မျောက်သစ်ရွက်
(Leaf monkey) လို့ခေါ်ရတဲ့ အကြောင်းအရင်း ယင်း မျောက်များဟာ
အရွက်တစ်မျိုးတည်းကိုပဲ နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်လို့ ဖြစ်ပါတယ်။Colobinae လို့ခေါ်တဲ့ မျောက်မျိုးနွယ်စုထဲကိုမှ Leaf monkey လို့ ထပ်ကွဲ ပြီး ယင်းအထဲမှာကိုမှ Lutung လို့ခေါ်တဲ့ မျောက်မျိုးကတော့ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ရှိပါတယ်။ အရှေ့ တောင်အာရှမှာပဲ တွေ့ရတဲ့ မျောက်မျိုး ဖြစ်ပါတယ်။
မွေးတုန်းက ရွှေရောင်/ လိမ္မော်ရောင် အမွေးအမျှင်ရှိပြီး ကြီးလာတော့ အညိုရောင် သို့မဟုတ် မီးခိုရောင် သို့မဟုတ် အဖြူရောင်ကို ပြောင်းသွား တတ်ပါတယ်။ ပုံစံက ချစ်စရာအတော်ကောင်းပါတယ်။ ထိုင်းနိုင်ငံ တိရစ္ဆာန် ဥယျာဉ်တစ်ခုမှာ ဖြစ်ပြီး Lutung ပေါက်စလေးကို ဝိုင်းစလို့ မကြိုက်တဲ့ သစ်ရွက်စားနေ သော မျောက်မေမေ က လှမ်းကြည့်နေပုံကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: animalove
No comments:
Post a Comment