ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 December 2012

လမ်းမပေါ်က သံဃာတော်များသို့ ဒကာမ တစ်ဦး၏ တောင်းပန်စာ


ဆရာတော် သံဃာတော်များ ဘုရား

ထေရဝါဒ သာသနာတော်အပေါ်မှာ သက်ဝင်ယုံကြည်သူ တပည့် ဒါယကာမ တစ်ယောက်အနေနဲ့ တပည့်ေ တ်ာမ မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်။ ဗုဒ္ဓမြတ်ဘုရား၏ တပည့်များ ဖြစ်ကြသော သံဃာတော် အရှင် သူမြတ်တို့ အနေဖြင့် မကောင်းသော မင်းတို့ကို ပတ္တနိက္ကုဇ္ဇနကံ ဆောင်ခြင်းဟူသော ထိုမင်းတို့ လှူဒါန်း သည် ကို အလှူ မခံခြင်းနည်းဖြင့် သံဃာ့ ဆန္ဒကို ဖွင့်ဟခြင်းငှာ လွန်စွာ သင့်လျော် လှပါတယ်။ သို့ပေမဲ့ လမ်း မပေါ် ထွက်၍ ဆန္ဒပြခြင်း ဟူသည်မှာ ရဟန်းသံဃာတော် တို့၏ မြင့်မြတ်သော ဂုဏ်အင်နဲ့ မသင့်လျော် ပါ။ ထို့ အပြင် တိုက်ခိုက်နှိမ် နင်းတဲ့ သူတွေ အပေါ်မှာ လဲ အကုသိုလ်ကြီးစွာ ဖြစ်စေပါတယ် ဘုရား။ မလိမ္မာသူ အပေါင်း တို့အား လိမ္မာစေခြင်းငှာ စွမ်းသော သံဃာတော် အရှင်သူမြတ်များ အနေဖြင့် လူ အပေါင်း အကုသိုလ် ဒုစရိုက်မှုကြီးမှ ကင်းဝေးရလေအောင် ဆောင်ကြဉ်းပေးတော်မူကြပါ ဘုရား။ သူတို့ အကုသိုလ် သူတို့  ရှာတယ် ဆိုစေဦးတော့...

သံဃာဟူသည်မှာ လူအပေါင်းတို့ ကုသိုလ်ကောင်းမှုဆိုတာ သိရအောင်၊ တရားတော်ကို သိနားလည် ရအောင် ၊ မြတ်စွာ ဘုရား၏ ဆိုဆုံးမမှုတို့ကို အမွေခံ၍ မကောင်းမှုပြုမိမည်ကို မပြုမိအောင် သွန်သင်ဆုံးမ လမ်း ညွှန်ပေး ရမှာ ဖြစ်သည်အတွက် အကုသိုလ်ပြုမည်မှန်း သိသိနှင့် ထိုအကုသိုလ်ပြုမိအောင် တစ်ဖက် တစ်လမ်းမှ ထောက် ပံ့ပေးခြင်း ကဲ့သို့ ဖြစ်လျှင် မည်သို့မှ သင့်လျော် မည် မဟုတ်ပါ ဘုရား။ သံဃာ ဟူသည် တပည့်ေ တာ် တို့လို သာမာန် ပုဂ္ဂိုလ်များ ထက် အဆပေါင်း ရာထောင် ချီ မြင့်မြတ်လှပါတယ်။ ဘုရား သားတော် ဆိုတာ ဖြစ်ချင်သူတိုင်းလဲ ဖြစ်ခွင့် မရတဲ့အတွက် အရှင်ဘုရား တို့ရဲ့ အသက် ခန္ဓာဟာ အင်မတန်မှ ကြီးကျယ်မြင့်မြတ် လှပါသောကြောင့် သာသနာတော် အတွက် အသက်ကို ပဓာန မထားဘဲ ပရိယတ္တိ ပရိပတ္တိတို့ကိုသာ အားထုတ်တော် မူကြပါ ဘုရား။

သံဃာတွေကို ဒဏ်ရာအနာတရ အကြီးအကျယ် ရစေခဲ့သူတွေကို အရှင်ဘုရားတို့ သံဃာချင်း နာကြည်းကြ တာထက် တပည့်တော်တို့ ဒါယကာ ဒါယကာမ တွေရဲ့ နာကျင်မှုက ပိုပါလိမ့်မယ် ဘုရား။ အကြောင်းရင်း က ဒါယ ကာ ဒါယကာမတွေဆိုတာ များသော အားဖြင့် ပုထုဇဉ် တရားကို သညာသိနဲ့တောင် လုံလောက်အောင် မသိ ထားသေးတဲ့ အတွက်ပါ ဘုရား။ အရှင်ဘုရား တို့ရဲ့ တရား အသိက ပိုကြီးကျယ်ပြီး အဆ ရာထောင်ချီ သာလှပါပေတယ် ဘုရား။ တပည့်တော်တို့ ဒါယကာ ဒါယကာမဆိုတာ ဒီ့သံဃာကို အမှီပြုကာမှ တရားစစ် တရားမှန်ကို သိနိုင်သူတွေမို့ သံဃာ ကို ထိပါးတာဟာ တပည့်တော် မတို့ရဲ့ နိဗ္ဗာန်လမ်း ကို ဖျက်ဆီးသလိုပဲ ခံစားရပါတယ် ဘုရား။သို့ပေသိ လမ်းမပေါ်ထွက်၍ ဆန္ဒပြတယ်ဆိုတာဟာ ပုထုဇဉ် လူတွေရဲ့ အမှုကိစ္စသာ ဖြစ်ပါတယ် ဘုရား။ လောကီရေးရာဟာ အင်မတန်မှ ရှုပ်ထွေးပြီး လော ကီရေးမှာ ပါဝင် ပတ်သက်မိ၍ ထွက် မနိုင်အောင် ဆွဲဆောင်ယူခြင်းကို ခံရနိုင်တာမို့ တပည့်တော်မ တို့ထက် အဆပေါင်း ထောင်သောင်းချီ မြင့်မြတ်လှကုန်သော သံဃာအရှင်သူမြတ်တို့ အား လောကီရေး အရှုပ်အထွေး တွေကို မကြားစေချင် မသိစေချင်ပါ။

လူသားပုထုဇဉ်တို့ အနေနဲ့လဲ ဘုရားသား တပည့်များကို လောကီ အရှုပ် အထွေးထဲ အတင်းဆွဲ မထည့်စေလိုပါ။ သံဃာ တို့ရဲ့ မြင့်မြတ်တဲ့ ဂုဏ်အင်တွေကို မည်သို့မျှ မထိပါးစေဖို့ နဲ့ သံဃာ့ တာဝန်တွေ မလစ် ဟင်းစေဖို့ ဗုဒ္ဓသာသနာ့ဘက်တော်သားတွေ စွမ်းစွမ်းတမံ လုပ်ဆောင်ရပါမယ်။ သံဃာတွေ ထပ်မံ မနာ ကျင်စေလိုပါဘူး။ သို့ပေမဲ့ တပည့်တော်မတို့ဟာ အာဏာ ရှိသူတွေ မဟုတ်တဲ့ အတွက် မည်သို့မျှ မတတ်နိုင် ပါ။ ဒါကြောင့် တပည့်တော် မတို့ မြတ်နိုးကိုးကွယ်တဲ့ သံဃာတော်အရှင်သူမြတ်တို့ကိုသာ ပန်ကြား လိုပါ၏။

အခြားသော ဂုဏ်ကြီး ဝါကြီး သီလဝိ နည်း လုံခြုံကြပါသော သံဃာတော်များ အနေနဲ့လဲ မဖြစ်သင့် မဖြစ်ထိုက် တာကို ဝိုင်းဝန်း တားဆီးပေးကြ လိမ့်မည်ဟု မျှော်မှန်းမိပါသည်။

ထေရဝါဒ သာသနာ ရောင်ဝါနေထက် လင်းစေသော်ဝ်..............
 
ထိပ်ထား

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ