ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

9 December 2012

အာဆီယံ ထိပ်သီးပညာရှင်များ မြန်မာအကြောင်း ဆွေးနွေး



မြန်မာနိုင်ငံ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ရိုက်ခတ်မှုတွေထဲက ရုန်းထွက်နေရတဲ့ အချိန်ဖြစ်ပါတယ်။ မြန်မာ့ အပြောင်းအလဲတွေနဲ့ စိန်ခေါ်မှုတွေကို ရန်ကုန်မှာ ပထမဆုံး ကျင်းပတဲ့ အာဆီယံခေါင်းဆောင် တစ်ရာ တွေ့ဆုံဆွေးနွေး ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ မလေးရှား Perak ပြည်နယ် တော်ဝင်အိမ်ရှေ့မင်းသား Raja Nazrin Shah တို့နဲ့အတူ အထင်ကရ ခေါင်းဆောင်တွေ ပြောဆိုဆွေးနွေးကြပါတယ်။ အာဆီယံခေါင်းဆောင်
တစ်ရာ တွေ့ဆုံဆွေးနွေးပွဲ ကြီးမှူးကျင်းပသူ မစ္စတာ Dato Timothy Ong က “မြန်မာနိုင်ငံက တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်တာကို ခံနေရပြီး ဆက်လက်ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု ပိုတိုးလာမှာ ဖြစ်တယ်၊ လက်ရှိနဲပ အနာဂတ်အာဆီယံ ခေါင်းဆောင်တွေ က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ မှုတွေမှာ ပါဝင်လာကြပြီ ဖြစ်သလို ဒီပြောင်းလဲမှုတွေရဲ့ အကျိုးဆက်ကိုလည်း စတင်ကြုံနေရပြီ ဖြစ်တယ်။ အခုချိန်ဟာ အရှေ့တောင်အာရှမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းတဲ့ တွေ့ဆုံဆွေးနွေး ပွဲတွေကို အာဆီယံဒေသမှာ ပြုလုပ်ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်” လို့ ပြောပါတယ်။ သည်ပွဲကို တက်ရောက်ကြတဲ့ ခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုနဲ့အတူ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။ မလေးရှား Perak ပြည်နယ် တော်ဝင်အိမ်ရှေ့မင်းသား Raja Nazrin Shah က “မြန်မာနိုင်ငံမှာ အခုဆိုရင် နိုင်ငံရေး လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ အရင်ထက် လွတ်လပ်မှု ရှိလာပါပြီ၊ အာဆီယံကလဲ စီးပွားရေး၊ လုံခြုံရေးနဲ့ လူမှုအဆောက်အအုံတွေကို ခိုင်မာအောင် တည်ဆောက်နိုင်ပြီ ဖြစ်တယ်။ ၁၉၉၇ အာရှစီးပွားရေး အကျပ်အတည်းကနေလဲ သင်ခန်းစာတွေ ရရှိခဲ့တယ်။ အရှေ့တောင်အာရှမှာ အာဆီယံက အရေးပါတဲ့ အခန်းမှာ ပါဝင်နေတယ်၊ အာဆီယံ လူဦးရေနဲ့ ဂျီဒီပီက ဂလိုဘယ်ကို ယှဉ်ပြိုင်နိုင်ပြီ ဖြစ်တယ်” လို့ ဆိုတယ်။ ထို့ပြင် ဒေါက်တာကံဇော်က မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေမှာ လူတန်းစား ကွာဟမှု ပြဿနာကို စီမံကိန်းနဲ့ လုပ်ဆောင်နေသလို ပေါများတဲ့ လူသားအရင်းအမြစ်တွေလည်း အရည်အချင်း ပြည့်ဝဖို့ လိုအပ်တယ်လို့ ထောက်ပြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ “မြန်မာနိုင်ငံ အနေနဲ့ တောင့်ခံနေရုံနဲ့ မပြီးဘူး။ ပြန်ထနိုင်ရမယ်” လို့ ပြောပါတယ်။ ဆွေးနွေးပွဲကို ဆီဒိုးနားဟိုတယ်မှာ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ပြုလုပ်ပါတယ်။ တက်ရောက်တဲ့ ထင်ရှားသူတွေက David Hale Global Economics ရဲ့ ဥက္ကဋ္ဌ မစ္စတာ David Hale, Enright, Scott & Associates ရဲ့ ဒါရိုက်တာ ပရော်ဖက်ဆာ Michael Enright တို့နဲ့ ကမ္ဘာ့စီးပွားရေးဆိုင်ရာ နာမည်ကျော် ဝေဖန်သုံးသပ်သူတွေနဲ့ ပညာရှင်တွေ တက်ရောက်ခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။



From :ခေတ်လူငယ်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ