ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 January 2013

ဆက်သွယ်ရေးလုပ်ငန်း ပြည်ပကုမ္ပဏီတွေကို ပထမဆုံးအကြိမ် မြန်မာလုပ်ကိုင်ခွင့်ပြု


မြန်မာနိုင်ငံတ၀န်းမှာ လုပ်ဆောင်မယ့်  ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အသစ် ၂ ခု ချပေးဖို့ ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီတွေကို မြန်မာအစိုးရက  နိုင်ငံပိုင် သတင်းစာတွေကနေတဆင့် တင်ဒါ ခေါ်ယူလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်သူလူထုအကြား တယ်လီဖုန်းသုံးစွဲမှုကို လာမယ့် ၂၀၁၅-၁၆ ခုနှစ်မှာ  ၇၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိ တိုးမြှင့်ဖို့နဲ့ ပြည်သူအများ သက်သာတဲ့ဈေးနှုန်းနဲ့ စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ တင်ဒါဖိတ်ခေါ်ချက်မှာ ဖော်ပြထားပါတယ်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းကတော့  “မြန်မာ ဆက်သွယ်ရေးနဲ့ ပြိုင်ဖို့အတွက် ခုလို ပြည်တွင်းနဲ့ ပြည်ပက ဆက်သွယ်ရေး လုပ်ငန်း ဆောက်ရွက်လိုတဲ့  အော်ပရေတာ ၂ ခု ကို တင်ဒါ ခေါ်ရတာဖြစ်တယ်” လို့ ဒီဗွီဘီ ကို ပြောပါတယ်။
အခု ခေါ်ယူထားတဲ့ ဆက်သွယ်ရေးအော်ပရေတာ ၂ ခု အပါအ၀င် ၂၀၁၃ ခုနှစ်အတွင်း တယ်လီဖုန်း ၁၀ သန်းလောက် ထပ်တိုးဖို့ မျှော်မှန်းထားတယ်လို့လဲ သူကဆိုပါတယ်။
ဒါဟာ မြန်မာအစိုးရအနေနဲ့ ပြည်တွင်း တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းကို ပြည်ပကုမ္ပဏီတွေကို ပထမဆုံး ၀င်ရောက်လုပ်ကိုင်ခွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
Financial Times သတင်းစာမှာတော့ ရုရှားနိုင်ငံက VimpelCom၊၊ နော်ဝေကTelenor၊ ဗီယက်နမ်က VNPT-Fujitsu နဲ့ မလေးရှားနိုင်ငံက Axiata ကုမ္ပဏီ တွေက မြန်မာတယ်လီဖုန်း ဆက်သွယ်ရေးဈေးကွက်ထဲ ၀င်ရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားပါတယ်။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ