ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

29 December 2012

ဗုဒ္ဓဘာသာဝင် ဗြိတိန်စစ်သား ၄ဝဝဝ အား ဗုဒ္ဓဂယာပို့ရန် စီစဉ်




စစ်မြေပြင်တွင် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် စိတ်ဖိစီးမှု ဝေဒနာခံစားနေရသော ဗုဒ္ဓဘာသာဝင် ဗြိတိန် စစ်သား ၄ဝဝဝ အား အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ပို့ဆောင်ပြီး တရားစခန်း ဝင်စေရန်အတွက် ဗြိတိန် တပ်မတော်က စီစဉ်နေသည်ဟု သိရသည်။
ကမ္ဘာတစ်ဝန်း အထူးသဖြင့် အမေရိကန်နှင့် ဗြိတိန်ကဲ့သို့သော နိုင်ငံများတွင် ဝါရင့် စစ်ပြန်များ၏ ပစ်ခတ် ရမ်းကားမှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး လေ့လာမှု များအရ ပစ်ခတ် ရမ်းကားသူ စစ်ပြန်များမှာ စစ်ပွဲမှ ပြန်လာပြီး အချိန်အတော် ကြာသည်အထိ
စစ်မြေပြင်မှ သွေးပျက်ဖွယ် ဖြစ်ရပ်များကို မေ့ပျောက် နိုင်စွမ်းမရှိဘဲ စိတ်ဖိစီးမှုဝေဒ နာ ခံစားနေရကြောင်း သိရသည်။ ထို့ ကြောင့် စစ်ပြန်များ၏ စိတ်ဖိစီးမှု ဝေဒနာကို ကုစားဖြေဖျောက်ပေးရန် အတွက် ဗြိတိန် တပ်မတော်က ဗုဒ္ဓ ဘာသာဝင် စစ်သား ၄ဝဝဝ အား အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ပို့ဆောင် ကာ မဟာဗောဓိပင်အောက်တွင် တရားရှုမှတ်နိုင်စေရန် စီစဉ် နေခြင်း ဟု သိရသည်။
ဗီဟာ ခရီးသွားဘုတ် အဖွဲ့၏ စီစဉ်မှုဖြင့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လတွင် ဗြိတိန် စစ်သားများ ဗုဒ္ဓဂါ ယာတွင် တစ်ပတ်ကြာ တရားစခန်း ဝင်၍ တရား အားထုတ်ကြမည်ဟု အိန္ဒိယ ခရီးသွားလာရေး ဝန်ကြီး Sunil Kumar Pintu ကဆိုသည်။
”သူတို့ ဗြိတိန် စစ်သားတွေ အယောက် ၁ဝဝ နဲ့ ၁၅ဝ ကြား လောက်ပါတဲ့ အသုတ်တွေနဲ့ ခွဲခွဲပြီး လာမယ်။ မဟာဗောဓိပင်အောက် မှာ တရားထိုင်မယ်၊ သူတို့ နောက် နှစ် တစ်နှစ်လုံး ဆက်တိုက်လာပြီး တရားကျင့် ကြမှာပါ”ဟု ဝန်ကြီးက ဆိုသည်။ အဆိုပါ စစ်သားများသည် ဗုဒ္ဓဂယာ တွင်ခြောက်ရက်နှင့် ဥတာ ပရာဒေ့ရှ် တွင် တစ်ရက် တရား အားထုတ်ကြမည်ဟု သိရသည်။
ယခု အစီအစဉ်အား ဗြိတိန် စစ်တပ်နှင့် ဗီဟာ ခရီးသွားဘုတ် အဖွဲ့ကို နိုဝင်ဘာလက လန်ဒန် မြို့တွင်ပြုပ်လုပ်သော ကမ္ဘာ့ခရီးသွား လုပ်ငန်း ဆွေးနွေးပွဲ (world Tourism Mart) တွင် သဘောတူညီ ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ ခရီးသွားလာရေး ဝန်ကြီးက ဗြိတိန် စစ်သားများ အိန္ဒိယ နိုင်ငံသို့ ရောက်နေစဉ် အတွင်း အစိုးရက ၄င်းတို့၏ လုံခြုံရေး အတွက် တာဝန် ယူသွားမည်ဟု ဆို သည်။
PN-055
Ref:Daily Mail

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ