ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 December 2012

“စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာခရိုင်၊ဆားလင်းကြီးမြို့ နယ်၊လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအတွင်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်အရာရှိတစ်ဦးက မိုင်းတွင်းအရှုပ်အထွေးများဖွင့်ဟပြောဆို”


တရုတ်နိုင်ငံရဲ့ မဟာဗျူဟာတစ်ရပ်အနေနဲ့ မြန်မာနိုင်ငံမှာ ၀င်ရောက်ကျူးကျော်ပြီးစီးပွားချယ်လှယ် နေတဲ့လက်ပန်းတောင်း တောင်ကြေးနီစီမံကိန်းလုပ်ငန်းခွင်တွင်လုံခြုံရေးတာဝန်များထမ်းဆောင်လျှက်ရှိသော ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့်တွေ့ဆုံမေးမြန်း ချက်များအား သလ္လာဝတီတိုင်မ်းမီဒီယာ ပရိတ်သတ်နှင့်ပြည်သူလူထုများသိရှိရန်တင်ပြလိုက်ရပါသည်။
“နိုင်ငံတာဝန်တွေထမ်းဆောင်ချင်လို့ ရဲတပ်ဖွဲ့ထဲကိုဝင်လာတာပါ။အခုတော့ရဲအလုပ်ကိုမလုပ်ရလဘဲ
ကုမ္ပဏီမှာကျွန်ခံနေရ တယ်။စစ်စီးပွားရေးဓနရှင်ဦးပိုင်ဆိုသူတွေ့ရဲ့လောင်းရိပ်အောက်မှာ တာဝန်ထမ်းဆောင်နေရတာ စိတ်ပျက်လှပါပြီ”ဟု ၀မ်ပေါင်ကုမ္ပဏီတွင် လုံခြုံရေးတာဝန်စောင့်နေရသူရဲတပ်ဖွဲ့ဝင်ရဲအရာရှိတစ်ဦးကဆိုပါတယ်။
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကြီးသည် ဒေသခံတောင်သူများရဲ့ဓားမဦးချလုပ်ကိုင်လျှက်ရှိသော လယ်ယာမြေ ဧကပေါင်းများစွာကို အတင်းအဓမ္မသိမ်းပိုက်ရယူပြီး လုပ်ကိုင်ဆောင်ရွက်နေသောစီမံကိန်းကြီဒတစ်ရပ်ဖြစ်သည်။
“ဆန္ဒပြမှုတွေကိုထိန်းချုပ်ဖို့ ဖြိုခွင်းဖို့ဆိုပြီး စစ်အင်အား ရဲတပ်ဖွဲ့ဝင်အင်အားတွေကိုလည်းလိုအပ်တာထက်ပိုပြီး သုံးထားပါတယ်။အခုဆိုရင်စီမံကိန်းတာဝန်ခံ ဗိုလ်မှူးကြီး-မြင့်အောင် (ဦးပိုင်ကုမ္ပဏီ)က ပုဒ်မ(၁၄၄)ထုတ်ထားတဲ့ ကိစ္စကို အကြောင်းပြပြီး စီမံကိန်းနယ်မြေအတွင်ဝင်ရောက်တဲ့ လက်ပန်းတောင်းတောင်အနီးတစ်ဝိုက်ရှိဒေသခံ ရွာသားတွေကို မိုင်း ထောင်ဖို့ဆိုပြီး အထူးအစီအစဉ်တစ်ရပ်ကို လျှိုဝှက်စီစဉ်နေပါတယ်။ အဲဒီမိုင်းထောင်မဲ့အစီအစဉ်ကို မုံရွာခရိုင်အုပ်ချုပ်ရေး မှူး-ဦးခင်မောင်စန်း ၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး-ဦးတင်အောင် တို့ကတော့ သဘောတူလက်ခံတယ်လို့သိရတယ်။
အဲဒီလို့မိုင်းထောင်မယ်ဆိုရင် ဒေသခံတွေ ဒုက္ခရောက်မှာ အထူးသဖြင့် နွားကျောင်းတဲ့သူတွေ ဟင်းသီးဟင်းရွက်ရှာတဲ့သူတွေ ရဟန်သံဃာတော်တွေ ထိခိုက်ဒဏ်ရာတွေရကုန်မှာသေချာတယ်။မတော်ရင် ခြေတောက်ပြတ် နောက်ဆုံးအသက်ပါ ဆုံးပါးနိုင်တယ်။အဲဒါကြောင့် ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်အချို့ကတော့ ထွက်ပြေးဘို့ ကြိုးစားနေပါတယ်”ဟု ၄င်းရဲအရာရှိကဆက်လက်၍ပြောကြားခဲ့ပါတယ်။
ကြေးနီတူးဖော်ရေးစီမံကိန်းလုပ်ငန်းခွင်အတွင်းတောင်ဖြိုမိုင်းခွဲသည့်အလုပ်နှင့်ပုံမှားရိုက်ကာဒေသခံတောင်သူတွေကိုအ ကြမ်းဖက်သတ်ဖြတ်ရမ်စီစဉ်နေခြင်းပင်ဖြစ်သည်။
“စီမံကိန်းလုပ်ငန်းခွင်အတွင်း ၀င်ရောက်လာလို့သာအခုလိုဖြစ်ရတာပါ ဒါဟာမတော်တဆမှုတစ်ရပ်ပါဖြစ်ပါတယ်လို့ စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်က ဒီကိစ္စအတွက်အရေးပေါ်အစည်းအဝေးပြုလုပ်နေပါတယ်။မတရားသဖြင့် ဥပဒေမဲ့လုပ် ရပ်တွေကို ပြည်သူတွေသိစေချင်လို့အခုလိုဆက်သွယ်ပြောကြားခဲ့တာပါဟု အဆိုပါရဲအရာရှိကမှတ်ချက်ပြုပြောဆိုထားပါ တယ်။
၎င်းစီမံကိန်းရုံးအတွင်း ဥပဒေမဲ့ စွာနဲ့ မူးယစ်ဆေးဝါးတွေ ၊စစ်လက်နက်ပစ္စည်းတွေကို အမြောက်အများသိုလှောင်ထားတာကို ကျွန်တော်ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရတယ်။တစ်ခါတစ်လေညပိုင်းတွေမှာ ၀မ်ပေါင်ကုမ္ပဏီကတရုတ်တွေ မုံရွာကိုသွားရင် သူတို့ကားတွေပေါ်မှာ သေနပ်တွေဆောင်ပြီသွားကြတယ် ဟုပြောပြကြောင်းတင်ပြလိုက်ရပါသည်။
****မှတ်ချက်။ ။မူရင်းရုပ်သံဖိုင်ကိုတင်ပြခြင်သော်လည်း ပြောပြသောရဲအရာရှိ၏ မိသားစုနှင့် ဆွေများသားချင်းများရဲ့ လုံခြုံရေးဆိုင်ရာအရတင်ပြခြင်းမပြုနိုင်သည်ကို နားလည်ပေးပါရန်အထူးမေတ္တာရပ်ခံအပ်ပါသည်။




facebookမှ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ