ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 December 2012

လက်ပံတောင်းကိစ္စ စုံစမ်းရေးကော်မရှင် ဖွဲ့သည့် သမ္မတရုံး၏ကြေငြာချက်တွင် မပါတော့သည့် အပိုဒ်က ၈၈ ဆူပူမှုလို ဖြစ်စေမည်လား


ပထမအကြိမ် ထုတ်ပြန်သည့် သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ်၊ ၉၂/ ၂၀၁၂ တွင် အောက်ပါ အတိုင်း ပါဝင်ခဲ့သည်။ နောက်ထပ် ထုတ်ပြန်သည့် အမိန့်တွင် ထိုအချက်မပါဝင်သဖြင့် မကျေမနပ် ဆန္ဒပြကြမည် ဖြစ်ကြောင့် FNG တွင် ဖော်ပြထားသည့် သတင်းအရ သိရသည်။

၂။ (င) ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာ တော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်၊

နောက်တစ်ကြိမ် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ အမှတ်၊ ၉၅/ ၂၀၁၂ တွင်တော့ ဆူပူမှုကို လိုလား သည့် ၈၈ မျိုး ဆက် ကျောင်းသားများ မပါဝင်တော့ သလို အချက်အချို့ လည်း ပြင်ဆင် ထားသည် ကို တွေ့ ရပေ သည်။

(င) ၎င်း စီမံကိန်းနှင့် ဆက်နွယ်၍ စိစစ်ရန် လိုသည်ဟု ကော်မရှင်က ယူဆသော အကြောင်း အရာများ၊

ထိုအခြေအနေတွင် ပြင်ဆင်ဖွဲ့ စည်းသည့် ကော်မတီ တွင် ကြေးနီမိုင်း သပိတ် အကြမ်းဖက် ဖြိုခွဲခံရ မှု အားစုံစမ်း စစ်ဆေးခြင်း မပါ ၀င်တော့ သဖြင့် ယခုလ ၈ ရက်နေ့  မှ စတင်ကာ ဒီဇင်ဘာ တော်လှန်ရေး ဟု အမည် ပေး ထား သည့် အထွေ ထွေ သပိတ် စတင် ရန် ကြေငြာချက်များ အင်တာနက်တွင် ပေါ် ထွက်လာ ခဲ့သည်။ ပြည်သူတွေ သတိရှိကြစေလိုသည်။ ၈၈ တို့ ၀င်မပါ။ ထို့နောက်တွင် ဆူပူမှု အတွက် ဘယ်သူတွေ တိုက်တွန်း ဦးဆောင်နေသလဲ။

ဆက်စပ်နှိုင်းယှဉ်နိုင်ရန်-
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၉၂/ ၂၀၁၂)

(1)ဒေါင်းအလံများ ကြော်ငြာပြီးသည့်နောက် ကော်မရှင်ဖွဲ့ပြီ

သပိတ်ကာလ တစ်လျှောက် လုံး နေရာအနှံ့မှာ ဒေါင်းအလံများ တွေ့ရသည်။ ဒေါ်အောင် ဆန်း စုကြည် ခရီးစဉ် သည် သံဃာတော်များ အတွက်ဟု ခေါင်းစဉ် တပ်သော်လည်း ဟောပြောပွဲ တစ်ခု ကဲ့သို့ပင် ပြီး သွား သည်။ အာဏာ မရမချင်း ကြားနေမည့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် စုံစမ်းရေးကော် မရှင် အား ယနေ့အောက်ပါ အတိုင်း ဖွဲ့စည်း လိုက်လေသည်။ တစ်လ အချိန်ရမည့် ဒေါ်စုနှင့် ၈၈ တို့ လုပ်ကြပေ တော့။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ အမှတ်၊ ၉၂/ ၂၀၁၂
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက် (၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်)

စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီ စီမံ ကိန်း တွင် ဖြစ်ပေါ်လျက်ရှိသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေ အမှန်ဖော် ထုတ်နိုင်ရန် အတွက် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို ဖွဲ့စည်း တာဝန်ပေး အပ်လိုက်သည်-

(က) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊  ရန်ကုန်တိုင်းဒေသကြီး၊ ကော့ မှူးမြို့ နယ် မဲဆန္ဒနယ်

(ခ) ဦးလွန်းသီ အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်

(ဂ) ဦးသန်းမြင့် အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်

(ဃ) ဒေါ်ခင်စန်းလှိုင် အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်

(င) ဦးဇော်မြင့်ဖေ အဖွဲ့ဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၅) မဲဆန္ဒနယ်

(စ) ဦးခင်မောင်ရီ အဖွဲ့ဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် (၆) မဲဆန္ဒနယ်

(ဆ) ဦးအောင်ကြည်ညွန့် အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  မကွေးတိုင်းဒေသကြီး၊ အမှတ် (၄) မဲဆန္ဒနယ်

(ဇ) ဦးခင်မောင်ဆွေ အဖွဲ့ဝင်၊ ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

(ဈ) ဦးမျိုးညွန့် အဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ

(ည) ဒေါက်တာဝင်းမောင် အဖွဲ့ဝင် Chairman, Myanmar Environmental Institute

(ဋ) ဦးကျော်တင့်ဆွေ အဖွဲ့ဝင် သံအမတ်ကြီး (ငြိမ်း) မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

(ဌ) ဦးမောင်မောင်အေး အဖွဲ့ဝင်  Senior Consultant on Social Assessment  Myanmar Environmental Institute

(ဍ) ဦးစိုးသိန်း (ခ) မောင်ဝံသ အဖွဲ့ဝင် စာရေးဆရာ

(ဎ) ဦးဝင်းထိန် အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန သတ္တုတွင်းဝန်ကြီးဌာန

(ဏ) ဦးမြင့်ဆွေ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

(တ) ဦးတင်မြင့် အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန

(ထ) ဦးလှမောင်သိန်း အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန

(ဒ) ဒေါက်တာဒေါ်ကေသီလွင် အဖွဲ့ဝင် ပါမောက္ခချုပ် (တာဝန်)၊ နည်းပညာတက္ကသိုလ် (သံလျင်)  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန

(ဓ) ဒေါက်တာဒေါ်မာလာအောင် အဖွဲ့ဝင်  ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်  ပညာရေးဝန်ကြီးဌာန

(န) ဦးအောင်နိုင်ဦး အဖွဲ့ဝင်  Myanmar Peace Center

(ပ) ဦးပေါ်ဦးထွန်း (ခ) မင်းကိုနိုင် အဖွဲ့ဝင်  (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့

(ဖ) ဦးကိုကိုကြီး အဖွဲ့ဝင်  (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့

(ဗ) ဒေါက်တာမြင့်သိန်း အဖွဲ့ဝင်  ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန  ကျန်းမာရေးဝန်ကြီးဌာန

(ဘ) ဦးနေဦး အဖွဲ့ဝင်  ဒုတိယညွန်ကြားရေးမှူး  စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန  ပြည်ထဲရေး ဝန်ကြီးဌာန

(မ) ဦးဝင်းကြည် အဖွဲ့ဝင် ဌာနကြီးမှူး၊ ထုတ်လုပ်မှုလုပ်ငန်းများဌာနြ ကီးမြန်မာ့စီးပွားရေးဦးပိုင်လီမိတက်

(ယ) ဒုတိယဗိုလ်မှူးကြီးအောင်သန်း အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန

(ရ) ဦးဗိုလ်သန်း အဖွဲ့ဝင် ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု  ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

(လ) ဦးအောင်ဇော်ဦး အဖွဲ့ဝင်  ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု  ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

(ဝ) ဦးဘိုဌေး အဖွဲ့ဝင် တုံရွာမ၊ တုံကျေးရွာအုပ်စု ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး 
(သ) ဦးစစ်မြိုင် အတွင်းရေးမှူး  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်ေ စေ ရး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်စေရေး တို့အတွက် သုံးသပ်ချက်နှင့် တကွ အကြံပြု တင်ပြရမည်-

(က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံ တကာ ပြဌာန်း ချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊

(ခ) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်ကောင်းကျိုးနှင့် ဆိုးကျိုးသ က်ရောက်မှုများ၊

(ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုး ရှိ/ မရှိ၊

(ဃ) ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများ၊

(င) ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာ တော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်၊

(စ) ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်/ မသင့်၊

(ဆ) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊

(ဇ) ကော်မရှင်၏ အထွေထွေ သုံးသပ်တင်ပြချက်နှင့် အကြံပြုချက်များ။

၃။ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ထမ်းဆောင်စဉ် အုပ်ချုပ်ရေးကိစ္စများအား သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တာဝန်ခံဆောင်ရွက်ပေးရမည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန် ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော် သမ္မတရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဖြည့်ဆည်း ပေးရမည်။

၎။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက် စာတမ်း များ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်း တို့ ဆောင်ရွက်ခွင့် ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် အရောက် အစီရင်ခံတင်ပြရမည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်



 


(2)ဆူပူဖို့သာ တတ်သည့် အသုံးမကျသူများ ဖယ်ထုတ်ပြီး ပြန်လည်ပြင်ဆင်သည့် စုံစမ်းရေး ကော်မရှင်

ဒီဇင်ဘာ ၁ ရက်က ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂ ရက်အကြာ ဒီဇင်ဘာ ၃ ရက်တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်သည်။ အဆိုပါကော်မရှင်တွင် မူလအဖွဲ့ဝင် ၃၀ ဦးရှိရာမှ ၁၆ ဦးဖြင့် ပြန်လည်ဖွဲ့စည်းထားသည်ကို တွေ့ရသည်။
စုံစမ်းရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်းကြောင်း ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
-------------------------------------------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ အမှတ်၊ ၉၅ / ၂၀၁၂
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက် (၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်)

စုံစမ်းစစ်ဆေးရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်းခြင်း
၁။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းသည့် အရေးကြီးအဆိုတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်/ မသင့်အတွက် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ပါဝင်သော “စုံစမ်းစစ်ဆေးရေး ကော်မရှင်” ကို ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ် လိုက်သည်-

(က) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်

(ခ) ဦးလွန်းသီ အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်

(ဂ) ဦးသန်းမြင့် အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်

(ဃ) ဒေါ်ခင်စန်းလှိုင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်

(င) ဦးဇော်မြင့်ဖေ အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၅) မဲဆန္ဒနယ်

(စ) ဦးမောင်မောင်အေး အဖွဲ့ဝင် Senior Consultant on Social Assessment
Myanmar Environmental Institute

(ဆ) ဦးဝင်းထိန် အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန
သတ္တုတွင်းဝန်ကြီးဌာန

(ဇ) ဦးမြင့်ဆွေ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

(ဈ) ဦးတင်မြင့် အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန

(ည) ဦးလှမောင်သိန်း အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန

(ဋ) ဒေါက်တာမြင့်သိန်း အဖွဲ့ဝင် ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန
ကျန်းမာရေးဝန်ကြီးဌာန

(ဌ) ဒုတိယဗိုလ်မှူးကြီးအောင်သန်း အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန

(ဍ) ဦးဗိုလ်သန်း အဖွဲ့ဝင် ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

(ဎ) ဦးအောင်ဇော်ဦး အဖွဲ့ဝင် ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

(ဏ) ဦးဘိုဌေး အဖွဲ့ဝင် တုံရွာမ၊ တုံကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

(တ) ဦးကျော်တင့်ဆွေ အတွင်းရေးမှူး သံအမတ်ကြီး (ငြိမ်း)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါ က်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးအတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည်-

(က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံ တကာ ပြဌာန်းချက် များ၊ ဆောင် ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊

(ခ) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ၊

(ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုး ရှိ/  မရှိ၊

(ဃ) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေ စိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊

(င) ၎င်း စီမံကိန်းနှင့် ဆက်နွယ်၍ စိစစ်ရန် လိုသည်ဟု ကော်မရှင်က ယူဆသော အကြောင်းအရာများ၊

(စ) ကော်မရှင်၏ အထွေထွေ သုံးသပ်ချက်နှင့် အကြံပြုချက်များ။

၃။ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ထမ်းဆောင်စဉ် အုပ်ချုပ်ရေးကိစ္စများအား သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တာဝန်ခံဆောင်ရွက်ပေးရမည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန် ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန် မှုဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တို့က ဖြည့် ဆည်း ပေးရမ ည်။ ဒေသခံ အာဏာပိုင် အဖွဲ့အစည်းများသည် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုပ်ငန်းများ ပူးပေါ င်း ဆောင် ရွက် ရမည်။

၎။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် လိုအပ်ချက်ရှိလျှင် လုပ်ငန်းကျွမ်းကျင်သူများ၊ အသိပညာရှင် အတတ်ပညာရှင်များကို နိုင်ငံတော်သမ္မတရုံး၏ စီစဉ်ပေးမှုဖြင့် တာဝန်ပေးအပ်နိုင်သည်၊

၅။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာ တမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်း တို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှု ကြားဖြတ် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက် အရောက် တင်ပြပြီး ထိုအစီရင်ခံစာအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်ရမည်။

၆။ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၉၂/ ၂၀၁၂) အား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုး ပယ်ဖျက်လိုက်သည်။


(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ