ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

29 December 2012

နှလုံးရောဂါရှိသူများ ကိုယ်ဝန်ဆောင်လျှင်

နှလုံးရောဂါရှိသူများ ကိုယ်ဝန်ဆောင်လျှင်နှလုံးရောဂါရှိသူတွေ ကိုယ်ဝန် ဆောင်ရင် ကျန်းမာတဲ့ အမျိုးသမီးတွေ ထက် ပိုသိသင့် တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ နောက်ဆက်တွဲ အန္တရာယ်မဖြစ်အောင် ကာကွယ်နည်းတွေကို သိနားလည်ကြ တာကြောင့် ဖြစ်ပါတယ်။

ကိုယ်ဝန်မဆောင်ခင်မှာ
နှလုံးရောဂါ ရှိသူတွေအနေနဲ့ ကလေးမယူခင် ကတည်းက နှလုံးရောဂါ အထူးကု ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။ သူတို့အနေနဲ့ သင်ရဲ့နှလုံး ကျန်းမာရေး အခြေအနေကို ဘယ်လို ထိန်းချုပ်ရမယ် ဆိုတာရှင်းပြမှာပါ။ ကိုယ်ဝန် မဆောင်ခင်က သောက်ခဲ့ရတဲ့ ဆေးဝါး တွေအစား သင့်တော်တဲ့ ဆေးဝါးပြောင်း ပေးတာမျိုး၊ လိုအပ်တဲ့ ဆေးကုသမှုတွေ ထက်တိုးပေးတာမျိုး ရှိလာပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်ခြင်းနှင့် နှလုံးပြဿနာ
ကိုယ်ဝန်ဆောင်ရတာဟာ နှလုံးသွေးကြော စနစ်အပေါ် ဝန်ပိစေပါ တယ်။ ကိုယ်ဝန်ဆောင်ချိန် အတွင်း ဗိုက်ထဲက ရင်သွေးကို အာဟာရ ပေးဖို့ သွေးပမာဏဟာ ၃၀-၅၀ ရာခိုင်နှုန်း လောက်မြင့်တက်လာလေ့ ရှိပါတယ်။ တစ်မိနစ်မှာ နှလုံးကနေ သွေးညှစ်ထုတ်တဲ့ ပမာဏက လည်း ၃၀-၅၀ ရာခိုင်နှုန်း တိုးလာပါတယ်။ အလားတူ နှလုံးခုန်နှုန်း လည်း မြင့်မားလာပါတယ်။ အဲဒီပြောင်းလဲမှုတွေဟာ နှလုံးကို ပိုပြီး အလုပ်လုပ် ရစေပါတယ်။ ကိုယ်ဝန်ဆောင်ရခြင်းလိုပဲ ကလေး မွေးဖွားခြင်းဟာလည်း နှလုံးရဲ့လုပ်ငန်းကို ပိုတိုးစေတာပါပဲ။ ကလေး မွေးတဲ့အချိန်မှာ သွေးစီးဆင်းမှုနဲ့ သွေးဖိအားပြောင်းလဲပြီး နှလုံးကို ပင်ပန်းစေပါတယ်။
အန္တရာယ်များ
ခံစားနေရတဲ့ နှလုံးရောဂါ အမြင့်ပေါ်မူတည်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေက မတူပါဘူး။ ဖြစ်နိုင်တဲ့ အချက်တွေကတော့- နှလုံးခုန်မမှန်တဲ့ ပြဿနာ ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ပြဿနာပါ။
နှလုံးအဆို့ရှင် ပုံမှန်မဟုတ်ခြင်း
နှလုံးအဆို့ရှင် ပုံမှန်မဟုတ်သူတို့ ကိုယ်ဝန်ဆောင်ရင် နှလုံးအမြှေးပါးရောင်ရမ်းတဲ့ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
နှလုံးသွေးကြောကျဉ်းခြင်း
နှလုံးသွေးကြောကျဉ်းရောဂါရှိရင် သွေးပမာဏမြင့်တက်နိုင်ပါတယ်။
မွေးရာပါနှလုံးရောဂါရှိခြင်း
မွေးရာပါနှလုံးရောဂါရှိသူတို့ ကိုယ်ဝန်ဆောင်ရင် မွေးလာတဲ့ကလေးမှာလည်း မွေးရာပါ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိသလို လမစေ့ခင် ကလေးမွေးတဲ့ အန္တရာယ်လည်း ရှိပါတယ်။
တခြားအန္တရာယ်များ
တချို့သော နှလုံးအခြေအနေတွေဟာ မိခင် ဒါမှမဟုတ် ရင်သွေးမှာ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ သွေးဖိအားတိုးမြှင့်ခြင်း (Pulmonary Hypertension) နှလုံးဘယ်ဘက်ခန်းနှစ်ခုကြား သွေးစီးဆင်းမှု ပိတ်ဆို့ခြင်း (Mitral Valve Stenosis) အေအော်တာ သွေးကြောကြီး ကျဉ်းမြောင်းခြင်း (Aortic Valve Stenosis) စတဲ့ပြဿနာတွေဖြစ်ပါတယ်။
ဆေးကုသမှု
ကိုယ်ဝန်ဆောင်ချိန်အတွင်း နှလုံးရောဂါအတွက်သောက်ရတဲ့ ဆေးဝါးတွေဟာ ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ရရှိတဲ့ကောင်းကျိုးက ဆိုးကျိုးထက်များတာကြောင့် ဆေးဝါးကုသမှုခံယူဖို့ အရေးကြီးပါတယ်။ သင့်နှလုံး အခြေအနေကို ထိန်းချုပ်ဖို့ ဆေးဝါးကုသမှုလိုအပ်ရင် သင့်အတွက် အသင့်တော်ဆုံး ဆေးဝါးပမာဏကို စိတ်ချရမယ့် အခြေအနေမှာ ညှိပြီးပေးပါလိမ့်မယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိကျတဲ့ ဆေးဝါးကုသမှုကို ခံယူဖို့တော့အရေးကြီး ပါတယ်။ အထူးသဖြင့် ဘယ်ဆေးဝါးကိုမှ မိမိသဘောအလျှောက်ပမာဏလျှော့သောက်တာမျိုး၊ မသောက်ဘဲ ရပ်ပစ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။
Ref By - http://seinpanpyar.multiply.com

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ