုကရေစီ၏ သဘောတရားကိုလည်း နားမလည်သူများပင် ဖြစ်ကြပါလိမ့်မည်။ တိုင်းပြည်၏ အကျိုးစီးပွားကို မစဉ်းစားတတ်၊ နိုင်ငံတကာ အမြင်လည်း မရှိသလောက်ပင်ဖြစ်မည်ထင်ပါသည်။ အဆိုးဆုံးမှာ ရဟန်းကောင်း ရဟန်းမြတ်တို့ ၏ မူလတာဝန်များဖြစ်သော နိဗ္ဗာန်လမ်းပြ ပရိယတ်နှင့် ပဋိပတ် အလုပ်တရား စခန်းများကို ကျောခိုင်းပစ်ခွာပြီး သပိတ်စခန်း ငရဲလမ်းသို့ လျှောက်လှမ်းရင်း မရောင်ရာ ဆီလူးနေကြခြင်းပင်ဖြစ်ပါသည်။


"မွေပူရာ ကင်းမှောင့်" ဆိုသကဲ့သို့  မိဒီယာ တောကြောင်များနှင့် နိုင်ငံရေး စားဖားများကလည်း ရိုးအီ နေပြီဖြစ်သော ဖဲတစ်ချပ်ကိုသာ ကစားနေကြပြန်ပါသည်။ ထိုဖဲချပ်မှာ တစ်ခြားမဟုတ်၊ ဘုန်းကြီးဆိုသူ များကို မြှောက်ပင့်ပေးမည်၊ ရှေ့ တန်းတင်အသုံးချမည်၊ အဓိကရုဏ်းနှိမ်နင်းရေး ၀င်လာသည့်အခါ မီဒီ ယာမှ တစ်ဆင့် အစိုးရကို အော်မည်-ဖော်မည်-ဆော်မည်။ ထိုဖဲချပ်သည် အကြံကုန်လို့  ဂဠုန် ဆား ချက်သည့် အပေါစား နိုင်ငံရေးသမားများ၏ လုပ်ရပ်ထက်မပိုပါ။ အဆင့်အတန်းမရှိပါ။


အချုပ်အားဖြင့်ဆိုရလျင် တစ်ချို့ သော ဘုန်းကြီးဆိုသူများနှင့် မီဒီယာ တောကြောင်၊ နိုင်ငံရေး စားဖား များသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ် အေးချမ်းရေးနှင့် ခေတ်မီဖွ့ံဖြိုး တိုး တက်ရေးအတွက် အကြီးမားဆုံးသော အဖျက်အင်အားစုကြီး နှစ်ရပ်ဖြစ်ပါသည်။ ထိုအဖျက် အင်အား စုများသည် တရားစခန်းမှ နိဗ္ဗာန်လမ်းသို့  မသွားနိုင်ကြတော့ဘဲ၊ သပိတ်စခန်းမှတစ်ဆင့် ငရဲလမ်းသို့  လျှောက်လှမ်းနေသူများသာ ဖြစ်ပါတော့သည်။




From : ပါရမီရှင်








No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ