ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

14 December 2012

ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးမှု လုပ်နည်း လုပ်ဟန် မှန်ကန်ဖို့ လိုအပ်

ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးမှု လုပ်နည်းလုပ်ဟန် မှန်ကန်ဖို့ လိုအပ်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် များက တရားခံ၊ မသင်္ကာသူများ၊ အရေးယူ ဆောင်ရွက်ရသူ များအား ဖမ်းဆီးရာ တွင် လုပ်နည်း လုပ်ဟန် မှန်ကန်ရန် လို အပ်နေကြောင်း ဒုရဲမှူးအငြိမ်းစား ဦး မောင်မောင်သက်က ပြောသည်။

“ရဲတပ်ဖွဲ့မှာ လူတစ်ယောက်ကို ဖမ်းဆီးတဲ့အခါ လက်လက်ချင်း၊ တုတ် တုတ်ချင်းပဲ ဖမ်းရတယ်။ နံပါတ်တုတ် ကိုင်တာ ဥပဒေရှိတယ်။ ကိုယ်လုပ်ချင်
တိုင်းလုပ်လို့ မရဘူး၊ အတတ်နိုင်ဆုံးနည်းပရိယာယ်သုံးရတယ်။ အခု သင် တန်းဆင်းတဲ့ ရဲတွေက ဖမ်းဆီးတဲ့နည်း သိပ်ပြီး နားမလည်ဘူး၊ ရဲမှာ ရဲကျင့်ဝတ် ရှိတယ်။ အဲဒါကို နားလည်ဖို့ လိုတယ်” ဟု ၄င်းက ပြောသည်။
လွန်ခဲ့သော နိုဝင်ဘာ ၂၉ ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့၌ ရွှေပြည်သာ မြို့နယ် မူးရစ်ရမ်းကားသူ အလုပ်သမား တစ်ဦး လှည့်ကင်းရဲ ၃ ဦးမှ လက်ထိတ် နောက်ပြန်ခတ်ပြီး ထိုးကြိတ်ကန်ကြောက် မှုကြောင့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ သည်။
ယင်းသို့ ရဲဝန်ထမ်းများ မဆင်မခြင် ဆောင်ရွက်မှုနှင့် ပတ်သက်၍ အငြိမ်းစား စခန်းမှူး ဦးမြင့်စိုးက “ရဲဆိုတာ ခေတ် အဆက်ဆက်ခိုင်းလို့ လုပ်ရတာ၊ အထွေ ထွေ မကျေနပ်မှုထဲမှာ ရဲလည်းပါတယ်။ သူတို့က ခိုင်းတာလုပ်၊ အလိုမပြည့်တော့ နောက်စားဝတ်နေရေးပါ မပြည့်စုံ၊ သဘာဝကျ၏ မကျ၏ မစဉ်းစားဘဲ လုပ် တာတွေပါတယ်။ ရဲတပ်ဖွဲ့မှာ ကူညီပါရ စေ ဆိုတာ နားထောင်ကောင်းတာပဲ ရှိ တယ်” ဟု ၄င်း၏ အမြင်ကို ပြောသည်။
ထို့အတူ ရန်ကုန်မြို့ရှိ ဒုရဲမှူး အဆင့်ရှိ ရဲအရာရှိတစ်ဦးက ညွှန်ကြား ချက်တွင် ရဲဝန်ထမ်းများအား အမိန့်ထုတ် ပြန်ထားပြီး တရားခံများအား မရိုက်ရဟု ဆိုသော်လည်း တစ်ခါတစ်ရံ ရဲတပ်ဖွဲ့ဝင် များက စိတ်မထိန်းနိုင်၍ ခြေလက်များပါ သည့် အဆင့်အထိ ရောက်သွားကြောင်း အချို့သော ရဲဝန်ထမ်းများသည် သင် တန်းဆင်းခါစများပင် ပါကြောင်း ပြော သည်။


ရိုးရာလေး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ