ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

29 December 2012

ဆေးလိပ်အနည်းငယ် သောက်သည့် အမျိုးသမီးများ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ နှစ်ဆမြင့်မား

ဆေးလိပ်အနည်းငယ် သောက်သည့် အမျိုးသမီးများ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ နှစ်ဆမြင့်မားနေ့စဉ် ဆေးလိပ်တစ်လိပ် အပါအဝင် ဆေးလိပ် အနည်းငယ် သောက်တဲ့ အမျိုးသမီးတွေ အနေနဲ့ ရုတ်တရက် သေဆုံးနိုင်ခြေ နှစ်ဆခန့် မြင့်မားတယ်လို့ လေ့လာမှုကြီး တစ်ခုအရ သိရပါတယ်။ သုတေသီတွေက အမေရိကန်မှ အမျိုးသမီးပေါင်း ၁၀၁၀ဝ ရဲ့ ကျန်းမာရေးကို နှစ်ပေါင်း ၃၀ ကျော် လေ့လာခဲ့ပါတယ်။ ဆေးလိပ် အနည်းငယ်မှ အသင့်အတင့် သောက်သူတွေဟာ ဆေးလိပ်လုံးဝ မသောက်သူတွေထက် နှလုံးပြဿနာကြောင့်
ရုတ်တရက် သေဆုံးနိုင်ခြေ နှစ်ဆမြင့်မားပြီး ဆေးလိပ် ဖြတ်လိုက်ရင် နှစ် အနည်းငယ် အတွင်းလို့ အမေရိကန် နှလုံးအဖွဲ့ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အသက် ၃၅ နှစ်အောက် အရွယ် တွေမှာ နှလုံးရောဂါဖြစ်တာဟာ မျိုးရိုး ဗီဇနဲ့ သက်ဆိုင်ပါတယ်။ ၃၅ နှစ်အထက် ကြီးသူတွေမှာ နှလုံးသွေးကြောအတွင်း အဆီပိတ်ဆို့မှု ကြောင့် နှလုံးရောဂါဖြစ်ရ တာပါ။ လေ့လာမှုမှာ ပါဝင်တဲ့ ရုတ်တရက် သေဆုံးသူ ၃၁၅ ယောက်ထဲမှ ၇၅ ယောက်ဟာ လက်ရှိ ဆေးလိပ် သောက် နေသူများဖြစ်ပြီး ၁၄၈ ယောက်ဟာ မကြာခင်ကာလအတွင်း ဆေးလိပ်သောက် ခဲ့ကြသူတွေဖြစ်ပြီး ၁၂၈ ယောက်ဟာ ဆေးလိပ် လုံးဝမသောက်သူတွေ ဖြစ်ကြ ပါတယ်။ နေ့စဉ် ဆေးလိပ် တစ်လိပ်မှ ၁၄ လိပ်ကြားသောက်တာကို အနည်း ငယ်မှ အသင့်အတင့်ပမာဏလို့ သတ် မှတ်ပါတယ်။ ဆေးလိပ်ဆက်သောက်တဲ့ ကာလ ငါးနှစ်ကြာတိုင်း ဖြစ်နိုင်ခြေ ၈ ရာ ခိုင်နှုန်း မြင့်တက်သွားတယ်လို့ ဆိုပါတယ်။




ဒေါက်တာခင်မိုးမိုး
By Good Health

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ