ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

29 December 2012

ရခိုင်အမျိုးသမီးများ အခွင့်အရေးရရှိရေး မြေပုံမြို့ အမျိုးသမီးများ ကွန်ယက်ဖွဲ့စည်း






ရခိုင်ပြည်နယ် မြေပုံမြို့၌ ခေတ်အဆက်ဆက်ဆုံးရှုံးနစ်နာနေသော ရခိုင်အမျိုးသမီးများ၏ ဘ၀လုံခြုံရေးနှင့် အမျိုးသမီးအခွင့်အရေးများကို ပြန်လည်ရရှိစေရေးအတွက် ဒေသခံအမျိုးသမီးများက ကွန်ယက်တစ်ခု ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
May Pun
မြေပုံမြို့ အမျိုးသမီးများ ကွန်ယက်အဖွဲ့ကို ဖွဲ့စည်းရန် တက်ရောက်လာကြသော ဆရာတော်၊ မြို့သူမြို့သားများနှင့် မြို့မိမြို့ဖများ
အမျိုးသမီးများအတွက် တရားဥပဒေနှင့် သင့်လျော်သောရပိုင်ခွင့်များကို အမျိုးသမီးများအပြည့်အ၀ ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ယခု
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသော ပြဿနာများတွင် ရခိုင်အမျိုးသမီးများ တစ်ဖက်တစ်လမ်းမှ ပူပေါင်းပါဝင် ကူညီဖြေရှင်းပေးရန်၊ မြေပုံမြို့နယ်အပါအ၀င် ရခိုင်ဒေသ၌ အဘက်ဘက်က နိမ့်ကျလျှက်ရှိသော စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသော အခြေခံလိုအပ်ချက်များ ဖွံ့ဖြိုးတိုးတတ်အောင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ရခိုင်ပြည်နယ်နှင့် အခြားဒေသများရှိ အမျိုးသမီးကွန်ယက်များနှင့် ပူးပေါင်းကာ မြေပုံမြို့နယ်အပါအ၀င် ရခိုင်ပြည်နယ်အရေး ကိစ္စမှန်သမျှကို လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန် စသောရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
" အခုလို ရခိုင်ပြည်အရေးနှင့် ပတ်သတ်ပြီးတော့ အမျိုးသမီးများလည်း တစ်ဖက်တစ်လမ်းက ပူးပေါင်းပါဝင်ဆောင်ရွက်လာတဲ့အတွက် ကျနော်တို့က ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ပါတီက ရခိုင်ပြည်အရေးနှင့် ပတ်သတ်ပြီးတော့ အစစအရာရာအားလုံးကို လိုက်မလုပ်နိုင်ပါဘူး။ ဒါကြောင့် ရခိုင်ပြည်မှာ လူမှုကွန်ယက်တွေ အားကောင်းလာဖို့ဟာကို ကျနော်တို့က လိုလားပါတယ်။ ပါတီဆိုတာကလဲ ရခိုင်ပြည်ရဲ့ အကျိုးကို ဦးစားပေးလုပ်နေရတာဖြစ်တယ်။ ဒါပေမယ့် လူထုလူတန်းစားအားလုံး ပါဝင်နိုင်အောင် စည်းရုံးလာဖို့အတွက်က ပါတီအနေနဲ့ အများကြီးကြိုးပမ်းရပါဦးမယ်။ အဲဒီအတွက်ကြောင့် ပါတီမဟုတ်ဘဲနဲ့ သီးခြားလူမှုရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ကွန်ယက်တွေက ကိုယ်အမျိုးသားရေးအတွက် လုပ်ဆောင်လာတဲ့အတွက် ပါတီအနေနဲ့ ကြိုဆိုပါတယ်။ လူမှုအဖွဲ့အစည်းတွေ ကွန်ယက်တွေက ပူးပေါင်းပါဝင်လုပ်ဆောင်လာမှ ပါတီတွေလည်းအားကောင်းလာမယ်၊ ပြည်သူလူထုတွေလည်း စည်းရုံးလာကြမယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းတွေကို ကြိုဆိုပါတယ်။ " ဟု
မြေပုံမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) မှ ဦးဖေသန်းက ရခိုင်ပြည်အတွင်း ပေါ်ပေါက်နေသော လူမှုအဖွဲ့အစည်းများအားလုံးကို ကြိုဆိုလိုက်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြေပုံမြို့ အမျိုးသမီးများ ကွန်ယက်သည် ရခိုင်ပြည်အတွင်း အခြားအမျိုးသမီးများကွန်ယက်၊ ပါတီ၊ လူငယ်များကွန်ယက်၊ လူမှုကွန်ယက် စသောအဖွဲ့ပေါင်းစုံများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်ကိုလည်း သိရသည်။
သီရိမင်္ဂလာကျောင်းမှ ဆရာတော် သိရောမဏိနှင့် မြို့မိမြို့ဖများတို့ ဦးဆောင်မှုဖြင့် မြေပုံမြို့ မြို့ပေါ်ရပ်ကွက် (၉)ခုမှ တစ်ရပ်ကွက်က အမျိုးသမီးကိုယ်စားလှယ်(၅)ဦးကျစီနှင့် အားလုံး အမျိုးသမီး(၄၅)ဦးနှင့် မြေပုံမြို့ အမျိုးသမီးများ ကွန်ယက်ကို ဒီဇင်ဘာလ ၂၈ ရက် မနေ့က နေလည်(၂)နာရီတွင် သီရိမင်္ဂလာတောင်ကျောင်း၌ ဖွဲ့စည်လိုက်ခြင်းဖြစ်သည်။
မြေပုံမြို့၏ လက်ရှိအခြေအနေကိုလည်း RNDP မှ ဦးဖေသန်းက ဆက်လက်၍ " ကျနော်တို့ မြေပုံမြို့အနီးအနားမှာရှိတဲ့ ဘင်္ဂလီတွေကို အာဏာပိုင်တွေက မြေပုံမြို့နဲ့နီးတဲ့ တစ်နေရာမှာ ဒုက္ခသည်စခန်းဖွင့်ပြီးထားဖို့ ဆန္ဒရှိကြပါတယ်။ မြို့နဲ့နီးတဲ့အတွက် မြို့ပေါ်မှာရှိတဲ့ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေဟာ နောက်ထပ်ပြဿနာ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဘင်္ဂလီတွေကလည်း စိုးရိမ်ကြပါတယ်။ သူတို့က အဲဒီနေရာမှာ မနေချင်ကြပါဘူး။ တခြားနေရာကို ပို့ပေးဖို့ကိုလည်း တောင်းဆိုထားတာကို တွေ့ရပါတယ်။ " ဟု မြေပုံမြို့၏ လက်ရှံကြုံတွေ့နေရသော ဘင်္ဂလီများနှင့် ရခိုင်များအကြား အခက်အခဲကို ပြောသွားခဲ့သည်။
မြေပုံ မြို့သူမြိုသားများက ဘင်္ဂလီများနှင့် အတူယှဉ်တူ၍ မနေလိုဟု သက်ဆိုင်ရာတာဝန်ရှိသူများထံတွင် တင်ပြထားပြီး၊ သံဃာတော်များ၊ မြို့မိမြို့ဖများကလည်း ရခိုင်ကျေးရွားများနှင့် ဝေးကွာသော တခြားနေရာဒေသများသို့ ဘင်္ဂလီများအား ပြောင်းရွှေ့ပေးမှုကို လိုလားနေကြသော်လည်း အာဏာပိုင်များက မူလနေရာတွင် နေရာချထားရန်လုပ်ဆောင်နေကြောင်း သိရှိရသည်။


ArakanTime

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ