ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

29 December 2012

တပ်မတော် သူနာပြုနှင့် ဆေးဘက် ပညာ တက္ကသိုလ် သင်တန်း အမှတ်စဉ်(၁ဝ) သင်တန်း ဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး သရေ စည်သူ မင်းအောင်လှိုင် ပြောကြား ခဲ့သော မိန့်ခွန်း အပြည့်အစုံ



တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က ကျောင်းဆင်း သင်တန်းသားများအား မိန့်ခွန်း ပြောကြား ရာတွင်-

ဆေးဝန်ထမ်း တပ်ဖွဲ့၏ ရည်မှန်းချက် ဖြစ်သည့် တပ်မတော် သားများနှင့် မိသားစု များကို နေရာ ဒေသမရွေး၊ အချိန်အခါ မရွေး၊ ပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှု များကို ဆောင်ရွက် ပေးခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေး စွမ်းအားကို တိုးတက် မြင့်မားအောင် ဆောင်ရွက် ပေးကြ ရတော့မည် ဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံ အသီးသီး၏ တပ်မတော်များကို လေ့လာ ဆန်းစစ် ကြည့်လျှင် တပ်မတော်သား တပ်ဖွဲ့ဝင် များ၏ ကာယအား ဥာဏအားကို စွမ်းအားပြည့် မြှင့်တင် အသုံးပြုပြီး အရေအတွက်ထက် အရည်အချင်းကို ဦးစားပေး သည့် နိုင်ငံတော် ကာကွယ်ရေး အင်အားစု များကို ကျစ်လျစ် ခိုင်မာစွာ တည်ဆောက်လာနေ ကြတာကို တွေ့ရမှာ ဖြစ်ကြောင်း၊ ကာယအား ဥာဏအားကို စွမ်းအားပြည့် အသုံးပြုရာမှာ တပ်မတော် (ကြည်း/ ရေ/ လေ) တပ်ဖွဲ့ဝင် များ၏ အင်အားကို အရေအတွက် တောင့်တင်းခိုင်မာ ရုံသာ ဖွဲ့စည်း တည်ဆောက်ကြသည် မဟုတ်ဘဲ၊ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များနှင့် လက်ရုံးဝန်ထမ်း တပ်ဖွဲ့ဝင် များ၏ ကာယအားနှင့် ဥာဏအား စွမ်းဆောင်ရည် ပြည့်ဝမှုကို ဟန်ချက် ညီအောင် ထိန်းကျောင်း တည်ဆောက် နေကြခြင်း ဖြစ်ကြောင်း။

တပ်မတော် အနေဖြင့် နိုင်ငံတော်ကို အကြွင်းမဲ့ ကာကွယ် နိုင်ဖို့ အတွက် နိုင်ငံတကာ တပ်မတော်များနှင့် နယ်ပယ် အသီးသီးမှာ ရင်ပေါင် တန်းနိုင်မည့် ခေတ်မီ တပ်မတော် တစ်ရပ် တည်ဆောက်ဖို့ ကြိုးပမ်းနေချိန် ဖြစ်ကြောင်း၊ သို့ဖြစ် ၍ ပေးအပ်လာမယ့် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း နိုင်ငံတော် ကာကွယ်ရေး တာဝန်များကိုလည်း အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ကျေပွန်အောင် ထမ်းဆောင် ကြရမှာ ဖြစ်ကြောင်း၊ အနောက် တိုင်း ဆေးပညာ ဘက်မှာသာမက မြန်မာ့တိုင်းရင်း ဆေးပညာ နယ်ပယ်တွင်ပါ ကျွမ်းဝင် နှံ့စပ်သည့် ပညာရှင်များ ဖြစ်ရန် ကြိုးစား သွားကြရမည် ဖြစ်ကြောင်း၊ ကျန်းမာ ကြံ့ခိုင်မှု မရှိလျှင် တပ်ဖွဲ့ဝင် အင်အား မည်မျှ များပြား ပါစေ ခေတ်မီ လက်နက်၊ ခဲယမ်း၊ ယာဉ်၊ ယန္တရား၊ ပစ္စည်း ကိရိယာများ မည်မျှပင် ပြည့်စုံ နေပါစေ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန် မဖြစ်နိုင် သောကြောင့် ဆေးဝန်ထမ်း တပ်ဖွဲ့များ၏ ကျန်းမာရေး စောင့်ရှောက်မှု များသည်လည်း မရှိမဖြစ် လိုအပ်ချက် တစ်ခု ဖြစ်ကြောင်း။

အတိတ်ကာလ နယ်ချဲ့ လက်အောက်ခံ ဘဝနဲ့ အတွေ့အကြုံ အမျိုးမျိုး ခံစား ဖြတ်ကျော် လာခဲ့ရသည့် ပြည်ထောင်စုသား ညီအစ်ကို များသည် နယ်ချဲ့ လက်အောက်ခံ ဘဝက အပြီးတိုင် လွတ်မြောက်ရန် အတွက် လက်နက်ကိုင် အမျိုးသား တပ်မတော် တစ်ရပ် ဖွဲ့စည်း တိုက်ပွဲ ဝင်နိုင်ဖို့ လိုအပ်သည် ဆိုသည့် အချက်ကို သိမြင်လာခဲ့ ကြသောကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့မျိုးချစ် လူငယ် ရဲဘော် သုံးကျိပ်သည် ဟိုင်နန် ကျွန်းမှာ ဆင်းရဲ ပင်ပန်းခံ၍ ဂျပန်တို့ထံက စစ်ပညာကို သင်ယူပြီး ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစု တစ်ရာကျော်ကို ကိုယ်စားပြုသည့် တစ်ခုတည်းသော မြန်မာ့ တပ်မတော် တစ်နည်း အားဖြင့် ပြည်ထောင်စု တပ်မတော် အဖြစ် ခိုင်ခိုင်မာမာ ဖွဲ့စည်း ရပ်တည်ပြီး အမိ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ပြန်လည်ရယူ ပေးနိုင် ခဲ့ကြောင်း၊ တပ်မတော်သည် ပြည်တွင်းရောင်စုံ သောင်းကျန်းမှု အန္တရာယ်၊ ပြည်ပ ကျူးကျော် မှုအန္တရာယ် အပြင် နိုင်ငံရေး အခက်အခဲများ၊ ပြည်ပ ပယောဂကြောင့် ဖြစ်ပေါ် ခဲ့သည့် အရေး အခင်း အသီးသီး တို့ကို အစိုးရ၊ ပြည်သူများနှင့် အတူ စည်းလုံး ညီညွတ်စွာဖြင့် လက်တွဲပြီး အောင်မြင်စွာ ကျော်လွှား နိုင်ခဲ့ကြောင်း။

တစ်ဆယ့် နှစ်ရပ်သော အစဉ်လာ ကောင်းများနှင့် ရပ်တည် လာခဲ့သည့် တပ်မတော်သည် ပြည်သူများ၏ အသွေး အသားဖြင့် ဖွဲ့စည်းတည်ဆောက် ထားသည့် တပ်မတော် ဖြစ်ကြောင်း၊ ပြည်သူ့ တပ်မတော် ဖြစ်သည်နှင့် အညီ နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ များကို ထာဝစဉ် ကာကွယ် စောင့်ရှောက်ရန် အမြဲတမ်း ဦးထိပ် ပန်ဆင်လျက် ရှိကြောင်း၊ ရဲဘော်ရဲဘက် တပ်မတော် သားများအပေါ် ဆေးဝန်ထမ်း တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်ဖြစ်သည့် ''ကျန်းမာ၊ ကြံ့ခိုင်၊ တိုက်နိုင်ရန်'' ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြုကျင့် ဆောင်ရွက်ရမှာ ဖြစ်သလို တပ်မတော် သူနာပြုနဲ့ ဆေးဘက်ပညာ တက္ကသိုလ်၏ ဆောင်ပုဒ် ဖြစ်သည့် ''ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်'' ဆိုသည့် ကျင့်စဉ်နှင့် အညီ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ အကာ အကွယ်များ ဖြည့်ဆည်း ပေးနိုင်ရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု အတွက် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာ ပါက လိုအပ်လာမည့် သူနာပြုနှင့် ဆေးဘက် ဆိုင်ရာ အကာအကွယ် ပေးရေး လုပ်ငန်းစဉ် များကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ကျေပွန်အောင် ထမ်းဆောင်ပြီး ပြည်သူကို အလုပ် အကျွေးပြု ပေးနိုင်ရမည် ဖြစ်ကြောင်း။

တပ်မတော် ဆေးတပ်ဖွဲ့ ဝင်များသည် နိုင်ငံတော် လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလမှ ယနေ့ တိုင်အောင် ကိုယ်ကျိုးစွန့် အနစ်နာ ခံပြီး အထက်က ပေးအပ်သည့် အမိန့်နှင့် တာဝန် များကို အသက်ပေး စွန့်လွှတ်ပြီး ကျေပွန်အောင် ထမ်းဆောင်ခဲ့သော သမိုင်းအစဉ် အလာ ကောင်းများ ရှိခဲ့ပြီး ဖြစ်ကြောင်း။ တိုက်ပွဲဝင် ခြေလျင် တပ်မတော် သားများနှင့် လက်တွဲပြီး ရှေ့တန်း စစ်မြေပြင်မှာ ဆင်းရဲ ဒုက္ခခံကာ တာဝန်ထမ်းဆောင် ခဲ့ကြသလို ရောက်ရာ အရပ် ဒေသ ရှိ ဒေသခံ တိုင်းရင်းသား ပြည်သူလူထု အပေါ်မှာလည်း မေတ္တာ အရင်းခံသည့် ဆွေမျိုး ရင်းခြာ ပမာ စိတ်ဓာတ် အရင်းခံဖြင့် ဆေးအကာ အကွယ် ပေးခြင်း၊ ပြုစုကုသ ပေးခြင်းများ စွမ်းစွမ်းတမံ ဆောင်ရွက် နိုင်ခဲ့ကြသူ များလည်း ဖြစ် ကြ၍ ဒီအစဉ်အလာ ကောင်းများကို ဆက်လက် စောင့်ထိန်းရင်း ပေးအပ်လာသော တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန် လိုကြောင်း။

တပ်မတော်သည် ပြည်သူအပေါ် အလုပ်အကျွေး ပြုရာမှာ ကိုယ်ကျိုး စွန့်လွှတ်ပြီး အခက်အခဲ အတားအဆီး များကို စွန့်ဝံ့စွန့်စား ဖြတ်ကျော် တာဝန် ထမ်းဆောင်ခဲ့သည့် အစဉ် အလာ ကောင်းများ ပြည့်စုံ နေခဲ့ပြီး ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက်သည့် အခါတိုင်း မှာလည်း တပ်မတော် သားများသည် မိုးထဲလေထဲ၊ အခက်အခဲ များကြားမှာ စွန့်ဝံ့ စွန့်စားစွာဖြင့် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့နေသည့် ပြည်သူများကို နေရာအရောက် အချိန်မဆိုင်း သွားရောက်ပြီး ရှာဖွေကယ်တင် ပေးခဲ့ကြကြောင်း၊ လိုအပ်သည့် ပြန်လည် ထူထောင်ရေး လုပ်ငန်း စဉ်များနှင့် ဆေးအကာ အကွယ်ပေးရေး လုပ်ငန်းစဉ် များကို အလျင် အမြန် ကူညီပံ့ပိုး ဖြည့်ဆည်း ပေးနိုင် ခဲ့ကြကြောင်း၊ နောင်တော် စစ်သည်များ၏ တပ်မတော် နှင့် ပြည်သူ့အပေါ် တာဝန် ကျေပွန်ခဲ့သည့် ကောင်းမြတ်သော အစဉ်အလာ များကို အားကျ အတုယူပြီး တပ်မတော်၏ ကောင်းမွေ ဆက်ခံသူ စစ်သည်များ၊ ပြည်သူက အားကိုး အားထား ပြုရသည့် ပြည်သူချစ်သော စစ်သည်တော် ကောင်းများ ဖြစ်လာအောင် ပြုကျင့် နေထိုင် သွားကြရန် လိုကြောင်း၊ တပ်မတော်သည် တပ်ကိုကောင်းအောင် တည်ဆောက်သည့် နေရာ တွင် အမြင်လေးမြင် ဖြစ်သည့် စစ်ရေးအမြင်၊ နိုင်ငံရေး အမြင်၊ စီးပွားရေး အမြင်၊ အုပ်ချုပ်ရေး အမြင်တို့ အပြင် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာ ချောင်ချိရေး၊ စိတ်ဓာတ်ဆိုသည့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး လေးရပ်နှင့် တည်ဆောက်လျက် ရှိကြောင်း။

လိုအပ်ချက်အရ စစ်ဆင်ရေး တာဝန်ကို ထမ်းဆောင်ရမည် ဆိုပါကလည်း လှေခွက် ချည်းကျန် အလံမလဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ တပ်မတော်၏ အစဉ်အလာကို အသက်ပေး စောင့်ထိန်းလိုသည့် စိတ်ဓာတ် ဆိုသည့် တပ်မတော်၏ တိုက်ပွဲဝင် စိတ်ဓာတ်ကို ပြည့်ဝပြတ်သားစွာ ပိုင်ဆိုင်သူများ ဖြစ်လာအောင် တည်ဆောက် နိုင်ရမည် ဖြစ်ကြောင်း၊ စစ်ရေးတိုက်ပွဲ တစ်ပွဲ ရင်ဆိုင် ဆင်နွှဲရာမှာ လူ၊ လက်နက် အင်အားနှင့် စစ်ပညာ အသုံးချမှု တူညီနေလျှင် စိတ်ဓာတ်အင်အား သာလွန်သူများ ဘက်မှ အနိုင်ရစမြဲပဲ ဖြစ်ကြောင်း၊ ခိုင်ကျည် လေးနက်သည့် စိတ်ဓာတ်ကောင်း ပိုင်ဆိုင်သူများ ဖြစ်အောင် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ် ပြည့်စုံမှု စသည့် တပ်တိုင်း ရဲဘော်တိုင်း ရှိရမည့် အခြေခံ အရည်အချင်း ငါးပါး ပြည့်စုံသူများ ဖြစ်လာအောင် အလေးအနက်ထား တည်ဆောက်သွားကြဖို့ လိုအပ်ကြောင်း၊ စာရိတ္တ မဏ္ဍိုင်မှာလည်း မိမိတို့ ဂုဏ်သိက္ခာ၊ မိမိတပ်ဖွဲ့နှင့် တပ်မတော်၏ ဂုဏ်သိက္ခာပိုင်းကို စွန်းထင်းထိရှစေမည့် ပြုမူနေထိုင် မှုများကို ရှောင်ရှားပြီး စောင့်စည်းထိန်းသိမ်း အပ်သော ကျင့်ဝတ်အသွယ်သွယ်ကို လိုက်နာ စောင့်ထိန်း သွားကြရန် လိုကြောင်း၊ သို့မှသာ “ကတိသစ္စာ၊ တည်သောခါဝယ်၊ သြဇာ လေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏” ဆိုသည့် ဆိုရိုးစကား အတိုင်း ပြုစုကုသမှု ဆိုင်ရာ ဆေးပညာ စွမ်းရည်များ ပိုမိုထက်မြက် စူးရှလာမည် ဖြစ်ကြောင်း။

အကောင်းဆုံးသော စစ်စည်းကမ်းသည် အတက်ကြွဆုံးသော တိုက်ပွဲဝင် စိတ်ဓာတ်ကို ပုံဖော် ပေးနိုင်သည် ဖြစ်၍ စစ်စည်းကမ်းကို တိကျစွာ လိုက်နာတတ် သူများ ဖြစ်အောင် ကျင့်ကြံနေထိုင် သွားကြရန် လိုကြောင်း၊ စည်းကမ်းသည် တပ်မတော်၏ ပင်မကျောရိုး သဖွယ် သာမက အသက်ခန္ဓာ အဖြစ်လည်း မှတ်ယူနိုင်ကြောင်း၊ စည်းကမ်းဆိုသည့် ကျောရိုး မဏ္ဍိုင်မှ သတ္တိ၊ ဇွဲလုံ့လ၊ တိုက်ရည် ခိုက်ရည်နှင့် ရဲဘော်စိတ် တို့ကိုလည်း တည်ဆောက် ပေးနိုင် ကြောင်း၊ တပ်မတော် သားများ ဖြစ်၍ စစ်စည်းကမ်းကို သာမက နယ်ဘက်စည်းကမ်း၊ ဒေသန္တရ စည်းကမ်းများ အပြင် စစ်ဘက် ဥပဒေ၊ နယ်ဘက် ဥပဒေ များကိုလည်း မဖြစ်မနေ လေးစားလိုက်နာ သွားကြရမည် ဖြစ်ကြောင်း။

စစ်ခေါင်းဆောင် ဆိုသည်မှာ စစ်တိုက်ရန် ဖွဲ့စည်းထားသည့် လူတစ်စု၊ အဖွဲ့တစ်ဖွဲ့ ဒါမှ မဟုတ် လူအများ၊ အဖွဲ့အများကို ရည်မှန်းချက်တာဝန် ပြီးမြောက် အောင်မြင်အောင် စံနမူ နာပြ စွန့်လွှတ်စွန့်စား ထိန်းချုပ်ကွပ်ကဲ အမိန့်ပေး နိုင် သူဟုလည်း အဓိပ္ပယ် ဖွင့်ဆိုနိုင်ကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီ စနစ် ထွန်းကားသော နိုင်ငံတော် သစ်ကြီးသို့ ချီတက်လျှောက်လှမ်း ရာမှာ အစိုးရအဖွဲ့၊ ပြည်သူ လူထုနှင့် အတူ ကျရာအခန်း ကဏ္ဍ၌ မူဘောင်အတွင်းက လက်တွဲ ပါဝင် ဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်ပါ တပ်မတော်၏ အခန်း ကဏ္ဍကို ပီပြင်အောင် ဖော်ဆောင်ရာတွင်လည်း အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ တာဝန်ကျရာကို ကျေပွန်အောင် ထမ်းဆောင်ကြရန် လိုကြောင်းဖြင့် ပြောကြား ခဲ့သည်။



No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ