ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 January 2013

နျူကလီးယား စမ်းသပ်မှု ထပ်မံလုပ်ဆောင်မည်ဟု မြောက်ကိုရီးယားဆို


မြောက်ကိုးရီးယား နျူကလီးယား စမ်းသပ်မှုတွေကို ထပ်မံလုပ်ဆောင်ဖို့ ပြင်ဆင်ထားပြီး ဒုံးစပ်းသပ်မှုတွေက အမေရိကန် ပြည်ထောင်စုကို ပစ်မှတ်ထားတာလို့ မြောက်ကိုရီးယားက ပြောပါတယ်။
လုပ်ဆောင်မယ့် အချိန်နဲ့ စမ်းသပ်မယ့် နျူကလီးယား ပြင်းအားကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့လက မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်တဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇန်န၀ါရီ ၂၂ ရက်နေ့မှာ ပိတ်ဆို့ဒဏ်ခတ်တာကို ထပ်တိုးချဲ့ခဲ့ပါတယ်။
အမေရိကန် ဦးဆောင်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ဒီဒဏ်ခတ် အရေးယူတာကို တညီတညွတ်တည်း ထောက်ခံခဲ့ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ဆက်လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။

ဆက်လက်လုပ်ဆောင်မယ့် တာဝေးပစ်ဒုံး၊ ဂြိုဟ်တု အမျိုးမျိုးနဲ့ အဆင့်မြင် နျူကလီးယား စမ်းသပ်မှုတွေကို ဖုံးကွယ်ထားလို့မရသလို အဓိက ရန်သူ အမေရိကန်ကို ရည်ရွယ်တာလို့ မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးကော်မရှင်က ပြောပါတယ်။
ကုလလုံခြုံရေးကောင်စီရဲ့ ဥပဒေနဲ့ မညီတဲ့ တရားမ၀င်တဲ့ ဆုံးဖြတ်ချက်တွေကို ကန့်ကွက်တယ်လို့ ကော်မရှင်က ဆိုပါတယ်။
စမ်းသပ်မှုအတွက် လိုအပ်တဲ့နည်းပညာ ပြင်ဆင်မှုကို မြောက်ကိုရီးယားက လုပ်ဆောင်ထားပြီး ဖြစ်သလို ခေါင်းဆောင် ကင်ဂျုံအန်း (Kim Jong Un) ဆီကနေ ဆုံးဖြတ်ချက်ရရင် ရက်ပိုင်းအတွင်း လုပ်ဆောင်နိုင်ပြီလို့ တောင်ကိုးရီးယား ယွမ်ဟက် (Yonhap) သတင်းဌာနက ကြေညာပါတယ်။
၂၀၀၆ နဲ့ ၂၀၀၉ ခုနှစ်တွေမှာလည်း မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ