ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

9 December 2012

တန်၃၀၀၀ကျ ဘိလပ်မြေစက်ရုံကို စင်ကာပူနှင့် မြန်မာပူးပေါင်းပြီး တည်ဆောက်မည်




 

စင်ကာပူအခြေစိုက် အိမ်ခြံမြေနှင့် အင်ဂျင်နီယာဆိုင်ရာ ထိပ်သီးလုပ်ငန်းစုတစ်ခုဖြစ်သော TEEInternationalက မြန်မာနိုင်ငံမှ ထိပ်သီးလုပ်ငန်းစုတစ်ခုနှင့် ပူးပေါင်းပြီး ဧက၁၁၀၀ ကျယ်ဝန်းသော မြေနေရာ၌ တစ်ရက်တန်ချိန် ၃၀၀၀ကျော် ထွက်ရှိမည်ဖြစ်သော ဘိလပ်မြေစက်ရုံ တည်ဆောက်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်း ကျေးရွာတွင်အဆိုပါ စီမံကိန်းကို အကောင်အထည် ဖော်သွားမည်ဖြစ်ကာ ယင်းအတွက် ပြည်တွင်းလုပ်ငန်းစုကြီး တစ်ခုဖြစ်သော A1ကုမ္ပဏီများအုပ်စုနှင့် ၂၀၁၃ဇွန်၈ရက်တွင် နားလည်မှု စာချွန်လွှာရေးထိုးရန် ရှိနေသည်ဟုသိရသည်။

''မြန်မာနိုင်ငံက ကြီးမားတဲ့စီးပွားရေး ဈေးကွက်ကြီး ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာရှိတဲ့ နိုင်ငံဖြစ်လာပါပြီ။ အဲဒီတိုင်းပြည်အနေနဲ့ တန်ဖိုးနည်း အိမ်ရာတွေ၊ အခြေခံအဆောက်အအုံတွေနဲ့ စီးပွားရေးလုပ်ငန်းစုံအတွက် ဘိလပ်မြေရဲ့ လိုအပ်ချက်တွေ မြင့်မားလာနေတယ်ဆိုတာ တွက်ချက်မိပါတယ်'' ဟု TEE၏ မန်နေဂျင်းဒါရိုက်တာ MrCKphnaက ပြောကြားသည်။ TEEနှင့်A1တို့သည် ဖက်စပ်လုပ်ငန်း (JB) ပုံစံဖြင့် သဘောတူညီချက်ရယူကာ လုပ်ကိုင်သွားမည်ဖြစ်ပြီး  TEEအနေဖြင့် ယုံကြည်ရဖွယ်ရှိသော ကုမ္ပဏီဖြစ်မည်ဟု ယူဆသောကြောင့် လက်တွဲခြင်းဖြစ်သည် ဟုလည်းသိရသည်။''ကျွန်တော်တို့အနေနဲ့ IEစင်ကာပူရဲ့ ဘန်ကောက်စင်တာကို ကျေးဇူးတင်ရပါမယ်။ TEEနဲ့A1ကို ပူးတွဲလုပ်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ပါ။ TEEအနေနဲ့ကလည်း မြန်မာနိုင်ငံထဲက A1လိုမျိုးယုံကြည်ရတဲ့ Partnerတွေကို လိုအပ်နေခဲ့တာပါ''ဟု ၎င်းက ဆက်လက်ပြောကြားသည်။




No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ