ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 January 2013

မြစ်ကြီးနား- ဗန်းမော် လမ်းကြောင်း ပေါ်ရှိ တပ်စခန်း တစ်ခုအား ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ၀င်ရောက် တိုက်ခိုက်


နေပြည်တော်  ဇန်န၀ါရီ  ၂၅
          ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် ကချင် ပြည်နယ် အတွင်း လမ်းပန်း ဆက်သွယ်မှု ခက်ခဲ၍ တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် အတွက် အရှိန်ဖြင့် အကြမ်းဖက် တိုက်ခိုက်လျက် ရှိရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက် ၁၃၁၅ နာရီခန့်က မြစ်ကြီးနား- ဗန်းမော် ကားလမ်းပေါ်ရှိ ကန်တော်ယန် ကျေးရွာ အနီးတွင် လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသည့် တပ်မတော် စစ်ကြောင်း တစ်ခုအား ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အင်အား ၅၀ ဦး ခန့်က လက်နက်ကြီး၊လက်နက်ငယ် များဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ တပ်မတော် စစ်ကြောင်းမှ ပြန်လည် ပစ်ခတ် ခဲ့ရာ ၁၃၄၅ နာရီတွင် အရှေ့ဘက်သို့ ဆုတ်ခွာ ထွက်ပြေး ခဲ့ပါသည်။
          အလားတုပင် ဇန်န၀ါရီလ ၂၄ ရက် ၁၄၀၀ နာရီတွင် မြစ်ကြီးနား- ဗန်းမော် ကားလမ်း လဂျားယန် စခန်းအနီး အုပ်ချုပ်မှု ကိစ္စ ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်း တစ်ခုအား  ကေအိုင်အေ အင်အား ၁၀၀ ဦးခန့်က လက်နက်ကြီး၊လက်နက်ငယ် များဖြင့် ၀ိုင်းဝန်း တိုက်ခိုက် ခဲ့သဖြင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားပြီး ၁၇၃၀ နာရီတွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ အကျအဆုံး များစွာဖြင့် ပြန်လည် ဆုတ်ခွာ သွားခဲ့ပါသည်။ဖြစ်စဉ်တွင် မိမိ စစ်သည် ၅ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ကေအိုင်အေ အလောင်း ၂၅  လောင်း၊ လက်နက် မျိုးစုံ ၂၂ လက် သိမ်းဆည်း ရမိ ခဲ့ပါသည်။
          ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် (၃/၂၀၁၃) ထုတ်ပြန် ကြေငြာ ပြီးသည့် နောက်ပိုင်း အပြစ်မဲ့ ပြည်သူများ အပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်များအား အဆက် မပြတ် တိုက်ခိုက် နေသော်လည်း ဒေသခံပြည်သူ လူုထု၊တပ်မတော်နှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ၀င်များ၏ ပူးပေါင်း ကာကွယ်မှုဖြင့် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ် တိုင်းအား တားဆီးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ