ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

9 December 2012

ဗိုလ်ချုပ် ဇာတိမြေသို့ ဗိုလ်ချုပ်သမီး ရောက်လာသော်လည်း ဗိုလ်ချုပ် မြေး၊ မြစ်များ မပါသဖြင့် ဒေသခံများ စိတ်မကောင်း

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏  ဇာတိမြေသို့ ဗိုလ်ချုပ်၏သမီး ရောက်လာသော်လည်း ဗိုလ်ချုပ် မြေး၊ မြစ်များ မပါသဖြင့် ဒေသခံများ စိတ်မကောင်းကြကြောင်း သတင်းရရှိသည်။


ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အငယ်ဆုံး သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိမြို့ဖြစ်သော မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ် ကြေးရုပ် ဘောလုံးကွင်း သို့ ရောက်ရှိလာခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်သူများက ကြိုဆိုခဲ့ကြသည်။

နတ်မောက်ဒေသခံ များက ဗိုလ်ချုပ်ရဲ့ သမီးတို့ မိသားစု တစ်ခုလုံးလာမယ်လို့ မျှော်လင့်ထားကြသော်လည်း ဗိုလ်ချုပ်၏ မြေးများ၊ မြစ်များ မပါပဲ ဗိုလ်ချုပ် သမီး တစ်ဦးသာ ရောက်ရှိလာခဲ့သည်။ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မြေး နှစ်ဦးမှာ အလက်စန္ဒား အဲရစ် နှင့် ကင်မ် အဲရစ်တို့ ဖြစ်ပြီး နှစ်ဦးလုံးက နိုင်ငံခြားတွင်နေထိုင်လျှက်ရှိကာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် နိုင်ငံခြားလူမျိုးကို လက်ထပ်ယူပြီး မြန်မာစကား မပြောတတ်သော ကလေးများကို မွေးထားကြောင်း သိရသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးရိုဂုဏ်မှာ အလွန်မြင့်မားသော မျိုးရိုးဖြစ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂလိပ်လူမျိုးကို လင်ယူပေါင်းသင်းပြီးနောက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးဆက်လည်း ပျက်သုန်းသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ နောက်ဆုံးမျိုးဆက် မဖြစ်လာရောက်ခြင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်သေပါက မည်သူမျှ လာတော့မည် မဟုတ်ချေ။

ဗိုလ်ချုပ်မျိုးဆက် ပြတ်သုန်းခြင်းနှင့်ပတ်သက်ပြီး အမျိုးဖျက်မ ဒေါ်အောင်ဆန်းစုကြည်ကို နတ်မောက်ရှိ ပညာတတ်အသိုင်းအဝိုင်းက တင်းမာလျှက်ရှိကြောင်း သတင်းရရှိသည်။




 


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ