ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 January 2013

ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တု ဖေဖော်ဝါရီ လတွင် အဇာဘိုင်ဂျန် လွှတ်တင်သွားမည်


ဘာကူ   ဇန်နဝါရီ   ၂၄
အဇာဘိုင်ဂျန် နိုင်ငံသည် Azerspace-1 အမည်ရှိ ၎င်းတို့ နိုင်ငံ၏ ပထမဆုံးသော ဆက်သွယ်ရေး ဂြိုဟ်တုကို ဖေဖော်ဝါရီလ အစောပိုင်းတွင် လွှတ်တင်သွားမည် ဖြစ်ကြောင်း သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဝန်ကြီး အလီအက်ဘ် ဘာဆော့ဗ်က ပြောကြားသည်။
လွှတ်တင်မည့် ဂြိုဟ်တုကို ပြင်သစ် ဂီအာနာ အာကာသ စခန်းရှိ Kourou လွှတ်တင်ရေး နေရာသို့ ပေးပို့ပြီး ဖြစ်ကြောင်း သိရသည်။ ၎င်းဆက်သွယ်ရေး ဂြိုဟ်တုကို Ariane 5 ECA ဒုံးပျံဖြင့် ကမ္ဘာပတ်လမ်း အတွင်းသို့ လွှတ်တင် သွားမည် ဖြစ်သည်။
အဆိုပါ ဆက်သွယ်ရေး ဂြိုဟ်တုကို မလေးရှား အစိုးရပိုင် ကုမ္ပဏီ တစ်ခုဖြစ်သော Measat Satel-lite Systems မှ စာချုပ်နှင့် ငှားယူထားခြင်း ဖြစ်ကြောင်း သိရသည်။ အဇာဘိုင်ဂျန် နိုင်ငံ၏ Azerspace-1 ဂြိုဟ်တု၏ ဝန်ဆောင်မှု ပေးနိုင် သည့် နယ်မြေများတွင် အရှေ့ ဥရောပ၊ ကော့ကဆပ်၊ ဗဟိုအာရှနှင့် မြောက်အာဖရိက ဒေသတို့လည်း ပါဝင်သွားမည် ဖြစ်သည်။ American Orbital Sciences Cor-poration မှထုတ်လုပ်သော Azerspace-1 ဆက်သွယ်ရေး ဂြိုဟ်တုကို ဒစ်ဂျစ်တယ် နည်းပညာနှင့် သတင်းအချက် အလက်များ ရယူနိုင်ရန်၊ အင်တာနက် ကြည့်နိုင်ရန်၊ အချက် အလက်များ လွှဲပြောင်း ပေးပို့နိုင်ရန်၊ ဝန်ဆောင် မှုများစွာ ပြုလုပ်နိုင်သည့် VSAT ကွန်ရက်များနှင့် အစိုးရ အဖွဲ့၏ ဆက်သွယ်မှု လုပ်ငန်းများ လုပ်ဆောင်နိုင် ရန် ထုတ်လုပ် ထားကြောင်း သိရသည်။   

မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ