ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

9 December 2012

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်





ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည် သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းမျာ
Photo:းဆောင်ရွက်ရန် ရသေ့တောင်မြို့သို့ ရောက်ရှိနေသော တပ်မတော် နယ်လှည့်အထူးကု ဆေးကုသရေးအဖွဲ့ အမှတ် (၆)သည် ဒီဇင်ဘာ ၅ ရက်က ရသေ့တောင်မြို့နယ် ဇီးကိုင်းကျေး ရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် အခြေပြု ၍ ဒေသခံပြည်သူ များနှင့် သက်ကြီးရွယ် အိုများတွင် ဖြစ်ပေါ်နေသော သွေးချို၊ ဆီးချိုရောဂါ၊ လည်ချောင်းရောဂါ၊ အဆုတ်ရောဂါ၊ မျက်စိရောဂါနှင့်အရိုး ရောဂါအစရှိသည့် ရောဂါမျိုးစုံတို့အား ကုသပေးခဲ့သည်။

ထို့အပြင် စစ်တွေမြို့ရှိ အခြေပြုဆေး ကုသရေးအဖွဲ့သည်လည်း ဒီဇင်ဘာ ၆ ရက်က စစ်တွေမြို့ စက်ရုံစုရပ်ကွက် စက်ရုံစု ယာယီကယ်ဆယ်ရေး စခန်းတွင် အခြေပြု၍ ဆရာတော်၊ သံဃာတော်များနှင့် ဒေသခံပြည် သူများတွင် ဖြစ်ပေါ်နေသော မျက်စိရောဂါ၊ ငှက်ဖျားရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နားရောဂါ အစရှိသည့် ရောဂါမျိုးစုံတို့အား ကုသပေးခဲ့သည်။

ဆေးကုသရေး အဖွဲ့များ အနေဖြင့် ဒီဇင်ဘာ ၅ ရက်က ရသေ့တောင်မြို့နယ် ဇီးကိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂၇ဝ ဦးတို့အား လည်းကောင်း၊ ဒီဇင်ဘာ ၆ ရက် က စစ်တွေမြို့ပေါ်ရှိ ဒေသ ခံပြည်သူ ၁၁၇၂ ဦးတို့အားလည်းကောင်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ် ငန်းများ ဆောင်ရွက်ပေးခဲ့သည့် အပြင် သွားနှင့်ခံတွင်း ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ အစရှိသည့် ရောဂါများ မဖြစ်ပွားစေရန် ကာကွယ်ဆောင်ရွက် ရမည့် နည်းလမ်းများ ဟောပြောခြင်း၊ ကျန်းမာရေး ပညာပေး သရုပ်ပြခြင်း များကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


Photo:





From :မြဝတီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ