ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 February 2013

ရင်ဘတ်စပွန်ဆာ AON၏ စီစဉ်မှုဖြင့် ဟောင်ကောင်မှာ ချစ်ကြည်ရေး ကစားမည့် မန်ချက်စတာ ယူနိုက်တက်


manchester united aon jersey
မန်ချက်စတာ ယူနိုက်တက် အသင်း စပေါ်ဆာ တံဆိပ် Aon မှ စီစဉ်သော ၂၀၁၃ ရာသီကြို ခရီးစဉ်အတွင်း အာရှ စီးပွားရေးမြို့ ဟောင်ကောင်၌ ကစ်ချီး ဘောလုံးကလပ် အသင်းနှင့် မန်ချက်စတာ ယူနိုက်တက် ပထမအသင်း တို့သည်ဇူလိုင် (၂၉)ရက်နေ့တွင် ဟောင်ကောင် အားကစား ကွင်းကြီး၌ ရာသီကြို ခြေစမ်းပွဲ ကစား မည် ဖြစ်ကြောင်း အသင်း ၀က်ဆိုဒ်မှ မန်ယူအသင်း၏ အလုပ်အမှု ဆောင်ချုပ် ဒေးဗစ်ဂီးမှ  တရားဝင် ကြေငြာလိုက်သည်။

မန်ယူအသင်း၏ အလုပ်အမှု ဆောင်ချုပ် ဒေးဗစ်ဂီးမှ -“တရုတ်ပြည် အထူးသဖြင့် ဟောင်ကောင်မှ ကလပ်အပေါ် အံ့သြစရာကောင်း လောက်အောင် အားပေးထောက်ခံ မှုရှိနေ ပါတယ်။လွန်ခဲ့တဲ့ (၈)နှစ်က တခါ ဟောင်ကောင်ကို သွားရောက် ခဲ့ပြီးပါပြီ အခု ဒီနှစ်လည်း ထပ်ပြီး သွားရောက် ဖို့ရှိပါတယ်။ကျွန်တော်တို့ ရှေ့ဆက် ရာသီအတွက် အရေးကြီး ဆုံးတွေ ပြင်ဆင်ရင်း ကျွန်တော်တို့ရဲ့ စီးပွားရေး မဟာမိတ်တွေ ကျွန်တော်တို့ အသင်းအပေါ် ယခုထိ သစ္စာရှိစွား အားပေးနေတဲ့ ပရိသတ်တွေနဲ့ ကျွန်တော် တို့ ရှေ့ဆက်လက် တွဲသွားဖို့လဲ မျှော်လင့်ထား ပါတယ် ” ဟု ပြောကြားသွားသည်။
ကစ်ချီးဘောလုံး အသင်းဥက္ကဌ မစ္စတာ ကင်ကေနန်မှ -“(၈)နှစ်လောက် မတွေ့ဖြစ် တော့တဲ့ မန်ချက် စတာ ယူနိုက်တက် အသင်းကြီးကို ကျွန်တော်တို့ ကစ်ချီး အသင်းမှ ကြိုဆို ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ဟောင်ကောင် အတွက် အကောင်းဆုံး ပံ့ပိုးပေးတဲ့တဲ့ ဘောလုံး ကလပ်အသင်း တစ်သင်းဆိုတာ ယုံမှား သံသယဖြစ်  စရာမလို ပါဘူး။ ဒီဒေသတွင်း အသင်း ပရိတ်သတ် အင်အားစုကလဲ အံ့မခန်း ပါပဲ။ ဒါကြောင့် ဒီခရီးစဉ်ဟာ ဟောင်ကောင် အတွက် တကယ်ကို ကြီးကျယ်တဲ့ ခရီးဖြစ် ပါတယ်။ ဟောင်ကောင်မှာ တွေ့ဆုံမည့် မန်ယူနှင့် ကစ်ချီးပွဲစဉ် ဟာလည်း ပရီးမီးယား အပတ်စဉ်ပွဲတွေလို စိတ်လှုပ်ရှားတဲ့ ပွဲကောင်း တပွဲဖြစ်လာ ပါလိမ့်မယ်။ နောက် ဟောင်ကောင် ပြည်သူတွေ အတွက်လည်း စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ နိုင်ငံတကာ ပြိုင်ပွဲကောင်း တစ်ပွဲ ကျင်းပပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ထား ပါတယ်။ ကစ်ချီးအသင်း ဥက္ကဌတစ်ယောက် အနေနှင့် ဒီခရီးစဉ် ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ Mega Event Fund ကိုလည်း လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင် ရှိပါတယ်။”ဟု မှတ်ချက် ပြုပြောကြား သွားသည်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ