ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

14 December 2012

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း နည်းပညာ တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၅)တွင် ပြောကြားသည့် မိန့်ခွန်း



ရဲဘော်တို့

ဒီကနေ့ဟာ ဒို့တပ်မတော်ရဲ့ အင်ဂျင် နီယာ ကဏ္ဍ အတွက် ခွန်အားသစ်တွေ ထပ်လောင်း မယ့် တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၅) သင်တန်း ဆင်းတဲ့ နေ့ပဲ ဖြစ်တယ်။

''နိုင်ငံ တော်၏ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲ ရေးကို ကာကွယ် စောင့်ရှောက်မယ့် အမျိုးသား တပ်မတော် အတွက် လိုအပ်တဲ့ လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် အင်ဂျင်နီယာ ဘွဲ့ရ အရာရှိ ကောင်းများကို မွေးထုတ် ပေးရန်'' ဆိုတဲ့  ရည်ရွယ်ချက်နဲ့ အမိ တက္ကသိုလ်က ရဲဘော် တို့ကို မွေးထုတ် ပေးခဲ့ပြီး ဖြစ်တယ်။

ဒါကြောင့် တပ်မတော်မှာ အင်ဂျင်နီယာ အရာရှိ ငယ်များ အဖြစ် သာမက စစ်ဘက် ခေါင်းဆောင် ငယ်များ အဖြစ်ပါ တာဝန်ကျရာ တပ်ဖွဲ့ အသီးသီးမှာ တာဝန်ထမ်းဆောင် ကြရတော့မယ့် ရဲဘော် တို့ကို မှာကြားစရာ ရှိတာတွေ၊ သိသင့်သိထိုက် တာတွေကို အလေးအနက် မှာကြား သွားမှာပဲ ဖြစ်တယ်။

ရဲဘော်တို့

ဒို့ တပ်မတော်က အင်ဂျင်နီယာ အရာရှိ အဖြစ် မွေးထုတ် ပေးလိုက်တဲ့ ရဲဘော် တို့ဟာ  တပ်မတော်ရဲ့ မူလ တာဝန် ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို  ထမ်းဆောင် ကြရမှာ ဖြစ်တယ်။

ရဲဘော်တို့ကို ခြေလျင် တပ်စုမှူး အဆင့် တတ်သင့် တတ်အပ်သော စစ်ပညာ ရပ်တွေကို သင်ကြား လေ့ကျင့် ပေးလိုက်ပြီး ဖြစ်လို့ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေး အတွက်  လိုအပ်လျှင် စစ်မြေပြင်မှာ တိုက်ပွဲ ဝင်နိုင်စွမ်း ရှိရမှာ ဖြစ်သလို တစ်ဖက် ကလည်း ဒို့တပ်မတော် ရဲ့စစ်မှု ရေးရာ တော်လှန် ပြောင်းလဲမှု (Revolution in Military Affairs- RMA) ဖြစ်စဉ်များမှာ အင်ဂျင်နီယာ အတတ် ပညာရှင် အရာရှိများ အဖြစ် လက်ရုံး တပ်ဖွဲ့ အသီးသီး မှာ ဆောင်ရွက် နိုင်စွမ်း ရှိဖို့ သင်ကြား ပေးလိုက်ပြီး ဖြစ်၍ ဆက်လက် လေ့လာ ဆည်းပူးရင်း လက်တွေ့ လုပ်ငန်းခွင် ဝင်ကြ ရတော့မှာ ဖြစ်တယ်။

ဒို့တပ်မတော် သမိုင်းကို ပြန်ကြည့်ရင် ခြေလျင် တပ်မပါဘဲ အင်ဂျင်နီယာ တပ်ဖွဲ့ဝင်တွေ သက်သက်နဲ့ တိုက်ခိုက် အောင်မြင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်။

ဒါဟာ အရေးကြုံရင် သက်လုံ ကောင်းပြီး စစ်ရေး စွမ်းရည် ပြည့်ဝ နေတဲ့ ဒို့ တပ်မတော်ရဲ့ အစဉ် အလာကောင်း တစ်ခုပင် ဖြစ်တယ်။

ဒီလို ရဲစွမ်း သတ္တိရှိပြီး စစ်သားကောင်း ပီသတဲ့ ဂုဏ်ဒြပ် တွေနဲ့ ဖွဲ့စည်း ထားတဲ့ ဒို့ တပ်မတော်ရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာ တွေကို အသက်နှင့် လဲပြီး ကာကွယ် စောင့်ရှောက် ကြရမယ်။

ရဲဘော်တို့ အနေဖြင့် ကိုယ့်တာဝန် ကိုယ်သိရှိပြီး တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန် ကျေပွန်မှု တွေနဲ့ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် ကြဖို့ မှာကြား လိုပါတယ်။

ရဲဘော်တို့

ယနေ့ ဒို့ တပ်မတော်ကို ပြောင်းလဲ တိုးတက်နေတဲ့ ခေတ်နဲ့ အညီ ခေတ်မီ တပ်မတော် အဖြစ်  ပြုပြင် ပြောင်းလဲ တည်ဆောက် လျက်ရှိတယ်။

ဒီလို ပြုပြင် ပြောင်းလဲ တည်ဆောက် ရာမှာ  အတိတ်က အားနည်းချက် တွေကို မှန်ကန်စွာ သုံးသပ်ပြီး လက်ရှိ ပြောင်းလဲ ဖြစ်ပေါ် တိုးတက် နေတဲ့ စစ်မှု နည်းပညာ ရပ်ပိုင်း ဆိုင်ရာတွေ နဲ့အညီ ကြိုးပမ်း တည်ဆောက် သွားကြ မှသာ နိုင်ငံတော်ကို စွမ်းအားပြည့် ကာကွယ် စောင့်ရှောက် နိုင်မှာပဲ ဖြစ်တယ်။

အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက် မြင့်မားတဲ့ ခေတ်မီ မျိုးချစ် တပ်မတော် တည် ဆောက်ရေးဟာ နိုင်ငံတော် ကာကွယ်ရေး စွမ်းအား တိုးတက်မှု အတွက် အဓိက ဖြည့်ဆည်း ထမ်းဆောင် ရမယ့် တာဝန် တစ်ရပ်လည်း ဖြစ်တယ်။

နိုင်ငံ စွမ်းအားကို တည်ဆောက် ရာမှာ နိုင်ငံရေး စွမ်းအား၊ စီးပွားရေး စွမ်းအား၊ ကာကွယ်ရေး စွမ်းအား ခိုင်မာ တောင့်တင်းဖို့ လိုအပ်တယ်။

ဒို့ တပ်မတော် အတွက် ကာကွယ်ရေး စွမ်းအား ဟာ အရေးကြီးတယ်။

ဒို့ နိုင်ငံတော်ရဲ့ သမိုင်းကြောင်းမှာ ကာကွယ်ရေး စွမ်းအား တောင့်တင်း ခိုင်မာ ချိန်တွင် ပထမ မြန်မာ နိုင်ငံတော်၊ ဒုတိယ မြန်မာ နိုင်ငံတော်၊ တတိယ မြန်မာ နိုင်ငံတော် များအဖြစ် ခမ်းနား ထည်ဝါစွာ ရပ်တည် နိုင်ခဲ့ပေမယ့် အင်အား တောင့်တင်းပြီး ကျစ်လျစ် ခိုင်မာတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် တည်ဆောက် နိုင်မှု မရှိခဲ့ ခြင်းကြောင့် တို့ရဲ့ အချုပ်အခြာ အာဏာဟာ ဆုံးရှုံးခဲ့ရ ဖူးတယ်။

အစဉ်အလာ အရ ဂုဏ်ရှိန်ဝါ ကြီးမားခဲ့တဲ့  ဒို့ နိုင်ငံတော်နဲ့ တို့လူမျိုး တွေရဲ့ သမိုင်းကြောင်း တစ်လျှောက်မှာ သူ့ကျွန်ဘဝ ရောက်ခဲ့ရတဲ့ ခေတ်လောက် နိမ့်ကျ ခဲ့တာ မရှိဘူးလို့ ဆိုနိုင်တယ်။

ဒါကြောင့် နိုင်ငံတော် အချုပ်အခြာ အာဏာ လက်လွတ် မဆုံးရှုံး စေဖို့နဲ့ ပြည်သူ လူထုကို ကာကွယ် စောင့်ရှောက်နိုင် ဖို့အတွက် ဒို့ တပ်မတော် အနေနဲ့ ခေတ်မီ တပ်မတော် အမြဲတမ်း ဖြစ်နေဖို့ လိုတယ်။

ဒီလို ဖြစ်ဖို့ အတွက် ''အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော် တည် ဆောက်ရေး'' ဆိုတဲ့ ဒို့ တပ်မတော်ရဲ့ ရည်မှန်းချက် တာဝန်ကို ရဲဘော်တို့ အပါအဝင် တပ်မတော်သား အားလုံးက  ဖော်ဆောင် ကြရမှာ ဖြစ်တယ်။

ရဲဘော်တို့

တပ်မတော်ရဲ့ စစ်အင်ဂျင် နီယာ ခေါင်းဆောင် ငယ်များအဖြစ် တာဝန် ထမ်းဆောင် ရမယ့် ရဲဘော် တို့ဟာ မိမိ ကွပ်ကဲ ရမဲ့ လက်အောက် တပ်ဖွဲ့ဝင် တွေကို  မှန်ကန်တဲ့  ခေါင်းဆောင်မှု ပေးနိုင်ဖို့ လိုတယ်။

ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆) ရပ်နဲ့ အညီ ကွပ်ကဲ အုပ်ချုပ် နိုင်ဖို့ မိမိ ကိုယ်တိုင် စစ်ရေး စွမ်းရည်၊ စည်းရုံးရေး စွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည် ဆိုတဲ့ စွမ်းရည် သုံးရပ်နဲ့ ပြည့်စုံ နေအောင် အစဉ်အမြဲ စံနမူ နာပြ ဖြစ်နေ ရမှာ ဖြစ်တယ်။

စစ်ရေး စွမ်းရည်နှင့် ပတ်သက် လာရင် ရဲဘော်တို့ဟာ အတတ်ပညာ ရှင်တွေ  ဖြစ်သည်နှင့် အညီ တပ်မတော် တစ်ရပ်လုံးရဲ့ စစ်မှုရေးရာ ပြောင်းလဲမှု ဖြစ်စဉ် အလိုက် ပြောင်းလဲ တည်ဆောက် ဖြည့်ဆည်း ပေးနိုင်တဲ့ သိပ္ပံနှင့် နည်းပညာ စွမ်းရည်များ၊ သုတေ သနနှင့်  တီထွင် ကြံဆ ဆောင်ရွက်မှု စွမ်းရည်များလည်း ထက်မြက် နေရမှာ ဖြစ်တယ်။

ဒို့ တပ်မတော် ရဲ့ စစ်ရေးစွမ်းရည် ထက်မြက်ဖို့ အတွက် ရဲဘော်တို့ တစ်ဦးချင်း စီ၏ ပင်ကိုယ် စွမ်းရည် ထူးချွန် ထက်မြက်ဖို့ လိုသလို အသုံးပြု ရမဲ့ လက်နက်၊ ယာဉ်၊ ယန္တရား စက်ပစ္စည်း ကိရိယာ များရဲ့ စွမ်းပကား များလည်း မြင့်မား နေဖို့ လိုအပ်ပြီး ရှိပြီးသား၊ တီထွင်ပြီးသား စစ်လက်နက် ပစ္စည်း ကိရိယာ များနဲ့ စစ်သည် တစ်ဦးချင်း အလိုက် လေ့ကျင့်သား ပြည့်ဝ ဖို့နှင့် စစ်နည်း ဗျူဟာ ကျင့်သုံးမှု မှန်ကန်မှု ရှိစေရေး ဆောင်ရွက် ဖို့လည်း လိုအပ်ကြောင်း မှာကြား လိုတယ်။

စည်းရုံးရေး စွမ်းရည်မှာလည်း တပ်တွင်း စည်းရုံးရေး၊ တပ်ပြင် စည်းရုံးရေး နှစ်ရပ် လုံးကို တည်ဆောက် နိုင်စွမ်း ရှိရမယ်။

နိုင်ငံတော် ကာကွယ်ရေး တာဝန်အတွက် ဦးစီး ဦးဆောင် ပြုလုပ်မယ့် တပ်မတော်ဟာ စည်းလုံး ညီညွတ်တဲ့ တပ်မတော် ဖြစ်ရမည့် အပြင် စွမ်းရည် ရှိသော တပ်မတော် ဖြစ်အောင်လည်း တည်ဆောက်ဖို့ လိုအပ်တယ်။

စည်းရုံးရေး ဆိုတာမှာ မိမိ သိသလို အများ သိအောင်၊ မိမိ ယုံကြည်သလို အများ ယုံကြည် အောင်၊ မိမိခံယူ သလို အများက ခံယူအောင် ပြုလုပ်နိုင်စွမ်းပဲ ဖြစ်လို့ မိမိတို့ရဲ့ ပြုမူ လုပ်ဆောင် ချက်များ ကောင်းဖို့နှင့် တစ်ဦးချင်း စီ၏ ပင်ကိုယ် အရည် အသွေးနှင့် အရည်အချင်း ရှိဖို့ လိုအပ်တယ်။

အုပ်ချုပ်ရေး စွမ်းရည်နဲ့ ပတ်သက်ရင် ရဲဘော်တို့ဟာ အသိ ပညာရှင်၊ အတတ် ပညာရှင်များ ဖြစ်သော်လည်း တပ်မတော် သားများ ဖြစ်တဲ့အတွက် တပ်ရဲ့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာ လုပ်ငန်းများ ကိုလည်း နားလည် တတ်ကျွမ်းအောင် ဆက်လက် လေ့လာဖို့ လိုအပ် တယ်။

အုပ်ချုပ်ရေး စွမ်းရည်ကျလျှင် စစ်ရေး စွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်များပါ ကျဆင်း နိုင်တယ်။
 

 စစ်စည်းကမ်း လိုက်နာမှု အပိုင်း၊ စီမံ ခန့်ခွဲမှု အပိုင်းများတွင် စနစ်တကျ လုပ် ဆောင်ဖို့ လိုတဲ့အပြင် အုပ်ချုပ်မှုကို အထောက်အကူ ပြုတဲ့ ခေတ်မီ ကိရိယာ တွေကို  တီထွင် ထုတ်လုပ် နိုင်အောင်လည်း ကြိုးပမ်း ကြရမယ်။

ရဲဘော်တို့

''အင်ဂျင် နီယာ စွမ်းပကား တပ်မတော် အား'' ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ရဲဘော် တို့လို အတတ် ပညာ ရှင်တွေ၊ အသိပညာ ရှင်တွေရဲ့ ကြိုးပမ်း ဆောင်ရွက် မှုဟာ ဒို့ တပ်မတော်ကို  အင်အား တောင့်တင်းပြီး စွမ်းရည် ပြည့်ဝတဲ့ ခေတ်မီမျိုးချစ် တပ်မတော် တစ်ရပ် ဖြစ်လာ အောင် တည်ဆောက်တဲ့ နေရာမှာ အထူး လိုအပ်တယ်။

ဒါကြောင့် သင်ကြား ပေးလိုက်တဲ့ အတတ်ပညာ တွေကို စဉ်ဆက်မပြတ် ဆည်းပူး လေ့လာပြီး ဘာသာရပ် ဆိုင်ရာမှာ ကျွမ်း ကျင်တဲ့ အင်ဂျင်နီယာ ပညာရှင်တွေ ဖြစ်အောင် ''ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင်'' ဆိုတဲ့ တပ်မတော် နည်းပညာ တက္ကသိုလ်ရဲ့ လမ်းညွှန် ဆောင်ပုဒ် အတိုင်း အမြဲကြိုးပမ်း ဆောင်ရွက် ကြဖို့ လိုတယ်။

ရဲဘော်တို့

ဒီကနေ့ ကမ္ဘာ့ နိုင်ငံတွေရဲ့ အခြေအနေ တွေကို လေ့လာဆန်းစစ် ကြည့်မယ် ဆိုရင် ယနေ့ ခေတ်ဟာ ITခေတ် ဖြစ်လာပြီး နည်းပညာနှင့် ပတ်သက်လျှင် နိစ္စဓူဝ ပြောင်းလဲမှု များဟာ  အလွန်မြင့်မား လာတာကို တွေ့ရမှာ ဖြစ်တယ်။

ဒါကြောင့် ဒို့ တပ်မတော်ကို ပြောင်းလဲ လာတဲ့  နည်းပညာ များနှင့် အမီလိုက် နိုင်ဖို့ ရဲဘော်တို့ အနေနဲ့ မိမိတို့ရဲ့ မူလ တာဝန် ဖြစ်တဲ့  စစ်တိုက် နိုင်အောင်၊ တစ်နည်း အားဖြင့် နိုင်ငံတော် ကာကွယ်ရေး စွမ်းအား ထက်မြက် မြင့်မား နေအောင် စစ်ရေးကို အထောက်အကူ ပြုတဲ့ နည်းပညာနှင့် စစ်ပညာ ကျွမ်းကျင်မှု နှစ်ခုကို ပေါင်းစပ် လုပ်ဆောင်ခြင်း၊ တီထွင်ကြံဆ သုတေသန ပြုလုပ်ခြင်းများ စဉ်ဆက်မပြတ်  ဆောင်ရွက် နေကြရမှာ ဖြစ်တယ်။

ဒီကနေ့ ခေတ်သစ် စစ်ပွဲတွေမှာ C-4 ISR ဆိုတဲ့ ကွပ်ကဲမှု၊ ထိန်းချုပ်မှု၊ ဆက်သွယ်ရေး၊  ကွန်ပျူတာ၊ ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်း၊ ကင်းထောက်ခြင်း ဆိုတဲ့ စစ်ဘက်ဆိုင်ရာ သိပ္ပံပညာ ရပ်တွေနဲ့ စစ်နည်း ဗျူဟာတွေ ပေါင်းစပ်ပြီး ထိထိရောက်ရောက် ပစ်ခတ်နိုင်တဲ့  ခေတ်မီ လေယာဉ်၊ ရေယာဉ်၊ လက်နက်၊ ယန္တရားတွေ သာမက အာကာသ နည်းပညာ များပါ  ပေါင်းစပ် အသုံးပြု နေကြပြီ ဖြစ်တယ်။

နည်းပညာနှင့် လက်နက်စနစ် သာလွန်မှုဟာ ခေတ်သစ် စစ်ပွဲတိုင်းမှာ အဓိက အရေးပါ လာတာကို တွေ့ရတယ်။

ဒါ့ကြောင့် ရဲဘော်တို့ဟာ ဒီလို စဉ်ဆက်မပြတ် ပြောင်းလဲ တိုးတက်နေတဲ့ ခေတ်မီ လက်နက် စနစ်နဲ့ နည်းပညာ တွေကို နိုင်ငံ တော်ရဲ့ ဓနဥစ္စာ တောင့်တင်း လာချိန်မှာ ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြု နိုင်အောင်  အမြဲ မပြတ် လေ့လာ ဆည်းပူး နေကြရမယ်၊ သုတေသန ပြုနေ ကြရမှာ ဖြစ်တယ်။  ဒါ့အပြင်  ကိုယ်တိုင် ထိုးထွင်း ကြံဆပြီး တီထွင် ထုတ်လုပ် နိုင်တဲ့ ပညာရှင်တွေ ဖြစ်လာတဲ့ အထိ အပတ် တကုတ် ကြိုးစား ဆောင်ရွက် ကြရမယ်။

အနာဂတ် ခေတ်မီ တပ်မတော်ဟာ ရဲဘော် တို့လို အသိ ပညာရှင်၊ အတတ် ပညာရှင် တွေရဲ့ မျိုးချစ်စိတ်၊ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ တီထွင် ကြိုးစား အားထုတ်မှု အပေါ် မူတည် နေတယ် ဆိုတာ စွဲမြဲယုံကြည် ထားကြရမယ်။

ရဲဘော်တို့

ခေါင်းဆောင် ငယ်များအဖြစ် တာဝန်ယူကြ ရတော့မယ့် ရဲဘော်တို့ဟာ အထက်က ပြောခဲ့တဲ့ အရည် အချင်းတွေနဲ့ ကိုယ်တိုင်ပြည့်စုံ ရုံသာမက မိမိကွပ်ကဲ ရတဲ့ တပ်ဖွဲ့ဝင် တွေကိုလည်း  ပြည့်စုံအောင် ဖြည့်ဆည်း နိုင်ရမယ်။

စစ်ဘက် ခေါင်းဆောင်ဆိုတာ တပ်ကို ကောင်းအောင် တည်ဆောက် နိုင်ရမယ်။ အခက်အခဲ အကျပ်အတည်း မှန်သမျှ ရင်ဆိုင် ကျော်လွှား နိုင်ရ မယ်။ မိမိ တပ်ဖွဲ့ကို တက်ညီ လက်ညီ စုပေါင်း ဆောင်ရွက် နိုင်စွမ်း ရှိအောင် ဖွဲ့စည်းထား နိုင်ရမယ်။

ဒီလို ဖြစ်ဖို့ အတွက် မိမိကိုယ်ကို စံနမူနာ ပြဖြစ်အောင် ကျင့်ကြံ ရမယ်။
ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားမှု ရှိရမယ်။
ကွပ်ကဲမှုနဲ့ ကြီးကြပ်မှု ကောင်းပြီး အပင်ပန်း အဆင်းရဲခံ နိုင်ရမယ်။

ထုတ်ပြန် ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက် တွေကို တိတိကျကျ လိုက်နာ ထိန်းသိမ်းပြီး စည်းကမ်းနဲ့ ကျင့်ဝတ် သိက္ခာပိုင်း မှာလည်း ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆)ရပ်နှင့် အညီ စံနမူ နာပြ နေထိုင်ကျင့်ကြံ သွားဖို့ လိုတယ်။

ဒါ့အပြင် တပ်မတော်ရဲ့ မွန်မြတ်တဲ့ အစဉ်အလာ (၁၂)ရပ်ကို အသက်နှင့် ထပ်တူ စောင့်ထိန်းမယ် ဆိုတဲ့ တပ်မတော် သားကောင်း စိတ်ဓာတ်လည်း ရှိကြရမယ်။ ဒါမှ ရဲဘော်တို့ဟာ ငယ်သားတွေရဲ့ အားကိုး ယုံကြည်မှုကို ခံယူ ရရှိတဲ့ အောင်မြင်တဲ့ ခေါင်းဆောင် ငယ်များ ဖြစ်လာမှာ ဖြစ်ကြောင်းနဲ့ ဒီခေါင်းဆောင် မှုတွေ စုပေါင်းပြီး တပ်ကို တပ်တိုင်း ရဲဘော်တိုင်းမှာ ရှိရမည့် အခြေခံ အရည်အချင်း ငါးပါးနဲ့ ပြည့်စုံပြီး မြဲ ၃ မြဲနှင့် အညီ ရဲ၃ရဲ ဆောင်ရွက် သွားကြဖို့ မှာကြား လိုတယ်။

ရဲဘော်တို့

ဒို့ တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန် ဖြစ်ပြီး နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊ နိုင်ငံတော် အဝန်း အဝိုင်း အတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တို့ကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် သွားရေး တို့ပဲ ဖြစ်တယ်။

Comrades,

The prime task of our Tatmadaw is national defence, perpetuation of independence and sovereignty, stability of the entire state and safeguard 2008 Constitution.


ဒို့ တပ်မတော်ဟာ တည်ငြိမ် အေးချမ်းမှုနှင့် လူမှု စီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အဆင့်ဖြစ်မြောက် အကောင်အထည် ဖော်မှု တိုင်း၌ မူဝါဒနှင့် အညီ အပြည့်အဝ လိုက်နာ စောင့်ထိန်း ကျင့်သုံးလျက် ရှိပါတယ်။

ပြည်တွင်း ငြိမ်းချမ်းမှု ရရှိရေး အတွက် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း မူဝါဒ ၅ ချက်၊ ပြည်ထောင်စု အဆင့် ဆွေးနွေးခြင်း မူဝါဒ ၈ ချက်နှင့် အညီ စိတ်ကောင်း စေတနာ ကောင်းဖြင့် မှန်ကန်စွာ ဆောင်ရွက်လျက် ရှိတယ်။
 

ထာဝရ ငြိမ်းချမ်းရေး ရှေးရှုပြီး နိုင်ငံတော် အစိုးရနှင့် လက်တွဲ ဆောင်ရွက် လာတဲ့ နေရာဒေသ မှန်သမျှ မှာလည်း တရား ဥပဒေ စိုးမိုးရေး ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒို့ တပ်မတော်သား တွေက ကိုယ်ရော စိတ်ပါ အင်တိုက် အားတိုက် ကူညီ ဆောင်ရွက် ပေးလျက် ရှိသလို သဘာဝ ဘေးအန္တရာယ် ကြုံလာချိန် မှာလည်း နေရာ အရောက် အမြန်ဆုံး သွားရောက်ပြီး အရေးပေါ် ကူညီ ကယ်ဆယ်ရေး ကိစ္စရပ်များ၊ ကျန်းမာရေးနှင့် လူမှုရေး ဆိုင်ရာ ကိစ္စရပ် များကို ဒေသခံ အစိုးရ အဖွဲ့များ၊ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက် ပေးလျက် ရှိတယ်။

ဒါ့ကြောင့်လည်း ဒေသခံ ပြည်သူများက တပ်မတော်နှင့် တပ်မတော်သား များအပေါ် စေတနာ၊ မေတ္တာ၊ အပြည့်အဝ တုံ့ပြန်မှုများ အဖြစ် တပ်မတော်နှင့် အတူ လက်တွဲ ပူးပေါင်း ပါဝင် ဆောင်ရွက်လျက် ရှိကြပါတယ်။

ဒါဟာ ဒို့ တပ်မတော်က အမျိုးသား နိုင်ငံရေးကို အလေးထား ဆောင်ရွက်ခြင်း ဖြစ်လို့ ရဲဘော်တို့ အနေနဲ့လည်း ရောက်ရာ ဒေသ အသီးသီးမှာ ပြည်သူ တွေရဲ့ လိုအပ်ချက်၊ လိုလားချက် များကို ဥပဒေနှင့် အညီ တတ်နိုင်သည့် ဖက်မှ  ဝိုင်းဝန်း ကူညီ  ဖြည့်ဆည်း ဆောင်ရွက် ပေးသွားကြဖို့ မှာကြား လိုတယ်။

I’d like to urge you to support needs and requirements of regional people in respective regions where you are posted as much as you can since our Tatmadaw is emphasizing national politics with great effort.

ဒို့ တပ်မတော်ရဲ့ ယုံကြည်ချက်၊ ခံယူချက် ဆိုတာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြို ကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန် အရေး သုံးပါးပဲ ဖြစ် တယ်။

ရဲဘော်တို့ အနေနဲ့လည်း ဒို့တာဝန် အရေး သုံးပါးကို အစဉ် ဦးထိပ် ထားပြီး  နယ်မြေခံ တိုင်းရင်းသား ညီအစ်ကို မောင်နှမ တွေရဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ တစ်တပ် တစ်အား ပါဝင်ကူညီ ဆောင်ရွက်ပြီး ကျစ်လျစ် ခိုင်မာတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးကို တည်ဆောက် သွားကြဖို့ မှာကြား လိုတယ်။

ရဲဘော်တို့

ဒီလို တည်ဆောက်ဖို့ လိုအပ်တဲ့ အကြောင်း အရာက ဒို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုးစု  တစ်ရာကျော် စုပေါင်း နေထိုင်တဲ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖြစ်နေလို့ပဲ ဖြစ်တယ်။

ဒါ့ကြောင့် တိုင်းရင်းသား အားလုံး ဥမကွဲ/ သိုက်မပျက် ချစ်ချစ် ခင်ခင် စည်းစည်း လုံးလုံး အေးအတူ ပူအမျှ ရှိကြမှသာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာဟာ အစဉ်သဖြင့်  တည်တံ့ ခိုင်မြဲနေမှာ ဖြစ်တယ်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ဖို့ ဆိုတဲ့ နေရာမှာ ဒို့တိုင်းရင်းသား အားလုံးဟာ ''စစ်မှန်တဲ့ မျိုးချစ် စိတ်ဓာတ် ''တစ်နည်း အားဖြင့် ''ပြည်ထောင်စု စိတ်ဓာတ်''ရှိဖို့ လိုတယ်။

ဒါကြောင့် ရဲဘော်တို့ဟာ တာဝန်ကျရာ နယ်မြေ ဒေသက တိုင်းရင်းသား တွေကို ပြည်ထောင်စု စိတ်ဓာတ် ခိုင်မာ လာအောင် စည်းရုံး ဆောင်ရွက် သွားရမယ်။ စစ်သည်တော် ကျင့်ဝတ်ကို  လိုက်နာ ကျင့်သုံးခြင်း၊ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို တိတိကျကျ လိုက်နာခြင်းဖြင့် ပြည်သူ လူထုရဲ့ ယုံကြည်ကိုးစား ချစ်ခင်မှုကို ရရှိပြီး အခက်အခဲ မှန်သမျှကို ပြည်သူ လူထုနဲ့ အတူ ဖြေရှင်း နိုင်မှာပဲ ဖြစ်တယ်။

ရဲဘော်တို့

နိဂုံးချုပ် အနေနဲ့  မှာကြား လိုတာကတော့-

Comrades,

In conclusion, I would like to urge you that -

- ဒို့ တပ်မတော်ကို ခေတ်မီ တပ်မတော် အဖြစ် တည်ဆောက်တဲ့ နေရာမှာ ရဲဘော်တို့ရဲ့ အတတ် ပညာ စွမ်းပကားကို ထိထိ ရောက်ရောက် အသုံးချ နိုင်အောင် ကြိုးစားကြပါ။

-You must be able to give efficient service using your expertise for building modern Tatmadaw.

- ဒို့ တာဝန် အရေး သုံးပါးကို ဦးထိပ် ပန်ဆင်ပြီး တပ်မတော်ရဲ့ အစဉ်အလာ (၁၂)ရပ်ကို အသက်ပေး စောင့်ထိန်းမယ့် မျိုးဆက်သစ် ခေါင်းဆောင်များ ဖြစ်အောင် ကျင့်ကြံ ဆောင်ရွက် ကြပါ။

 - Ensure that you become the leaders of new generation who keep Three Main National Causes in mind and will defend the Twelve Noble Traditions of Tatmadaw even at the cost of your lives.

- တာဝန်ကျရာ ဒေသက တိုင်းရင်းသား ညီအစ်ကို မောင်နှမ တွေရဲ့ တည်ငြိမ်ရေးနဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကျရာ အခန်း ကဏ္ဍက ဥပဒေနှင့် အညီ အတတ်နိုင်ဆုံး ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးပြီး ကျစ်လျစ် ခိုင်မာတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ရှိအောင်  တည်ဆောက် သွားကြပါ။

 - Join hands with the local national brethrens and sisters wherever you are posted in implementation of the regional stability and development projects as much as you can in accordance with law and build a solidified and strengthened national unity.

- စစ်မှုရေးရာ တော်လှန် ပြောင်းလဲမှု ဖြစ်စဉ် အလိုက် မျက်ခြည် မပြတ်  လေ့လာ စောင့်ကြည့် ပြီး နိုင်ငံ တကာနဲ့ ရင်ပေါင်တန်း နိုင်တဲ့ အသိ ပညာရှင် အတတ် ပညာရှင် အရာရှိ ကောင်းများ ဖြစ်အောင် ကြိုးပမ်း အားထုတ်ကြပါ။

 - Strive to become technicians who can keep abreast with international level by watching continuously changes of Revolution in Military Affairs.

- အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ် တပ်မတော် တည် ဆောက်ရေး ဆိုတဲ့ တပ်မတော်ရဲ့ ရည်မှန်းချက် တာဝန်ကို  လိုက်နာ ဖော်ဆောင် ကြပါ။

- Discharge the duty of building strong, capable, modern and patriotic Tatmadaw as the objectives of Tatmadaw.

- ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမို ကရေစီ နိုင်ငံတော်ကြီး အဖြစ် လျှောက်လှမ်း ရာမှာ  နိုင်ငံ တော် အစိုးရ၊ ပြည်သူ လူထုနဲ့ အတူ ကျရာ အခန်းကဏ္ဍ များတွင် ဥပဒေနှင့် အညီ တတ်နိုင် သမျှ ပူးပေါင်း လက်တွဲပြီး ကြိုးပမ်း ဆောင်ရွက် သွားကြပါလို့ မှာကြားရင်း နိဂုံးချုပ် လိုက်ပါ တယ်။    ။

 - Join hands with government of the nation and people in building a modern, developed, and democratic nation lawfully whichever role you are assigned. With this, I conclude my speech.


From : မြဝတီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ