ရှမ်းပြည်နယ်
မြို့တော် တောင်ကြီး မြို့ ပင်လုံလမ်း၊ ကန်အောက် ရပ်၌ ဒီဇင်ဘာ (၁၀) ရက်
နေ့တွင် မွေ့ယာဆိုင် မီးလောင်မှုနှင့် ပတ်သက်၍ မီဒီယာများ၌ မဖော်ပြရန်
တောင်ကြီး မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က တောင်းဆို သွား ကြောင်း
ယင်းမြို့အခြေစိုက် သတင်း ထောက်တစ်ဦးထံမှ သိရသည်။အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်က ကြီး သည့် အမှု ငယ်အောင် ငယ်သည့်အမှု ပပျောက်အောင် ရည်ရွယ်ထားကြောင်းပြောကြားခဲ့သည်။
ယင်း မီးလောင်မှု သည် ဘုရားစင်ပေါ်ရှိ ဖယောင်းတိုင်မီး ပူဇော်ရာမှ တစ်ဆင့်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် အခြားအိမ်များသို့ မပြန့် ပွားစေရန် အချိန်မီ မီးငြှိမ်းသက်နိုင်ခဲ့ ကြောင်း အိမ်ရှင်ဖြစ်သူ ဦးသိန်းအောင် ထံမှ သိရသည်။
၂၀ဝ၃ ခုနှစ်ကလည်း ပင်လုံလမ်းတွင် သိန်းထောင်ကျော် ဆုံးရှုံး သည့် မွေ့ယာဆိုင် မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရိုး၇ာလေး
No comments:
Post a Comment