ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 January 2013

ပြည်သူ့လွှတ်တော်ဥက္ကဌထံသို့ အိတ်ဖွင့်ပေးစာ


သို့

သူရရွှေမန်း 
ဥက္ကဌ 
ပြည်သူ့ လွှတ်တော် 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 

၂၀၁၃၊ ဇန်န၀ါရီလ (၂၄) ရက်

လူမျိုးခြားစစ်ဆေးခြင်းအားရပ်တန့်ရေးနှင့် ဒုက္ခသည်ပြည်သူများအားသူ့နေရာနှင့်သူပြန်လည်ချ ထားရေးကို လုံခြုံစွာဖြင့်ဦးစားပေးကူညီရန်တင်ပြခြင်း 

  • ၂၀၁၂ခုနှစ် ရခိုင်အကြမ်းဖက်မှုသည် ဘင်္ဂလားရခိုင်သူပုန်များနှင့် အနောက်သားရခိုင်လူမျိုးပါတီ ခေါင်း ဆောင်များ၏ပူးပေါင်းကြံစည်မူကြောင့်ဖြစ်ပွားခဲ့သည်မှာထင်ရှားပါသည်။
  • ဤသို့အကြမ်းဖက်မူကို နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးကြိုးပမ်းမူမှာလည်း တရားဥပဒေစိုးမိုး ရေးနှင့်လူ့အခွင့်အရေးတန်ဖိုးထားမူအားနည်းမူကြောင့်ဖြေရှင်းရေးမှတ်တိုင်ဝေးနေရခြင်းပင်ဖြစ်နေသည်ဟုသုံးသပ်မိပါသည်။
  • သို့သော် အပြစ်မဲ့ဒုက္ခရောက်နေသော ရခိုင်၊ ရိုဟင်ဂျာ၊ ကမန်စသော ပြည်သူများ၏ဘ၀ခံစားနေရ သော နှစ်ဝက်ကျော်အတိဒုက္ခများကိုစာနာသောအားဖြင့် ပြည်တွင်းဖူလုံမူမရှိဘဲ နိုင်ငံတကာမှအကူ အညီများကိုနေ့စဉ်နှင့်အမျှ တောင်းခံနေရသည်မှာရှက်စရာကောင်းလှပါသည်။ 
  • တဖန်အကြမ်းဖက်မူအဆုံးသက်ရေးနည်းလမ်းတွင် နိုင်ငံတော်၏ဥပဒေ၊နည်းဥပဒေများကို ဘင်္ဂလား ရခိုင်သူပုန်နှင့်ပါတီများက ဆက်လက်ဖီဆန်နေခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့်လူ့အခွင့်အရေး လေးစားမှုကိုထိရောက်စွာဟန့်တားမှုခံနေရသည်ဟု သုံးသပ်မိပါသည်။ အကြောင်းမှာသမ္မတကြီးမှ ရခိုင်အုပ်စုကိုသတိပေးခြင်း၊ ကော်မရှင်မှသတိပေးခြင်း၊ ဥပဒေပါအဆုံးအဖြက်များကို နာမခံခြင်း၊ ရခိုင် နန်းကျဆုံးခြင်းနေ့ဟူ၍ထွင်ပြီး သမိုင်းကြောင်းရန်စပြုခြင်း၊ ယနေ့တိုင်ရိုဟင်ဂျာများနှင့်အတူမနေထိုင် လိုကြောင်းဟူ၍ ဒေသခံအုပ်ချူပ်ရေးမူးများအားခြိမ်းခြောက်ခြင်းဟူသောဆန့်ကျင်မှုအစုစုကို လက် ပိုက် ကြည့်နေခြင်းသည် ကချင်ဒေသကဲ့သို့အန္တရာယ်နှင့်ကြုံကြိုက်ခံရမည်ဟု စိုးရိမ်မိပါသည်။ 
  • ဤကဲ့သို့ရခိုင်တို့၏လူမျိုးစုခွဲခြားပိုင်းခြားမူ ဗျူဟာဖြင့်အကြမ်းဖက်မူကို နိုင်ငံတော်ကလည်းဖြေရှင်းရာ တွင် ဒုက္ခသည်များကိုသာလူမျိုးခွဲခြားပြီးစစ်တမ်းကောက်ခြင်း၊ လူမျိုးစုဇာတိမှန်အား အတင်းပြောင်း လဲရေးမှတ်ခြင်း၊မရလျှင် နှိပ်စက်မူနည်းဆင်ခြင်းဟူသောနည်းသည်လည်း တရားမျှတမူနှင့် လူ့အခွင့် အရေးဥပဒေများနှင့်ဆန့်ကျင်သောကြောင့် အမြန်ဆုံးရပ်တန့်ပေးပါရန် အလေးအနက်တောင်းဆို အပ်ပါသည်။ 
  • တဖန်နိုင်ငံတော်သည် ဤအကြမ်းဖက်မူကို လူမျိုးစု ၂စု ပြသနာဟူ၍လွှဲမှားစွာ နားလည်ယူပြီး စုံစမ်း စစ်ဆေးရေးအဖွဲ့၏လုပ်ငန်းဖြင့်လည်းကောင်း၊ လုံခြုံရေးသတင်းအရလည်းကောင်း၊ အကြမ်းဖက်မူတွင် ပါဝင်ထင်ရှားသော ရခိုင်သူပုန်နှင့်ဘင်္ဂလားရခိုင်ပါတီခေါင်းဆောင်များ၊ နောက်ခံကြိုးကိုင်ထားသူများ အားလုံးသိကုန်ပြီးသော်လည်း အရေးယူမူမပြုနိုင်လျှင်ထားပါတော့၊ ဒုက္ခသည်စခန်းအသီးသီးကို ရောက်နေသောပြည်သူများ၏ အတိဒုက္ခကိုမခံနိုင်၍ သေခြင်း၊ ပျောက်ခြင်း၊ တိုင်းတပါးသို့ထွက်ပြေးရ ခြင်း အစုစုကို နိုင်ငံတော်မှတာဝန်ခံရ မည်အားလျော်စွာ ယခုဒုက္ခရောက်နေသူများကို ဦးစားပေး၍ သူ့နေရာနှင့် သူ ပြန်လည်ချထားမူ တစ်ခုတည်းသာ လုံခြုံစွာ ကူညီပေးရန်အချိန်ကျပြီဖြစ်နေသည်။ 
  • တဖန်ရခိုင်ဒေသတွင် ဘင်္ဂလားမှမွတ်စ်လင်မ်တွေတံခါးမရှိခိုးဝင်လာမူဟူ၍ ယုံမှားနေမူဖြင့် ရှုပ်ထွေးနေ မူနှင့်အတူ ယနေ့ရခိုင်အရေး ဖြစ်စဉ်ကစတင်ပြီး ရခိုင်ဒေသသို့ဘင်္ဂလားနယ်ဖွား ရခိုင် (ဗုဒ္ဓဘာသာ) များသာ အမျိုးတူဟူ၍အကြောင်းခံပြီး ရခိုင်ပြည်လွတ်မြောက်ပြီဟူသောရခိုင်ပါတီ၏ အသံဖြင့် ဘင်္ဂလားရှိတစ်မျိုး တစ်ဆွေလုံးနေ့စဉ်နှင့်အမျှခိုးဝင်လာပြီး နေထိုင်မူခက်ခဲလာသောအခါ ရိုဟင်ဂျာ များ၏နယ်မြေများကို နစကမှသိမ်းယူပြီး အတင်းနေရာချထားနေကြောင်းတွေ့ နေရပါသည်။ ဤသို့  ဘင်္ဂလားရခိုင်များ ခိုးဝင်လာမူကို မည်သည့်ဥပဒေဖြင့်တားဆီးနိုင်မည် ကို သတိ ပြုလိုပါသည်။ 
  • သို့သော် ရခိုင်အကြမ်းဖက်မူတွင်ပါဝင်ခဲ့သော ဘင်္ဂလားရခိုင်သူပုန်များ၊ ခိုးသွင်းတိုက်ခဲ့သော လက်နက်များ၊ မြေပေါ်ရှိအနောက်သား ရခိုင်ပါတီခေါင်းဆောင်များ၊ နောက်ခံကြိုးကိုင်ထားသော အငြိမ်းစားဗိုလ်ချုပ်များ၊ ၀န်ကြီးများစာရင်းဇယားအားလုံးရရှိထားကာ နိုင်ငံတော်သမ္မတထံ အသိပေး ပြီးနိုင်ငံတော်နှင့် ဇာတိမြေဖွားပြည်သူများကိုကာကွယ်မူအားဖြင့်လည်းကောင်း ၊ အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေးလည်းကောင်း၊ တပ်မတော်နှင့်အတူဝင်ရောက်ချေမုန်းရမည်မှာ ဧကန်မုချ ပင်ဖြစ်ပေသည်။ 
  • အထူးသဖြင့် ဘင်္ဂလားရခိုင်ပါတီခေါင်းဆောင် အေးမောင်မှ ယနေ့တိုင်ခွဲခြားနေထိုင်ရေးဟူသော ခြိမ်းခြောက်မှုအသံကို နိုင်ငံတော်မှရပ်တန့်သင့်ကြောင်း၊ မဟုတ်လျှင်ရခိုင်ပြည်နယ်ပြသနာကို ဘယ်နည်းဖြင့် မရှင်းနိုင်ကြောင်း ရခိုင်နှင့် ရိုဟင်ဂျာသည် ဘယ်တော့မှခွဲမနေနိုင်ကြောင်း၊ အတူမ နေထိုင်လိုသောဘင်္ဂလားရခိုင်များ၏ စာရင်းဇယားပြုစု၍ တခြားတိုင်းနှင့် ပြည်နယ်သို့ခွဲထုတ် ပြောင်းလဲနေထိုင်သင့်စေလိုပါကြောင်းအကြံပြုတင်ပြ လိုပါသည်။ 
  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလည်း လေးစားကြည်ညိုရမည့်မင်းသမီးဖြစ်ပါသည်။ သူမအား နယ်မြေတွင်ကွင်းဆင်းတာဝန်ပေးကစားကြည့်ရာတွင် ကြေးနီတောင်စီမံကိန်းတွင် အ၀ါကဒ် ထိပြီး ရခိုင်-ရိုဟင်ဂျာအရေးတွင် အနီကဒ်ထိပြန်ခဲ့ပါသည်။ အကြောင်းမှာ ရခိုင်တွင်ရိုဟင်ဂျာ အရေးကို သူမအဖေ ဗိုလ်ချူပ်အောင်ဆန်းကသိပြီး သမီးကတွေဝေနေမူပေါ်တွင်ခံရခြင်းဖြစ်သည်။ တဖန်ယခုကချင်အရေးတွင် ပါဝင်စေရန်လေ့လာမူတွင် မတော်တဆ အနီကဒ်ထပ်မံထိခံရလျင် ၂၀၁၅ ရည်မှန်းချက်ပျက်သွားမှာစိုးလို့  လွှတ်တော်တွင်းသာတာဝန်ပေးကူညီစေလိုပါသည်။ 
  • ထို့ကြောင့် ဒုက္ခရောက်နေသောပြည်သူများ၏ဘ၀ကိုဖြေရှင်းပြီးလျင် နိုင်ငံတော်မှ လိုအပ်သော ဖြစ်မူကျူးလွန်မူအား ရှာဖွေအရေးယူရေးနှင့် နိုင်ငံသားဖြစ်တည်ရေးတို့ ကို ဥပဒေ၊ နည်းဥပဒေများအရ လွှတ်တော်၏ဆုံးဖြတ်ချက်နှင့်အညီ အကောင်ထည်ဖော်ရေးနှင့်ယနေ့နိုင်ငံတော်၏လူမျိုးခွဲခြား စီစစ် ခြင်းအားချက်ချင်းရပ်ပြီး ပြည်လည်နေရာချထားရေးကိုဦးစားပေးကာလုံခြုံစွာ ကူညီဖြေရှင်းပေးပါရန် ယနေ့ကျင်းပနေသောလွှတ်တော်အစည်းအဝေးသို့  အလေးအနက်တင် ပြတောင်းဆိုအပ်ပါသည်။ 

လေးစားစွာဖြင့် 

ဇာနည်မောင် 
National Foundation BKK

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ