ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

9 December 2012

စာရေးစာဖတ်ခြင်းဖြင့် အိုမင်းလာသော ဦးနှောက်ကို ကျန်းမာစေနိုင်




လူတို့ အသက်ကြီး လာသည့်အခါ စာရေးစာဖတ် လုပ်ငန်းကို ထိန်းသိမ်း ဆောင်ရွက်ခြင်းဖြင့် ၄င်းတို့၏ ဦးနှောက်များအား ကျန်းမာစေနိုင်ကြောင်း အမေရိကန် ပြည်ထောင် စုတွင် ပြုလုပ် ခဲ့သော လေ့လာမှုအသစ်တစ်ခုအရ သိရှိရပါသည်။
သတင်းစာဖတ်ခြင်း၊ ပေးစာများ ရေးသားခြင်း၊ စာကြည့် တိုက်သို့ သွားရောက် စာဖတ်ခြင်း၊ ကစားပွဲများတွင် ပါဝင်ခြင်း (ဥပမာကျား ထိုးခြင်း၊ စစ်တုရင်ထိုးခြင်း) စသည့် ရိုးရှင်း လွယ်ကူသော လှုပ်ရှားမှုများက ဦးနှောက်ကျန်းမာရေးကို ကောင်းစေ ကြောင်းသိရသည်။ ဦးနှောက်အတွင်းရှိ White Matter ဟုခေါ်သော အပိုင်းကို လေ့လာခြင်းဖြစ်သည်။ ထိခိုက် ဒဏ်ရာရခြင်း၊ ရောဂါဖြစ်ခြင်းနှင့် အိုမင်း လာခြင်းကြောင့် White Matter ထဲတွင်ရှိသော သတင်းအချက် အလက်များ ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သည့် မော်လီကျူးလှုပ်ရှား မှုများကို MRI ရိုက်ခြင်းဖြင့် လေ့လာခဲ့ ခြင်းဖြစ်သည်။ ပျမ်းမျှအသက် ၈၀ နှစ်ရှိသော သက်ကြီး ရွယ်အို ၁၅၂ ဦးအား လေ့လာခဲ့ခြင်းဖြစ်သည်။ ၄င်းတို့အား စိတ်အလုပ်လုပ်ရသော စာဖတ်ခြင်း၊ စာရေးခြင်းနှင့် ကျားထိုးခြင်း၊ ဖဲကစားခြင်း အပြုအမူ များအား ပြုလုပ်စေပြီး လေ့လာခဲ့ခြင်းဖြစ်သည်။ တွေ့ရှိသည့် သတင်း အချက်အလက်များအရ ဖော်ပြပါ ထိုးသွင်းသိရှိမှု စိတ်အလုပ်၊ အကြိမ်အရေ အတွက်နှင့် ရေမော်လီကျူးလုပ်ရှားမှုများ ဆက်သွယ်မှုကို လေ့လာခဲ့ခြင်းဖြစ်သည်။


 

From : မြဝတီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ