ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 January 2013

အစိမ်းရင့်ရင့် ၀တ်စုံ နဲ့  ဘန်ဂါဇီ မှ အစွန်းရောက် တွေ တိုက်ခိုက်မှု ကို ၀န်ကြီး ကလင်တန် ထွက်ဆို

1358964887508.cached    ၊၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့  ညနှောင်းပိုင်း မှာ လစ်ဗျား နိုင်ငံ
ဘန်ဂါ ဇီ မြို့ ရှိ အမေရိကန် သံရုံး ကို တိုက်ခိုက်မှု  အမေရိကန်သံအမတ် J. Christopher Stevens
နှင့် သံတမန်ဝန်ထမ်း(၃)ဦး သေဆုံးခဲ့ရ မှု အတွက် ဒီနေ့  အမေရိကန် အထက်လွှတ်တော်
မှာ နိုင်ငံ ခြားရေး ၀န်ကြီး ကလင်တန် က  ထွက် ဆို မှု ပြု ခဲ့ သည်။

စက်တင်ဘာ ၁၁ ရက်နေ့  နှစ်ပတ် လည် ဘန်ဂါဇီ မှာ အတိုက်ခံ ခံ ရကတည်း က အိုဘားမား
အစိုးရ အဖွဲ့  ကို ရီပတ်ဘလီကန် တွေ က သဲသဲလှုပ် ဝေဖန် ခံကြသည်။ ထို ကိစ္စ အတွက် အထက်
လွှတ်တော် ကို ထွက် ဆို ဖို့  ရောက် ရှိ လာ သော ကလလင်တန် သည် ယခင် တွေ့ နေ ကျ သူမ
၏ နေ့ တစ်ဓူဝ ဖက်ရှင် မှ ခွဲထွက် ကာ အားလုံး ကို စူးစူးရှရှ ဖြစ်စေသည့်  ရေညှိုစိမ်းရောင်
ရောင် ရင့်ရင့် အကျီ င်္ ၊ ကိုကာ ကိုလာ ပုလင်း ဖင် မျက် မှန်၊ မိတ်ကပ် မလိမ်းထား သော မျက်နှာ ၊
ဖိုသီ ဖတ်သီ စတိုင်ဖမ်းထား သော  လေမှာ လွင့် နေသည့် ရွှေ အိုရောင် ဆံနွယ် များ ဖြင့် အားလုံး
ကို ဖမ်းစား ခဲ့ သည်။
သူမ က ဘန်ဂါဇီ ကိစ္စ တွင် အစိုးရ အနေဖြင့် မည် သည့် ကြို တင် သတင်း ရရှိ မှု မှ မရှိ ကြောင်း
ကို ခုခံ ပြောကြား ခဲ့ ပြီး FBI ၏ စုံစမ်း စစ်ဆေးမှု များ တွင် နိုင်ငံ ခြား ရေး ၀န်ကြီးဌာန အနေဖြင့်
မည်သည့် ကြား ၀င် ကန့် လန့်  လုပ်မှု မှ မရှိ ကြောင်း ထွက် ဆို ခဲ့သည်။
ကလင်တန် ၏ ပြောဆို ချက် ကို အတိုက်အခံ များ နှင့် ရီပတ်ဘလီကန်မှ များ မှ ဝေဖန်ကြသည်။
ဟီလာရီ ကလင်တန် က မြောက် အာဖရိက မှ စစ်သွေးကြွ တွေ ပို ပြီး ထကြွ လာကြောင်း ဒါကြောင့်
လည်း ပြင်သစ် ဦးဆောင်တဲ့ မာလီ စစ်သွေးကြွ များ ရှင်း လင်း မှု မှာ အမေရိကန် က ထိထိရောက်
ကူညီ မှု ပေး ပြီး ၀င်ပါ ရ ကြောင်း အာဖရိက မြောက်ပိုင်း မှာ ဆဟာရ ဆို တဲ့ သဲကန္တာ ရ ရှိပေမယ့်
လည်း လွင် တီး ခေါင်း ပြင် ကြီး မဟုတ် ကြောင်း ပုန်းလို့ ရတဲ့ ဂူတွေ လည်း ရှိ ကြောင်း (စစ်သွေး
ကြွ တွေ အတွက် ကာကွယ် ပေးနေတဲ့ သူ တွေ လည်း ရှိတယ် လို့  ဆို လို ခြင်း ဖြစ်သည်) ဘန်ဂါဇီ
ကိစ္စမှ အဓိက တာဝန်ရှိတဲ့ သူ ကို Ali al-Harzi ကို တူနီးရှား တရား ရုံး က ပြစ်မှု မထင်ရှား မှု နဲ့ 
တူနီရှား တရား ရုံး က လွှတ်ပေး လိုက် ခြင်း အပေါ် လည်း ကလင်တန် က ထည့် သွင်း ပြောကြား
ခဲ့ သည်။
ကလင်တန် ရဲ့  ထွက် ဆို ချက် ကို CNNC-Span နဲ့  တခြား သတင်း ဌာန တွေ က တိုက်ရိုက် လွှင့်
ထုတ် ပြသခဲ့ တာ ကြောင့် ပြည်သူ တွေ ကြည့်ရှု နား ထောင်ခွင့် ရ ကြ ပေမယ့် အစိမ်းရောင် ရင့်
ရင့် ၀တ်ထား တဲ့ အပေါ် မှာ တော့ သို့ သို့  လော ထင်ကြေး ပေး မှု တွေ ရှိကြ ပါတယ်။
အယ်(လ)ဂျီးရီးယား ဓာတ်ငွေ့ စက်ရုံ စီနင်း မှု မှာ အယ်(လ)ကာယီးဒါး  အဖရိက မြောက်ပိုင်း
ယူနစ် ဟာ ကဒါဖီ ခောတ် လွန် လစ်ဗျား က လက်နက် တွေ ရခဲ့ တယ် ဆို တာ ယုံမှား သံသယ
ရှိစရာ မလို ကြောင်း လည်း ထွက် ဆို ခဲ့ ပြီး ” ခုတော့ ဖြင့် အာဖရိက မြောက် ပိုင်း ဟာ အရင် တာလီ
ဘန်တွေ ၊ အကြမ်းဖက် သမားတွေ ထိမ်းချုပ်ထားတဲ့ အလယ် အာရှ နိုင်ငံ လို ပဲ အန္တရာယ်
ရှိတဲ့ ဒေသ ဖြစ်နေ ပြီ လို  ကလင်တန် က သတိပေး ပြောကြားခဲ့ ပါတယ်။
ဝန်ကြီး ကလင်တန် က အမေရိကန် အစိုးရ အနေနဲ့  တစ်ကမ္ဘာ လုံး က ဘယ်အမေရိကန် သံရုံး
ရုံး စိုက် တဲ့ နေရာ မှာ မဆို လုံခြုံရေး အရ  ပျော့ ကွက် ဟာ ကွက်မရှိ အောင် လုပ် ထား ကြောင်း
ဆိုတာ ကို တော့ အတိုက် အခံ တွေ ထင် သလို မဟုတ် ကြောင်း ကို ဒေါနဲ့  မောနဲ့  ပြောခဲ့ ပါတယ်။
ရော့ကက်ဖြင့်တိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ်နှင် သံတမန်တချို့သေဆုံး။
လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် စစ်တင်ဘာလ ၁၁ ရက်နေ့  နှစ်ပတ် လည်နေ့  က သေဆုံးခဲ့
သည်။
FNG

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ