ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 January 2013

United ဆိုတဲ့ အတိုင်း စည်းစည်းလုံးလုံး ၊ တသွေးတသားတည်း ရှိနေကြပါတယ် – ဟာနန်ဒက်


230688_539051592780707_18694972_n
မန်ယူ အသင်း၏ မက္ကဆီကို လူငယ် တိုက်စစ်မှုး ချီချာရီတို က မိမိတို့ ယူနိုက်တက် ကစားသမားများသည် အဝတ်လဲခန်း အတွင်း၌ တစ်ဦးနှင့် တစ်ဦး ဆက်ဆံရေး ကောင်းများ ရှိသလို ကစားကွင်း အတွင်း၌လည်း စုစည်း ညီညွှတ်မှု ရှိသူများ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။ ချီချာရီတိုက မိမိ ၏ အိမ်မက်မှာ
၁၉၉၉ ခုနှစ်က ကဲ့သို့ မန်ယူ အသင်းနှင့် အတူ ချန်ပီယံ ဆုဖလား ၃ လုံး တပြိုင်နက် ရယူလိုကြောင်း နှင့် ထိုကဲ့သို့ ရယူနိုင်ရန် အတွက်လည်း အသင်းသား အားလုံး စုစည်း ညီညွှတ်စွာ ကြိုးစားနေကြောင်း ဖွင့်ဟ ပြောကြားခဲ့ခြင်း ဖြစ်သည်။ မန်ယူ အသင်းသည် လက်ရှိ အချိန်တွင် ပရီးမီးယားလိဂ်၌ အဆင့် ၁ နေရာ၌ ရပ်တည်နေသလို ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ရှုံးထွက် အဆင့်သို့ ရောက်ရှိနေပြီး FA ဖလား ပြိုင်ပွဲတွင်းလည်း နောက်တစ်ဆင့် တက်ရန် အခြေအနေကောင်းကို ပိုင်ဆိုင်ထားပြီး ဖလား ၃ လုံး လမ်းကြောင်းပေါ်တွင် ရပ်တည်နေသည့် အသင်း ဖြစ်သည်။
အသင်းပိုင် ဝက်ဆိုဒ်မှ တဆင့် “ကျွန်တော့် အတွက် အကြီးမားဆုံး အိမ်မက် ကတော့ အသင်းနဲ့ အတူ ဆုဖလား ၃ လုံး တပြိုင်နက်တည်း ရယူလိုတာပါ။ ဒီလို ဖြစ်လာဖို့ ခက်ခဲတယ်လို့ တချို့တွေက ပြောကြပေမယ့် အရင်ကလည်း ကျွန်တော်တို့ စွမ်းဆောင် ပြခဲ့ပြီး ဖြစ်သလို အခုလည်း ဖြစ်လာနိုင်တဲ့ အကြောင်းတရားတွေ ပိုင်ဆိုင်ထားပါတယ်။” ဟု ပြောကြားခဲ့ပြီး အသင်း၏ စည်းလုံး ညီညွှတ်မှု ရှိပုံကိုလည်း
“တကယ့်ကို ကြံခိုင်တဲ့ စိတ်ဓါတ်တွေ ပိုင်ဆိုင်ထားတဲ့ အသင်းပါ။ ဒီမှာ ရှိတဲ့ ကစားသမားတွေတိုင်းဟာ United ဆိုတဲ့ အတိုင်း တစ်ယောက်နဲ့ တစ်ယောက် စည်းစည်းလုံးလုံး နဲ့ ဖော်ရွေကြပါတယ်။ ဘယ်သူမှ အတ္တ၊မာန တွေနဲ့ မရှိကြပါဘူး။ ကိုယ့်အလုပ်ကို ပဲ အာရုံစိုက်ကြပြီး ဆုဖလားတွေ ရယူဖို့ အတွက် တစ်ဦးကို တစ်ဦး ကူညီထောက်ပံ့ပြီး အသင်းအတွက် အစွမ်းကုန် ပေးဆပ်နေကြသူတွေပါ။” ဟု ချီချာရီတို မှ ထုတ်ဖော် ပြောကြားသွားခဲ့ပါသည်။



  by

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ