ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 December 2012

မန္တလေး-မြစ်ကြီးနား မီးရထားလမ်း မိုင်းကွဲ ၄ နာရီကြာ လမ်းပိတ်




မကြာခဏ မိုင်းကွဲလေ့ရှိသော မန္တလေး-မြစ်ကြီးနားမီးရထားလမ်းပေါ်၌ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁နာရီခွဲ အချိန်တွင် မိုင်းတစ်လုံးပေါက်ကွဲ ခဲ့ပြီး
ခရီးသွားလာမှုကို ၄နာရီခန့် ရပ်ဆိုင်းခဲ့ရကြောင်း မိုးညှင်းမြို့နယ်
အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

မိုးညှင်းမြို့နှင့် ၇မိုင်ခန့်အကွာ ညောင်ကုန်ဘူတာ နှင့် နမ္မားဘူတာကြား
မိုင်တိုင်အမှတ် ၆၄၀/ ၂၂-

၂၃ ကြားတွင် ပေါက်ကွဲမှု
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံလမ်းတံချောင်း အရှည်
၅ပေခန့်ပျက်စီးသွားကြောင်း အထက်ပါရုံးမှ သိရသည်။

“ လူတွေ ထိခိုက်ပျက်စီးတာ မရှိဘူး” ဟု မိုးညှင်းမြို့နယ်
အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းမီးရထားလမ်းကို ညတွင်းပင် ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၎
ရက်နေ့ နံနက် ၄နာရီ ၁၀မိနစ်တွင် ခရီးသွားလာမှုကို ဖွင့်လှစ်လိုက်ကြောင်း
မိုးညှင်းမြို့ မီးရထားရုံးက ပြောကြားသည်။

မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ တံတားများ မကြာခဏ
မိုင်းကွဲလေ့ရှိသောကြောင့် တံတားများတွင် လုံခြုံရေးချထားခြင်းကြောင့်
လုံခြုံရေးမချထားသော လမ်းပိုင်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော်
(ကေအိုင်အေ)က မိုင်းခွဲခြင်းဖြစ်ကြောင်း မိုးညှင်းအခြေစိုက်
တပ်ရေးဗိုလ်ကြီးတစ်ဦးက မှတ်ချက်ပေးသည်။

The Voice Weekly အနေဖြင့် ကေအိုင်အေအရာရှိများကို
အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။ ဆက်သွယ်မှုရရှိပါက ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

the voice

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ