ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 January 2013

ကချင်စစ် အမေရိကန် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်


ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့  ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် အမေရိကန်ပြည်ထောင်စုက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။
ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က  ကချင်ပြည်နယ်အတွင်း စစ်ရေး ပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့ ကိစ္စနဲ့ ဇန်န၀ါရီ ၂၄ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြီး ပြောကြားလိုက်တာပါ။
ဒီကြေညာချက်မှာ မြန်မာအစိုးရက ဇန်န၀ါရီ ၁၉ ရက်ကစပြီး
တိုက်ပွဲရပ်စဲကြောင်း ကြေညာထားပေမယ့်  ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာကို အမေရိကန် ပြည်ထောင်စုက စိုးရိမ်ပူပန်ကြောင်းနဲ့ အရပ်သားတွေ ထိခိုက် သေကျေစေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားယုတ်စေတဲ့ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်တယ်လို့ ဖော်ပြထားပါတယ်။
အကူအညီလိုနေတဲ့ နေရာတွေဆီ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီတွေကို  အတားအဆီးမရှိ ၀င်ရောက်ကူညီခွင့်ပေးဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။
အမေရိကန်သံရုံးထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရက တရားဝင်သဘောထား ထုတ်ပြန်ဖို့ သက်ဆိုင်ရာ မြန်မာနိုင်ငံခြားရေးဌာနက လိုအပ်သလို ဆက်လက် ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း၊ ၀န်ကြီးဌာနက ဘယ်လိုတုံ့ပြန်မလဲ စောင့်နေဆဲဖြစ်ပြီး နိုင်ငံခြားရေးဌာနနဲ့တော့ ဒီကိစ္စ မဆွေးနွေးရသေးဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒု-၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
သူရဲ့အမြင်ကတော့ ကချင်တိုက်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့စိုးရိမ်မှုကို နားလည်တဲ့အကြောင်းနဲ့ သံရုံး ကြေညာချက်မှာ  ကေအိုင်အေက တပ်မတော်စခန်းတွေနဲ့ အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်မှုကို ရည်ညွန်းပြောဆိုဖို့ ပျက်ကွက်မှုအပေါ် အံ့ဩမိတယ်လို့ သူရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒုဝန်ကြီး ဦးရဲထွဋ်က  ပြောပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ချဲက ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ နိုင်ငံဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ထိရောက်စေမယ့် နေပြည်တော်သဘောတူညီချက် အတည်ပြုနိုင်တဲ့အပေါ် မြန်မာအစိုးရကို ချီးကျူးဂုဏ်ပြုတဲ့အကြောင်းလည်း အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
 

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ