ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 January 2013

ပေါင် ၁၅သန်းဖြင့် ဇာဟာကို မန်ယူ ခေါ်ယူ

ပေါင် ၁၅သန်းဖြင့် ဇာဟာကို မန်ယူ ခေါ်ယူမန်ယူသည် ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား ဇာဟာကို ပေါင် ၁၅သန်းဖြင့်
ခေါ်ယူနိုင်ခဲ့ပြီး ချန်ပီယံရှစ် ကစားသမားတစ်ဦးအတွက် စံချိန်တင်ပေးချေမှုဖြစ်ကြောင်း သိရှိရသည်။ ဇာဟာအတွက်

ပေါင်၁၀သန်း ကနဦး ပေးချေခဲ့ရပြီး ဆုဖလားအောင်မြင်မှု၊ အင်္ဂလန်လက်ရွှေးစင်အဖြစ် ပါဝင်ခွင့်ရခြင်းအလိုက်ပေါင် ၂သန်းနှင့် ပွဲထွက်ခွင့်အလိုက်ပေါင်၃သန်း ထပ်ပေးရမည်ဖြစ်သည်။ ဇာဟာမှာ မန်ယူနှင့် ၅နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင်(၃၅၀၀၀)ရရှိမည်ဖြစ်သည်။
သို့သော် မန်ယူမှာ ခရစ္စတယ်ပဲလေ့စ်အသင်း ချန်ပီယံရှစ် အောင်မြင်မှုရရေးအတွက် ဇာဟာကို လက်ကျန်ရာသီဝက် အငှားချပေးခဲ့သည်။ ဇာဟာကို ခေါ်ယူနိုင်ခဲ့ခြင်းမှာ မန်ယူ အတွက် သတင်းကောင်းဖြစ်သော်လည်း ၎င်းတို့၏ တောင်ပံ
ကစားသမား အက်ရှ်လေယန်းမှာ လီဗာပူးနှင့် ပွဲတွင်ရခဲ့သည့် ဘယ်ဘက်ဒူး ဒဏ်ရာကြောင့် အနည်းဆုံး ၂၈ ရက်ခန့် အနားယူရတော့မည်ဖြစ်ကာ ရီးရဲလ်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် ၂ပွဲတွင်လည်း ပါဝင်နိုင်တော့မည် မဟုတ်ပေ။


By ရိုးရာလေး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ