ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 December 2012

ဒေါ်အောင်ဆန်းစုကြည်သို့ ပေးစာ




 
သို့

ဒေါ်အောင်ဆန်းစုကြည်
(၂၂.၁၁.၂၀၁၂)


ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာ ၂၁ ရက်နေ့ RFA နှင့်တွေ့ဆုံခန်းတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ ကူးပြောင်းနေသော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြောင်းသ၍ ဒီမိုကရေစီ မရောက်နိုင်ဆိုသည့်အပြောကို ကျွန်တော့်အနေဖြင့် အပြည့်အဝ ထောက်ခံပါသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံး ဘုံအတွေးအခေါ်၊ ဘုံယူဆချက်ရမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြောင်းသင့်သည်ဟု ထင်ပါသည်။ ယခု ပြောကြားချက်မှာ လွန်စွာစောလွန်းသည်ဟု ထင်ပါသည်။



ကျွန်တော့်အမြင်မှာ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း၌ ပြည်တွင်း ပဋိပက္ခသည် ယခုထက်ပိုမိုဆိုးရွားလာနိုင်သည်ဟု ထင်ပါသည်။

ဆိုးလာနိုင်မည့်နေရာမှာ "ဝ" နယ်မြေနှင့် အခြားလက်နက်ကိုင်တိုင်းရင်းသားအချို့နယ်မြေများတွင် ဖြစ်ပေါ်နိုင်ပါသည်။

ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ်များသည် ဘာသာကြီး (၄)ခု အတွေးအမြင်များကဲ့သို့ပင် သူ့အမြင်နှင့်သူ အထိုက်အလျှောက် မှန်ကန်မည်ဟု ထင်ပါသည်။လက်ရှိကျင့်သုံးနေသည့် ဒီမိုကရေစီစနစ်သည် အကောင်းဆုံးဟု ကျွန်တော်မထင်ပါ။ ယာဉ်များကဲ့သို့၊ ဆေးဝါးများကဲ့သို့ ၎င်းထက် ပိုမိုကောင်းမွန်သည့်စနစ် ပေါ်မလာခင်အထိသာ အကောင်းဆုံးစနစ်ဟု ထင်ပါသည်။ ဘာသာ (၄)ခုတွင် ဗုဒ္ဓဘာသာသည် ကိုးကွယ်ရန်၊ လေ့လာရန် အကောင်းဆုံးဟု ဘာသာရေးဆရာ အများစုက ယူဆသော်လည်း ကမ္ဘာတွင် ဒုတိယပေါ်ထွန်းလာပြီး ဘာကြောင့် ကမ္ဘာမှာ ကိုးကွယ်မှုအနည်းဆုံး ဖြစ်ရတာလည်း ဆိုတာ စမ်းစစ်သင့်သည်ဟု ထင်ပါသည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဘုန်းကြီး သိန်းချီကာ သာသနာလုပ်ငန်း ဆောင်ရွက်နေသော်လည်း နှစ်စဉ် ဗုဒ္ဓဘာသာဝင်များ အခြားဘာသာသို့ (၁၅)ဦး၊ (၂၀)ဦးကြား ကုးပြောင်းလျက် ရှိနေပါသည်။ နှစ်ပေါင်း ထောင်ချီကိုးကွယ်ခဲ့ပြီး မိရိုးဖလာဘာသာဖြစ်ကာ ဘုန်းကြီးကျောင်းများစွာ ဘုရားပေါင်းများစွာ ရှိပြီး၊ သိမ်မွေ့လွန်းပြီး၊ ဒီမိုကရေစီအကျဆုံးဘာသာဖြစ်သည့် ဗုဒ္ဓဘာသာဝင်များ ဘာကြောင့် အခြားဘာသာကူးပြောင်းရတာလဲ ဆိုတာ လွန်စွာထူးဆန်းနေပါတယ်။ ဗုဒ္ဓဘာသာသို့ အခြားဘာသာမှ ကူးပြောင်းလာသူကား (၁၀)နှစ်တွင် (၁)ယောက်မရှိသလောက် ဖြစ်နေရမှုကိုလည်း ဆန်းစစ်ရင် ဒီမိုကရေစီ အောင်မြင်၊ မအောင်မြင်ဆိုတာလည်း မြင်လာနိုင်ပါသည်။

မြန်မာနိုင်ငံသည် စစ်မှန်သည့် ဒီမိုကရေစီစနစ် ကျင့်သုံးမှ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်လာမည်မှာ မုချ ဖြစ်သော်လည်း မတည်ငြိမ်မှီမှာ တည်ဆောက်ရင် မြန်မာ့မြေပုံ၏ ခြေ၊ လက်၊ ခေါင်းတွေ တစ်စစီ ပျက်သွားနိုင်တယ် ဆိုတာကိုလည်း သတိပြုစေလိုပါသည်။ လတ်တလော ဖြစ်နေသည့် ရခိုင် - ကုလား အဓိကရုဏ်း နောက်ကွယ်ကို ဒေါ်စုထိုးဖောက်မြင်နိုင်အောင် ကြည့်ပါက မြန်မာနိုင်ငံဖြစ်လာမည့် အခြေအနေအချို့ကို သိလာနိုင်ပါသည်။ ဒေါ်စု လိုလားပါက ရခိုင်ပြည်နယ်အရေး သုံးသပ်ချက်များ ပေးပို့ပေးပါမည်။

ဒေါ်စု အိန္ဒိယကိုသွားတော့ မစ္စဆိုနီယာဂန္ဓီ နှင့် တွေ့ခဲ့သည်ဟု သိရပါသည်။ မစ္စဆိုနီယာဂန္ဓီ နှင့်တွေ့ဆုံစဉ် ဒေါ်စုဘယ်လိုခံစားရပါသလဲ။ ဒေါ်စုရဲ့အခြေအနေကို မစ္စဆိုနီယာဂန္ဓီ နှင့် နှိုင်းယှဉ်ဆန်းစစ်သင့်သည်ဟု ထင်ပါသည်။ ဘယ်သူ ဦးနှောက်ပိုကောင်းပြီး နိုင်ငံအတွက် အမှန်စဉ်းစားလည်းဆိုတာ သုံးသပ်ပေးပါ။

မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံ၊ အနောက်နိုင်ငံများနှင့် ခိုင်မြဲစွာ ပူးပေါင်းနိုင်မှသာ တရုတ်လက်အောက်က လွတ်မြောက်မည်ကို နိုင်ငံသားတိုင်း သိမြင်နေပါသည်။ ထိုသို့ ကူးပြောင်းရာတွင် အဝင်မှန်၊ အပေါင်းမှန်၊ အရမှန်ရန် လွန်စွာအရေးကြီးတယ်လို့ ထင်ပါသည်။ ပူးပေါင်းမှ မှားယွင်းက တရုတ်နိုင်ငံနှင့် ထိပ်တိုက်တိုးနိုင်မည်ကို သိရှိပြီး ဖြစ်သည့်အတိုင်း ထိုသို့မဖြစ်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။

သစ်ပင်တစ်ပင်စိုက်လို့ တစ်နှစ်ထဲမှာ အသီးသီးချင်ရင် အစေ့စိုက်၍မရပါ။ အစေ့ချစိုက်က မျိုးအလိုက် (၃)နှစ်မှ (၅)နှစ်အကြာမှ သီးပါသည်။ ကိုင်းကူးစိုက်က ကူးကတည်းက သီးပါသည်။ သို့သော် ထိုအသီးကို ယူ၍ မရပါ။ ချွေပစ်ရပါမည်။ သစ်ပင်အမျိုးအစားလိုက်၍ (၁)နှစ်မှ (၃)နှစ်အကြာထားရပါသည်။ ထိုကာလအတွင်း ပွင့်သမျှအပွင့်အားလုံး ချွေရပါသည်။ ကိုင်းကူးစိုက်အပင်သည် အသီးမြန်သလို ရောဂါပိုးကျမှု သက်တမ်းတိုမှုလည်း ကြုံရပါသည်။ အစေ့စိုက်က ရာသီဥတု ဒဏ်ခံနိုင်ပြီး သက်တမ်းရှည်ပါသည်။ လူသားသန္ဓေတည်ရာတွင်လည်း ကိုးလလွယ် ဆယ်လမွေး သီအိုရီကို အပြည့်အဝလိုက်နာရပါသည်။ မိမိဆန္ဒရှိတိုင်း (၁)လ၊ (၃)လ၊ (၆)လ၊ (၈)လ မွေးမရပါ။ (၇)လ စောမွေးကလေးအား လွန်စွာဂရုစိုက်ပြုစုရပါသည်။ အသက်ရှင်ရန် ရာခိုင်နှုန်း နည်းပါးပါသည်။ ပုံမှန်မွေးရမည့်အချိန် (၉)လ၊ (၁၀)လ မွေးက ရှင်သန်မှု ရာခိုင်နှုန်း များပါသည်။ အလားတူကဲ့သို့ပင် မြန်မာ့ဒီမိုကရေစီကို ကလေးပျက်ကျသလို မတွေးမိ၊ မလုပ်မိဖို့ လိုပါသည်။ ငါတို့ရဲ့ ဒီမိုကရေစီက ယခု အရေကြည်လား၊ မျက်စိပါပြီလား၊ လက်ပါပြီလား၊ ခေါင်းပါပြီလား၊ ခြေပါပြီလားဆိုတာ ကြည့်ပေးစေလိုပါသည်။ ဘယ်အရာမဆို သူ့အချိန်နှင့်သူ ရှိသည်ဟုထင်ပါသည်။ ငှက်ပျောသီးတွေ ဆေးစိမ်တော့ မှည့်တော့ မှည့်ပါရဲ့ စားမကောင်းပါ။ မှည့်ချိန်မှ မှည့်သည့်အသီးကို ယှဉ်နိုင်ရန် လွန်စွာဝေးကြောင်း ကျွန်တော်တို့ထက် ဥာဏ်ပညာကြီးမှန်းသိသော်လည်း ဒေါ်စု စိတ်လောနေ၍ ဥာဏ်နောက် ရောက်နေသည်ထင်၍ တင်ပြခြင်း ဖြစ်ပါသည်။ လူတွေအလေးထားကိုးကွယ်နေတဲ့ ဘာသာတွေကို ကြည့်ရင်လည်း ယေရှုခရစ်တော် သေလွန်ပြီးမှ ခရစ်ယာန်ဝါဒ ရောမှမှာ ပျံ့နှံ့ပြီး ကမ္ဘာကို ရောက်ပါတယ်။ တမန်တော် မိုဟာမက်လည်း သေလွန်ပြီးမှ အစ္စလာမ်ဝါဒ ကမ္ဘာကိုပျံ့သလို အာရပ်တွေလည်း ယုံကြည်ခဲ့ပါတယ် ဗုဒ္ဓဝါဒကတော့ ဗုဒ္ဓရှိစဉ်မှာ ပိုမိုထွန်းတောက်ပြီး ဗုဒ္ဓပရိနိဗ္ဗာန်စံချိန်မှ ကျိုးပျက်ပါတယ်။ ဒါတွေကို လေ့လာရင် ဒေါ်စု လုပ်လိုပြီး နိုင်ငံသားတိုင်း သွားချင်နေတဲ့ ဒီမိုကရေစီစနစ်ဟာလည်း အမှန်ဘယ်လို ဖြစ်လာမလဲဆိုတာ ခန့်မှန်းရခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံရှိတိုင်းရင်းသားအားလုံး ကိုယ်စီအတ္တတစ်ပြားမှ မလျော့နိုင်သေးတဲ့ အခြေအနေကြောင့်လို့ ပြောလိုပါတယ်။

ဒေါ်စုရဲ့ မြန်မာပြည်ချစ်စိတ်နဲ့ မြန်မာဒီမိုကရေစီစနစ်ကို ကြည့်ရင် ယခုကာလသည် တူညီနေသည်ဟု ထင်ပါသည်။ မှန်၊ မမှန် ငါစွဲ၊ ငါမာန် မပါပဲ စဉ်းစားကြည့်ပြီး မြန်မာ့ဒီမိုကရေစီ ဘယ်အချိန်မှာ ဘယ်လို လျှောက်လမ်းရမလဲဆိုတာ မြန်မာ့အခြေအနေမှန်ကို သေချာလေ့လာပြီး ပြောပေးပါလို့ မေတ္တာရပ်ခံအပ်ပါသည်။

ရခိုင်ဘုရင် မင်းစောမွန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုံစံတူညီနေကြောင်း တွေ့ရပါသည်။ မင်းစောမွန်သည် မြောက်ဦးခေတ်ကို ပထမဦးဆုံးတည်ထောင်ခဲ့သည့် မင်း ဖြစ်ပြီး မြောက်ဦးမြို့တည်ရာတွင် ဟူးရားအတတ်ပညာရှိတို့မှ ကောဇာသက္ကရာဇ် (၇၉၂) ခုနှစ်၊ တော်သလင်းလဆန်းတိတိ ပေါ် (၁)ရက်၊ တနင်္ဂနွေနေ့ဝယ် မြို့တည်သော် မင်းကား ၊ ကြာသာပတေးသား ဖြစ်သောကြောင့် မိန်လက်၊ ကန်စန်းနှင့် မြို့တည်မူ မင်းကား အသက်ရှည်အံ့။ မြို့ကား အသက် (၃)နှစ်တွင် ပျက်လတ္တံ့။ ကန်စန်းနှင့် မြို့တည်မူကား မင်းအသက် (၃)နှစ်သာ ရှည်အံ့။ မြို့အသက်ကား (၁၀၀)တည်အံ့။ ဟု လျှောက်တင်ရာ မင်းစောမွန်က ငါ၏အသက် တိုပါစေ။ မြို့အသက် ရှည်သဖြင့် နောက်သား နောင်လာ ငါ၏ သားမြေးစဉ်ဆက် တိုင်းပြည်ဖွံ့ဖြိုး ရှည်လျားပါစေဆို၍ ကန်လက်၊ ကန်စမ်း၌ မြို့ နှင့် နန်းကို တစ်ပြိုင်တည်း တည်တော်မူသည့်အတွက် မင်းစောမွန် နန်းသက် (၃)နှစ်တွင် နတ်ရွာစံပြီး မြောက်ဦးနန်းသက်ကား မင်းဆက် (၄၉)ဆက်၊ နန်းသက် (၃၅၄)နှစ် တိုင်အောင်တည်တံ့ခဲ့မှုသည် သက်ဦးဆံပိုင် ဘုရင်မင်းစောမွန်၏ ငါစွဲဆန္ဒမပါ ဆောင်ရွက်ခဲ့မှုကြောင့် မြောက်ဦးခေတ်ရှည်ကြာခဲ့သည်ဟု ထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း မြန်မာနိုင်ငံဒီမိုကရေစီအရေး တည်ဆောက်ရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံ ကမ္ဘာတည်သရွေ့ တည်တံ့နိုင်အောင် တည်ဆောက်မလား၊ မိမိအသက်ရှင်သည့် အချိန်အထိသာ တည်ဆောက်မလားဆိုတာကို မှန်ကန်စွာ ရွေးချယ်ဆောင်ရွက်ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံအခြေအနေမှန်၊ တိုင်းရင်းသားများ၏ ခံစားချက်အမှန်၊ တိုင်းရင်းသားများ၏ အတွေးအမှန်၊ နိုင်ငံသားအားလုံး၏ အတွေးအမှန်၊ မြန်မာနိုင်ငံဆောင်ရွက်သင့်သည့် စနစ်အမှန်၊ မိမိစိတ်ထားအမှန်တို့ကို သေချာသိရှိပြီး ပြည်ထောင်စု မြန်မာနိုင်ငံအကျိုး၊ ပြည်ထောင်စု မြန်မာလူမျိုးများအကျိုးကို မှန်ကန်စွာ ပြောဆို လုပ်ကိုင်နိုင်ပါစေ။ ဒေါ်စု ကျန်းမာပျော်ရွှင်စွာဖြင့် နိုင်ငံ့အကျိုးကို ဆထက်တံပိုး ဆောင်ရွက်နိုင်ပါစေဟု ဆုတောင်းပေးလျက်....................



From : ခေတ်သစ်လူညံ့ ပေါ်ဦး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ