ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 January 2013

ဗန်ပါစီ အနေနဲ့ ချန်ပီယံဆု ရယူဖို့ မန်ယူကို ပြောင်းခဲ့တာပါ – ဗန်ဒါဆား


robin-van-persie-manchester-united
မန်ချက်စတာ ယူနိုက်တက် အသင်း၏ ဂန္တဝင် ဂိုးသမားကြီး အက်ဒွင် ဗန်ဒါဆား က ယူနိုက်တက် တိုက်စစ်မှုး ဗန်ပါစီ သည် အိုးထရက်ဖို့ဒ် သို့ ပြောင်းရွှေ့လာခြင်း၌ သေချာသည့် အချက်မှာ ချန်ပီယံဆု ရယူလိုခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ အသက် ၄၂ နှစ် အရွယ်
ဂိုးသမားဟောင်းကြီးက တနိုင်ငံတည်းသား ဗန်ပါစီ အနေဖြင့် အာဆင်နယ် အသင်းထံမှ ယူနိုက်တက် နည်းပြကြီး ဖာဂူဆန် လက်အောင်သို့ ပြောင်းရွှေ့ခြင်း၌ ငွေကြေးက အဓိကမဟုတ်ကြောင်း၊ ကစားသမား ဘဝ အောင်မြင်မှု ဆုတံဆိပ် ရယူလိုခြင်းသည်သာ အဓိက ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗန်ဒါဆား က FATV နှင့် တွေ့ဆုံစဉ် “ဒါဟာ သူ့အတွက် လွယ်ကူတဲ့ ပြောင်းလဲမှုတော့ မဟုတ်ပါဘူး။ အာဆင်နယ် အသင်း ကနေ ပြောင်းရွှေ့ခဲ့တော့ ပေးရတဲ့ ပြောင်းရွှေ့ကြေးက အနည်းငယ် များပြားခဲ့တယ်ဆိုပေမယ့် သူ့ရဲ့ ခြေစွမ်းနဲ့ ထိုက်တန်ခဲ့ပါတယ်။ သူ့ဘက်က ကြည့်ရင် ချန်ပီယံ ဆုတံဆိပ်ဆိုတာ သူ့ရဲ့ ကစားသမား ဘဝမှာ ထုတ်ဖော် ပြသစရာ လောက်လောက်လားလား မရှိခဲ့ပါဘူး။ ဒါကြောင့် မန်ယူ အသင်းကို ပြောင်းရွှေ့ဖို့ သူရွေးချယ်ခဲ့တာပေါ့။ ဒီအပြောင်းအရွှေ့မှာ တစ်ချို့ အတွက် နာကျင်မှုတွေ ဖြစ်ပေါ်စေပေမယ့် ကစားသမား အတွက်ကတော့ ဒီရာသီမှာ ချန်ပီယံဆု တစ်ခု ရယူဖို့ မျှော်လင့်ချက် ပိုမို ကြီးမားလာပါတယ်။” ဟု ဗန်ပါစီ ၏ အပြောင်းအရွှေ့ အပေါ် သူ၏ ထင်မြင်ချက်ကို ပြောကြားသွားခဲ့ပါသည်။
ဗန်ပါစီ သည် မန်ယူ အသင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ပွဲတွင် အသင်းအတွက် ၁၇ ဂိုး အထိ သွင်းယူကာ ခြေစွမ်းပြနေသူ ဖြစ်ပြီး အသင်းအားလည်း အမှတ်ပေး ဇယား ထိပ်ဆုံး၌ ဒုတိယနေရာမှ မန်စီးတီး အသင်းအား ရမှတ် ၇ မှတ်ဖြတ်ကာ ဦးဆောင်စေရန် ကြိုးပမ်းပေးနိုင်ခဲ့သည်။

MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ