ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 January 2013

အနုမြူစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူရေး လွှတ်တော်တွင် ဆွေးနွေးတော့မည်


အရင်စစ်အစိုးရအနေနဲ့ အနုမြူဗုံးထုတ်လုပ်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး နိုင်ငံတကာ ဝေဖန်ချက် ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပေမယ့် အနုမြူစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူဖို့ကိစ္စ လွှတ်တော်မှာ ဆွေးနွေးတော့မှာဖြစ်ပါတယ်။

ဇန်န၀ါရီ ၂၃ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၈ က အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြင့်ကြည်က “မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံတနိုင်ငံဖြစ်ပြီး အိုင်အေအီးအေ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်၍ အနုမြူစွမ်းအင်မှ လျှပ်စစ်ထုတ်ယူသင့်ကြောင်း ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း” အဆို တင်ပြခဲ့ရာ လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။
အဆိုတင်စဉ်မှာ ဒေါက်တာမြင့်ကြည်က တောင်ကိုရီးယားနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံတွေဟာ အနုမြူစွမ်းအင်ကနေ လျှပ်စစ်ဓာတ်ထုတ်ယူအသုံးချပြီး စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်သွားခဲ့တဲ့ အခြေအနေတွေကို သုံးသပ်ပြခဲ့ပါတယ်။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ