ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 January 2013

ရီးရဲလ်နဲ့ ပွဲမှာ ဒဏ်ရာကြောင့် လွဲချော်မယ့် အက်ရှ်လေယန်း


young
မန်ယူအသင်းဟာ အသင်းရဲ့ တောင်ပံကစားသမား ဖြစ်တဲ့ အက်ရှ်လေယန်းကို ရီးရဲလ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်အထိ လက်လွှတ်ရတော့မှာ ဖြစ်ပါတယ် ယန်းဟာ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ
လီဗာပူးလ်နောက်တန်းသမား အဂ္ဂါနဲ့ ထိခိုက်မိပြီး ဘယ်ဘက် အတွင်းပိုင်း အရွတ် ပျက်စီးခဲ့တာ ဖြစ်ပြီး အဆိုပါ ဒဏ်ရာကြောင့် နောက်ထပ် လေးပတ်ခန့်  အနားယူရတော့မှာ ဖြစ်ပါတယ် နည်းပြဖြစ်သူ ဖာဂူဆန်ဟာ တောင်ပံကစားသမားကို စပါးအသင်းကို ရင်ဆိုင်မယ့် ပွဲစဉ်မှာ ပါဝင်ဖို့  မျှော်လင့်ခဲ့ပေမယ့် ဆေးစစ်ချက်အရ ကစားသမားဟာ ကြံ့ ခိုင်မှု မပြည့် ဝတာကြောင့် ချန်လှပ်ထားခဲ့ရတာ ဖြစ်ပါတယ်
အက်ရှ်လေယန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ပွဲစဉ်နှစ်ကျော့စလုံးကို သေချာပေါက်လွဲချော်မှာ ဖြစ်ပြီး ပြည်တွင်းပွဲစဉ်အချို့ ကိုလည်း လွချြော်မှာ ဖြစ်ပါတယ် အက်ရှ်လေယန်း လွဲချော်နိုင်တဲ့ ပွဲစဉ်များကတော့ ဖူလ်ဟမ်၊ ဆောက်သမ်တန်၊အဲဗာတန်၊ကျုပီအာ၊နော့ဝှစ်ခ်ျ၊၀က်စ်ဟမ်းနဲ့ ရီဒင်းတို့  ပွဲစဉ်တွေပဲဖြစ်ပါတယ် ကစားသမားဟာ ဒဏ်ရာကြောင့် အင်္ဂလန်အသင်းနဲ့ ဘရာဇီးအသင်းတို့ ရဲ့ ချစ်ကြည်ရေး ပွဲစဉ်ကိုလည်း သေချာပေါက် လွဲချော်မှာ ဖြစ်ပေမယ့် ဆန်မာရီနိုနဲ့ မွန်တီနီဂရိုးတို့ နဲ့ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာတော့ ကြံ့ ခိုင်မှု ပြည့် ဝမယ်လို့  မျှော်လင့်ရပါတယ်


MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ