ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

14 December 2012

ဆယ်နှစ်ကြာ အပိတ်ခံခဲ့ရသည့် ရှမ်းရိုးရာ ပြက္ခဒိန် ရုပ်ပုံပြန်လည် အသုံးပြုခွင့်ရရှိ

ဆယ်နှစ်ကြာ အပိတ်ခံခဲ့ရသည့် ရှမ်းရိုးရာ ပြက္ခဒိန် ရုပ်ပုံပြန်လည် အသုံးပြုခွင့်ရရှိရှမ်းရိုးရာ ဓလေ့ အစဉ်အလာ အရ ရှမ်းနှစ်ကူး ပြက္ခဒိန်များ ထုတ်ဝေရာတွင် ဆယ်စုနှစ် တစ်ခုကျော် အကြာ စာပေစိစစ် ရေးမှ ပိတ်ပင် ထားခဲ့သော ပြက္ခဒိန်ရုပ်ပုံ ကို ပြန်လည်အသုံးပြုခွင့်ရပြီဖြစ်ကြောင်း ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

“လွန်ခဲ့တဲ့ ၁၁ နှစ်ကျော်လောက် ကတည်းကပုံပါ၊ အခုမှ ပြန်သုံးခွင့်ရတာ။ အရင်က စာပေစိစစ်ရေးက တားမြစ်ထား တယ်”ဟု ယင်းအသင်းမှ ကိုစိုင်းလိုင်းယန် ကပြောသည်။

ပြက္ခဒိန်၏ ရုပ်ပုံတွင် ရှမ်းတို့၏ ရိုး ရာဓလေ့အရ စော်ဘွားများထီးဖြူဆောင်း ၍ ရိုက်နှိပ်ထားသောပုံဖြစ်ပြီး စော်ဘွား အဖြစ် အဆိုတော် စိုင်းထီးဆိုင် (ကွယ်လွန်) က သရုပ်ဆောင်ထားသည်။
ယင်းကဲ့သို့ ရှမ်းစော်ဘွား များ၏ အ ဆောင်အယောင်တွင် ထီးဖြူဆောင်း သော ဓလေ့မှာ ရှေးယခင်ကတည်းကပင် ရှိခဲ့ပြီး အဆိုပါ ထီးဖြူများ ပါဝင်နေခြင်း ကြောင့် စာပေစိစစ်ရေးမှ တားမြစ်ခဲ့သည် ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
ယခင်အစိုးရ၏ ကန့်သတ်မှုများနှင့် ဖိနှိပ်မှု များကြားတွင် စော်ဘွားများအဖြစ်အသိမှတ်ပြုခြင်း မခံခဲ့ရကြောင်း၊ လက်ရှိ အချိန်တွင် စော်ဘွားနွယ်ဝင် များမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး ရှမ်းမျိုး နွယ်စုများအနေဖြင့်သာ စော်ဘွားများ အဖြစ် လေးစားစွာအသိအမှတ်ပြု နေ ကြောင်း၎င်းထံမှ သိရသည်။
ရှမ်းရိုးရာနှစ်ကူးပွဲတော်ကို နတ် တော်လဆန်း ၁ ရက်နေ့တွင် နှစ်စဉ် ကျင်းပခဲ့ပြီး တန်ဆောင်မုန်းလကွယ်ည တွင် ပျော်ပွဲရွှင်ပွဲများဖြင့် နှစ်သစ်ကို ကြို ဆိုကြသည်။
၎င်းရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ကို BC 94 တွင် မိုင်းမောပြည်ကို စတင်တည်ထောင်ချိန်မှစ၍ ကျင်းပခဲ့ပြီး နှစ်သစ်ကို ဂါရဝပြုခြင်းဖြစ်ကြောင်း ဒေသထွက် ကောက်သစ်စပါးများ၊ သီးနှံများ၊ လှူဖွယ် ပစ္စည်းများဖြင့် ရဟန်းသံဃာတော်တို့ အား ဆက်ကပ်လှူဒါန်းလေ့ရှိကြောင်းသိ ရသည်။
“နှစ်သစ်မှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ လုပ်ငန်းဆောင်တာတွေ ကို အောင်မြင်ပြီးဆုံးအောင် လုပ်နိုင်လိမ့် မယ်လို့ ယုံကြည်ပြီး နှစ်သစ်ကို ဂါရဝပြု ပါတယ်”ဟု ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောကြားသည်။


ရိုးရာလေး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ