ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 January 2013

မော်ရင်ဟိုကို အေစီမီလန် အလိုရှိနေ


mourinho 
အေစီမီလန်သည် နွေရာသီတွင် ပရီးမီးယားလိဂ်၌ နည်းပြပြုလုပ်လိုသည့် ဟိုဆေး မော်ရင်ဟိုကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။
မော်ရင်ဟိုသည် ယခုနှစ် နွေရာသီတွင် ရီးယဲလ် မက်ဒရစ်မှ ထွက်ခွာပြီးနောက် လာမည့် ဘောလုံးရာသီတွင် အင်္ဂလိပ် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်ဖွယ်
ရှိနေသည်။ ပရီးမီးယားလိဂ်တွင် ဆာ အဲလက်စ် ဖာဂူဆန်က မန်ချက်စတာ ယူနိုက်တက်တွင် ဆက်လက် ရှိနေမည်ဖြစ်ပြီး ဂွာဒီယိုလာမှာ မန်ချက်စတာ စီးတီးထံ သွားရောက်နည်းပြမည် ဖြစ်သည်။ တော့တင်ဟမ်နှင့် လီဗာပူးလ်တို့မှာ လည်း အင်ဒရီ ဘိုအာ့စ်နှင့် ဘရန်ဒန် ရော်ဂျာ တို့ကိုသာ ဆက်လက်ခန့်အပ်ထားဖွယ်ရှိသောကြောင့် မော်ရင်ဟို မှာ အာဆင်နယ် သို့မဟုတ် အသင်းဟောင်း ချဲလ်ဆီး ထံသို့ သွားရောက်နည်းပြဖွယ်ရှိသည်။
အာစင်ဝင်းဂါးသည် အာဆင်နယ်တွင် ၁၇ နှစ်အကြာ နည်းပြနေသူဖြစ်ပြီး ချဲလ်ဆီး ယာယီ မန်နေဂျာ ရာဖာ ဘင်နီတက်ဇ်မှာလည်း ထိပ်ဆုံးသုံးသင်းတွင် ရပ်တည်နိုင်ပြီး ဖလားတစ်ခုခု ရရှိခဲ့ပါက အမြဲတမ်းနည်းပြ ဖြစ်လာဖွယ်ရှိသည်။ ထို့အတွက် မော်ရင်ဟိုမှာ မီလန်၊ ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ် တို့ကိုသာ ရွေးချယ်ရန်ရှိနေပြီး ၎င်းအနေဖြင့် ကမ္ဘာ့ အအောင်မြင်ဆုံး ကလပ်တစ်ခုဖြစ်သော မီလန်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ရန် ခက်ခဲဖွယ်ရှိနေသည်။
မီလန် ဥက္ကဋ္ဌ ဘာလူစကိုနီကလည်း အသင်းတွင် အောင်မြင်မှုများ ပြန်လည်ရယူလိုလျက်ရှိပြီး ၎င်းသည် ဘာစီလိုနာ နည်းပြဟောင်း ဂွာဒီယိုလာကို ခေါ်ယူရန် အရေးနိမ့်ခဲ့ပြီးနောက် မော်ရင်ဟိုကို ပစ်မှတ်ထားလာခြင်း ဖြစ်သည်။ လက်ရှိတွင် မော်ရင်ဟိုမှာ ရီးယဲလ်၌ လုပ်ခလစာ ပေါင် ၁၃.၅ သန်း ရရှိနေသူဖြစ်ပြီး အဆိုပါ လစာပမာဏကို ပေးချေနိုင်ခဲ့ပါက မီလန်အနေဖြင့် အဆိုပါ စပယ်ရှယ်ဝမ်းကို ခေါ်ယူနိုင်ဖွယ်ရှိကြောင်း သိရသည်။


myanmar striker

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ