ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 December 2012

ဆန္ဒပြသော တရုတ် ဒရိုင်ဘာများကို စင်ကာပူ နှင်ထုတ်


စင်္ကာပူ နိုင်ငံ၌ ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရားမဝင် ဆန္ဒပြမူပြုလုပ်ခဲ့သော တရုတ်နိုင်ငံသား ခရီးသည် ယာဉ် မောင်း သမား ၂၉ ဦးကို နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြ ထား သည်။
အစိုးရပိုင် SMRT ခရီးသည်ပို့ ဆောင်ရေးလုပ်ငန်း၏ လုပ်ခလစာနှင့် နေထိုင်မှု အခြေအနေများကို မကျေ နပ် သဖြင့် တရုတ်နိုင်ငံသား ခရီးသည်တင်ယာဉ်မောင်း ၁၇၁ ဦးပြီးခဲ့သည့် ရက်များအတွင်း ခွင့်ပြုချက် မရ ဘဲ ဆန္ဒပြခဲ့သည်။

ယင်းကဲ့သို့ ဆန္ဒပြမှုသည် ၁၉၈၆ ခုနစ် နောက်ပိုင်း အကြီးမားဆုံး အလုပ်သမား ဆန္ဒပြမှု ဖြစ်ကြောင်း သတင်း တွင် ဖော်ပြထား သည်။
အဆိုပါ ဆန္ဒပြမှုကြောင့် ကျွမ်းကျင်မှု အနည်းငယ်သာ လိုအပ်သော အလုပ်များကို လုပ်ကိုင်နေေ သာ နိုင် ငံသား ခြား အလုပ်သမားများ အပေါ် ထားရှိသည့် စင်္ကာပူ အစိုးရ မူဝါဒများကို ပြန်လည် သုံးသပ် လျက်ရှိ သည်။

ထို့ အပြင် တရုတ်နိုင်ငံသား အလုပ်သမား ငါးဦးကို တရားမဝင် ဆန္ဒပြမှုကို ဦးဆောင်ပြုလုပ်မှု၊ ပါဝင် ဆင်နွဲမှု တို့  ကြောင့် စင်္ကာပူ အစိုးရ အဖွဲ့ က တရားစွဲဆို ထားသည်။

ဖမ်းဆီး ထိန်းသိမ်း ခံထားရသော တရုတ်နိုင်ငံသားများ အရေးနှင့် ပတ်သတ်ပြီး စိုးရိမ်မှု ရှိကြောင်း တရုတ်နိုင်ငံ က ထုတ်ဖော် ပြောကြားသွားသည်။

စင်္ကာပူနိုင်ငံ၏ အရေးကြီး ဝန်ဆောင်မှု လုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်နေသည့် အလုပ်သမားများ အနေဖြင့် တရား ဝင် ဆန္ဒပြလိုပါက အာဏာပိုင်များကို ၁၄ ရက်ကြိုတင် အကြောင်းကြားရန် လိုအပ်ကြောင်း သတင်း တွင် ဖော်ပြထား သည်။
The Voice Weekly

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ