ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

14 December 2012

အလိုက်မသိသော အိမ်ငှားများကြောင့် အိမ်ရှင်များ စိတ်ညစ်ရ

အလိုက်မသိသော အိမ်ငှားများကြောင့် အိမ်ရှင်များ စိတ်ညစ်ရရန်ကုန်မြို့တွင် လူဦးရေ သိပ်သည်း လာသည်နှင့် အမျှ အိမ်ရှင် အိမ်ငှား ဈေးကွက်မှာ များပြား လျက်ရှိရာ အိမ်ရှင်ဆိုး များရှိနေသလို အလိုက် မသိတတ်သော အိမ်ငှား များကြောင့် အိမ်ရှင်များ စိတ်ညစ် နေရကြောင်း ဗိုလ်တထောင်မြို့နယ် အိမ် ရှင်အချို့က ပြောသည်။

“အိမ်ငှားတွေက အိမ်လခပဲပေးပြီး မီတာခမပေးဘူး။ နောက်ပြီး ကိုယ့်အိမ်လို သဘောမထားကြဘူး၊ အခန်းကျဉ်းကျဉ်း လေးမှာ မီးချောင်း၊ မီးလုံးထွန်းတာ၊
မပြောသဘောကောင်းလုပ်နေကြတာ” ဟု ဗိုလ်တထောင် ၂ ရပ်ကွက်မှ ဒေါ် သင်းသင်းက ပြောသည်။
အိမ်ရှင်အိမ်ငှား သဘောတူ စာချုပ် ချုပ်ဆိုရာ၌ စပေါ်ငွေဖြင့်လည်းကောင်း၊ ၆ လပြတ်ဖြင့်လည်းကောင်း၊ ၁ နှစ် စာချုပ်ဖြင့် လည်းကောင်း အမျိုးမျိုးချုပ် ဆိုကြသော်လည်း မီတာခကို အချို့က မယူတော့ဘဲ မိသားစု သဘောဖြင့် လိုက် လျောပေးမှုများ ရှိနေသော်လည်း အိမ် ငှား အချို့မှ လျှပ်စစ်ဓာတ်အား စိတ်ထင် တိုင်း အသုံးပြုနေကြောင်း ၄င်းက ပြော သည်။
မီတာခ တစ်ယူနစ်လျှင် ကျပ် ၅၀ ပေးဆောင်နေရသည့် အပေါ် မီတာထိန်း သိမ်း စောင့်ရှောက်ခ ၁ လလျှင် ကျပ် ၁၀ဝ၀ ပေးဆောင်နေရပြီး အိမ်ငှား၏ အလိုက် မသိတတ်မှုကြောင့် ၁ လလျှင် ကျပ် ၈၀ဝ၀ ကျော် ၉၀ဝ၀ ပေးဆောင် နေရကြောင်း ဗိုလ်တထောင် ၂ ရပ်ကွက်မှ ဒေါ်မျိုးပပက ပြောသည်။
“အိမ်ငှား သက်တမ်းပြည့်လို့ သူတို့ မနေချင်တော့ဘူး ဆိုရင် အိမ်က မကောင်းလို့၊ ဘာမရှိလို့ ညာမရှိလို့ အကြောင်းပြပြီး အိမ်ရှင်ကို ရန်လုပ်ပြီး ဆင်းသွား ကြတာ။ ကိုယ့်ဘက်က အိမ်ငှားကို ကောင်းကောင်းနဲ့ ရေရှည်နေ မယ့် လူတွေ ကိုပဲ မျှော်လင့်တာ” ဟု ဗိုလ်တထောင် ၂ ရပ်ကွက်မှ ဒေါ်ခင်စန်း လှိုင်က ဆိုသည်။
အလိုက် မသိတတ်သော အိမ်ငှား များနှင့် ပတ်သက်၍ လတ်တလော တရားရုံးတွင် အမှုရင်ဆိုင်ရဖွယ်ရှိနေသာ အိမ်ရှင်ဒေါ်သိန်းငွေ က မိမိပိုင်အိမ်ပေါ် အိမ်ငှားမိသားစု ၂ စုအား နှစ်ပေါင်းများ စွာထားရှိပြီး အိမ်ငှား လစာ ထောင် ဂဏန်း ဖြင့်သာ ထားကြောင်း၊ မိမိ အဆင်မပြေ ဖြစ်သည့်အတွက် မိမိပိုင်နေအိမ်ကို ရောင်းရန်ပြုလုပ်စဉ် အိမ်ငှားများမှ ကျပ် သိန်း ၂၀ ပေးမှ အိမ်ပေါ်မှ ဆင်းပေးမည် ဆို၍ တရားရုံးသို့ ဦးတိုက် လျှောက်ပြီး အမှုရင်ဆိုင်သွားမည်ဟု ပြောသည်။



ရိုးရာလေး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ