ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

9 December 2012

မြန်မာနိုင်ငံ၏ဝေဟင်မှ အရေးပေါ် ဖြတ်ကျော်ပျံသန်းခ ယခုနှစ်ဒေါ်လာ သန်း၆၀ကျော် ရရှိရန်မှန်းထား





မြန်မာနိုင်ငံပေါ်သို့ နိုင်ငံတကာမှလေယာဉ်များ အရေးပေါ်ဖြတ်ကျော် ပျံသန်းခအတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း၆၀၀န်းကျင်ရရှိနေပြီး ၂၀၁၂-၁၃တွင် ယင်းပမာဏထက် ပိုမိုရနိုင်ဖွယ်ရှိကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ ၇-၁၁-၂၀၁၂ ရက်ကသိရသည်။ အရေးပေါ်နိုင်ငံဖြတ်ကျော် ပျံသန်းမှုဆိုသည်မှာ မြန်မာနိုင်ငံ၏ ဝေဟင်ပိုင်နက်အတွင်း ပြည်ပနိုင်ငံများမှ လေယာဉ်များက တရားဝင်စာရင်းဝင်ပျံသန်းခွင့် ရရှိထားခြင်းမရှိဘဲ ဖြတ်ကျော်ပျံသန်းခါနီးတွင် မြန်မာနိုင်ငံသို့အကြောင်းကြားပြီး ဖြတ်သန်းသွားသည့် သဘောမျိုးကို ခေါ်ဆိုကြောင်းသိရသည်။ ''ဒီဘက်နယ်စပ်ကနေ ဟိုဘက်နယ်စပ်အထိ ဖြတ်ကျော်ပျံသန်းသွားတာကို ပြောတာ။ သူတို့က ဒီနိုင်ငံရဲ့ပိုင်နက်ကနေ ဖြတ်ကျော်ပျံသန်းဖို့ ခွင့်တောင်းပြီး ပျံသန်းသွားတာမျိုးကိုပြောတာ'' ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်၏ သတင်းများအရ မြန်မာနိုင်ငံကို နိုင်ငံတကာမှ ဖြတ်ကျော်ပျံသန်းခအတွက် အမေရိကန်ဒေါ်လာ သန်း၆၀၀န်းကျင် ရရှိခဲ့သည်ဟုသိရကာ အာရှနိုင်ငံအများစုက ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ နိုင်ငံတကာလေကြောင်း ဥပဒေများအရ နိုင်ငံတစ်နိုင်ငံ၏ ဝေဟင်ပိုင်နက်ကို ပုံမှန်ဖြတ်သန်းခွင့် သဘောတူထားခြင်းမရှိဘဲ ပျံသန်းမည်ဆိုပါက သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ ဖြတ်ကျော်ပျံသန်းမှု မပြုလုပ်ခင်ကတည်းက ခွင့်တောင်းရသည်ဟုသိရပြီး သက်ဆိုင်ရာ နိုင်ငံ၏အရေးပေါ်ခွင့်ပြုချက်အရ ပျံသန်းခွင့်ရရှိစေခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း အာရှနိုင်ငံအခိျု့၏ ပျံသန်းမှုအပြင်ဥရောပ၊ အမေရိကဘက်မှ ပျံသန်းသွားမှု အနည်းငယ်ရှိလာခဲ့ကြောင်းလည်း သိရသည်။





No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ