ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 January 2013

လွန်ခဲ့သည့် ၁၈ နှစ်က သိမ်းထားသည့် လယ်များကို လျော်ကြေး ပြန်ပေးမည်


ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်း လွန်ခဲ့တဲ့ ၁၈ နှစ် ၁၉၉၄ ခုနှစ်က လှာကာ- မြိုင်ကလေး-ဒူးရင်းဆိပ်-သထုံ ရထားလမ်းဖောက်စဉ် လျော်ကြေးမပေးဘဲ သိမ်းယူထားတဲ့ လယ်မြေတွေအတွက် မကြာမီ လျော်ကြေးပေးတော့မယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးချန်မောင်က ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းစေအွာက အဲဒီ သိမ်းယူထားတဲ့ လယ်တွေအနက် ရထားလမ်း ဖောက်တဲ့ဆီမှာ မပါတဲ့ လယ်တွေကို ပိုင်ရှင်တွေထံ ပြန်ပေးဖို့ ရှိ၊ မရှိ မေးမြန်းတာကို ဒုဝန်ကြီးက ခုလို ပြန်လည်ဖြေကြားခဲ့တာပါ။
ဒီလယ်တွေအတွက် လျော်ကြေးပြန်ပေးခဲ့တယ်ဆိုရင် အစိုးရ၀န်ကြီးဌာနတခုက နှစ်ပေါင်းများစွာကတည်းက သိမ်းဆည်းထားတဲ့ လယ်တွေအတွက် ပထမဦးဆုံး လျော်ကြေး ပြန်ပေးတာ ဖြစ်ပါလိမ့်မယ်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ