ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 January 2013

ဦးဆောင်ဂိုးရထားတိုင်း မန်ယူကို အနိုင်ရလိမ့်မယ် မထင်ပါနဲ့ # ဂျာဗီးယား ဟာနန်ဒက်ဇ်


chicharito celebration

 
မန်ချက်စတာ ယူနိုက်တက်နှင့် ယှဉ်ပြိုင် ကစားမည့် အသင်းများအနေဖြင့် ဦးဆောင်ဂိုး ရရှိထားသည့်အခါတိုင်း အနိုင်ရလိမ့်မည်ဟု မထင်ထားသင့်ကြောင်း ဂျာဗီးယား ဟာနန်ဒက်ဇ်က ပြောကြားလိုက်သည်။

ယူနိုက်တက်သည် အက်ပ်တွန်ပတ်ခ်တွင် ရော်ဘင်ဗန်ပါစီ၏ သွင်းဂိုးဖြင့် သရေရလဒ် ရယူခဲ့ပြီးနောက် ယနေ့ညတွင် အက်ဖ်အေဖလား တတိယအဆင့် ပြန်ကန်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ အဆိုပါပွဲသည် ပရီးမီးယားလိဂ်တွင် ၇ မှတ်အကွာဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည့် မန်ချက်စတာ ယူနိုက်တက်၏ ဘယ်တော့မှ အရှုံးမပေးသည့် စိတ်ဓာတ်ကို သက်သေပြခဲ့သည့် ပွဲစဉ် တစ်ခုလည်း ဖြစ်သည်။
ယခုနှစ်ရာသီတွင် တစ်ဖက်အသင်းအား ဦးဆောင်ဂိုး ပေးထားပြီးနောက် ပြန်လည် အနိုင်ယူ နိုင်ခဲ့သည့် ပွဲစဉ် ၈ ပွဲ ရှိခဲ့သော ယူနိုက်တက်နှင့် ပတ်သက်၍ ဟာနန်ဒက်ဇ်က “ဒါဟာ အသင်းရဲ့ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်ပါ။ ကျွန်တော်တို့  အသင်းဟာ ၂-၀ ဒါမှမဟုတ် ၃-၀ နဲ့ ရှုံးနိမ့်နေရင်တောင်မှ ချေပဂိုး တစ်ဂိုးပြီး တစ်ဂိုး ပြန်လည် သွင်းယူပြီး နိုင်ပွဲ ရယူနိုင်တဲ့ အသင်းပါ။ ဒါဟာ အသင်းရဲ့ ယုံကြည်မှုပါပဲ။ ဘယ်တော့မှ အရှုံးမပေးဘဲ အဆုံးထိ တိုက်ပွဲဝင်နေမှာပါ” ဟု ပြောကြားခဲ့သည်။
အသက် ၂၄ နှစ်အရွယ် ဟာနန်ဒက်ဇ်သည် မန်ချက်စတာ ယူနိုက်တက်အတွက် ၁၂ ဂိုးသွင်းယူကာ ၂၁ ဂိုး သွင်းယူထားသည့် ဗန်ပါစီ၏နောက်၌ ရပ်တည်နေသူဖြစ်သည်။ အသင်းဖော် ဝိန်းရွန်နီမှာ ၈ ဂိုးသာ သွင်းယူထားသည်။ အဆိုပါ မက္ကဆီကို ကစားသမားသည် ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ဝက်စ်ဟမ်းနှင့် ပွဲတွင် ဒူးဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသည့် ရွန်နီနှင့် တွဲဖက် ကစားရဖွယ်ရှိသည်။ ၎င်းက “ရော်ဘင်နဲ့ ဝိန်းဟာ ပြီးပြည့်စုံတဲ့ ကစားသမားတွေပါ။ သူတို့နှစ်ဦးဟာ ဘောလုံး ထိန်းသိမ်းတာပဲ ဖြစ်ဖြစ် ပေးပို့တာပဲဖြစ်ဖြစ် အဆုံးသတ်ပိုင်းပဲ ဖြစ်ဖြစ် အကောင်းဆုံး လုပ်ဆောင်နိုင်သူတွေပါ” ဟု အသင်းကစားဖော် တိုက်စစ်မှူးများကို ချီးကျူးခဲ့သည်။

http://nitsannthit.com
 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ