ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

14 December 2012

အဂတိလိုက်စားနေသမျှ အဆင့်မြင့်သည့် နိုင်ငံဖြစ်မည်မဟုတ်ဟုဆို

အဂတိလိုက်စားနေသမျှ အဆင့်မြင့်သည့် နိုင်ငံဖြစ်မည်မဟုတ်ဟုဆိုတိုင်းပြည် တစ်ပြည်သည် အဂတိ လိုက်စား နေသမျှ အဆင့်မြင့်သည့် နိုင်ငံ ဖြစ်လာမည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီဇင်ဘာ ၈ ရက်တွင်ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ ယင်းပါတီ ရုံးချုပ်၌ ပြုလုပ်ခဲ့သော ၉၂ ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့အစီအစဉ်တွင် ၄င်းက အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

“တိုင်းပြည်တစ်ပြည်ဟာ အဂတိ လိုက်စားနေသမျှ လာဘ်ပေးလာဘ်ယူ ကိန်းအောင်းနေသမျှ တိုင်းပြည်ဟာ ဘယ်တော့မှ အဆင့်မြင့်တဲ့ နိုင်ငံဖြစ်မှာမဟုတ်ဘူး။ စနစ်ပြောင်းတဲ့ခေတ်မှာတောင် ၂၀၁၂ ခုနှစ် ဂျာမဏီနိုင်ငံက ထုတ်ပြန်တဲ့ လာဘ်ပေးလာဘ်ယူ ကမ္ဘာ မှာ အများဆုံးငါးနိုင်ငံထဲမှာ ကိုယ့်နိုင်ငံ ပါဝင်နေတယ်”ဟု ၄င်းက ရှင်းလင်းပြော ကြားသည်။
ကမ္ဘာပေါ်တွင် လာဘ်ပေးလာဘ်ယူ အများဆုံးငါးနိုင်ငံမှာ ဆိုမာလီ၊ အာဖဂန် နစ္စတန်၊ မြောက်ကိုရီးယား၊ ဆူဒန်၊ မြန်မာနိုင်ငံတို့ဖြစ်ကြောင်း၊ထိုထဲတွင် မိမိတို့နိုင်ငံမှာ ယခုအချိန်အထိ နာမည် ဆိုးဖြင့် ကျော်ကြားနေသည့်နိုင်ငံများ စာ ရင်းတွင် ပါဝင်နေဆဲဖြစ်ကြောင်း ၄င်းက ပြောသည်။
“တိုင်းပြည် အကျပ်အတည်းမှာ လူ တွေက အလုပ်အကိုင်မရှိလို့ ဆင်းရဲတာ၊အလုပ်အကိုင်ဖော်ထုတ်ပေးရင် ပထမ အဆင့်ပြေလည် သွားနိုင်တယ်။ လက်ရှိ လည်ပတ်နေတဲ့ ကုန်ဈေးနှုန်းနဲ့ မိမိငွေ ကြေးပမာဏ လိုက်လျောညီထွေမှုမရှိဘူး။ ကုန်ဈေးနှုန်းက မြင့်တက် လာပြီး ငွေကြေး က နိမ့်ကျနေလို့ ဒီပြဿနာကြီးထွားလာ ရတာဖြစ်တယ်”ဟု တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးကျော်က ၄င်း၏ အမြင်ကို ပြောကြားသည်။
၉၂ ကြိမ်မြောက် အမျိုးသားအောင် ပွဲနေ့ အခမ်းအနားအစီအစဉ်တွင် နိုင်ငံ တော်အလံအား အလေးပြုခြင်း၊ စာတမ်း ဖတ်ကြားခြင်း၊ မီဒီယာများ၏ မေးမြန်း ချက်ကို ဖြေကြားခြင်းများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။



ရိုးရာလေး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ