ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 February 2013

အများပြည်သူပိုင် ချောင်းမြောင်းများအား ပုဇွန်ကန်ပြုလုပ်ထားသောကြောင့် ကျွဲ၊ နွားများအတွက် သောက်သုံးရေအခက်ကြုံ





Toung P2 copyရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာရှိ အများပြည်သူပိုင် ချောင်းမြောင်းများအား ယခင်အစိုးရများက ပုဂ္ဂလိက ပုဇွန်ကန်ပြုလုပ်ခွင့်ပေးထားခဲ့သောကြောင့် ၄င်းကျေးရွာရှိ ကျွဲ၊ နွားများသောက်သုံးရန် ရေအခက်အခဲဖြစ်နေကြကြောင်း ရွာသားများ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ တောင်းဖူးကျေးရွာမှ လယ်သမားတစ်ယောက်ဖြစ်သူ ဦးအောင်ကျော်သိန်းက " အခု နွေရာသီကိုရောက်လာပြီဆိုတော့ ကျနော်တို့မှာရှိနေတဲ့ ကျွဲ၊ နွားတွေအတွက် သောက်ရေက အရမ်းအခက်အခဲရှိလာပါတယ်။ နွေရာသီဖြစ်လာတဲ့အတွက် ရွာရဲ့အနီးအနားမှာရှိတဲ့ ဆည်တွေ၊ မြောင်းတွေက ရေခမ်းလာကြတယ်။ ဆိုတော့ ကျွဲ၊ နွားတွေကို ရွာက လူသောက်ရေကန်ကနေပြီးတော့ ရေကို ဗုံးတွေနဲ့ခပ်ကာ ကျွဲ၊ နွားတွေကို တိုက်ရပါတယ်။ ဒီရေတွေဟာ လူတွေအတွက်ပဲ လုံလောက်တာပါ။ နှစ်စဉ်နှစ်တိုင်း ဒီကန်တွေက ရေခမ်းလေ့ရှိပါတယ်။ ကျွဲနွားတွေကိုပါ ရေတိုက်ရတယ်ဆိုတော့ နောက်ဆိုရင် လူပါ တိရစ္ဆာန်ပါ အန္တရာယ်ရှိလာနိုင်ပါတယ်။ " ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
နအဖအစိုးရနှင့် ထောက်လှမ်းရေးခေတ်ကြီးက အာဏာရှိပုဂ္ဂိုလ်ကြီးများသည် လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းပင် အဆိုပါ တောင်းဖူးကျေးရွာအနီးအနားရှိ အများပြည်သူပိုင် ကျွဲ၊ နွားများမှီတင်းနေကြသည့် သောက်ရေကန်နှင့် ချောင်းမြောင်းများအား ၄င်းကျေးရွာမှ ဦးလူဝေ၏သား မောင်ထွန်းဦးကို ပုဇွန်ကန်ပြုလုပ်ရန် ခွင့်ပြုပေးခဲ့ပြီး ယခုအချိန်ထိ ပြုလုပ်ခွင့်ရရှိထားကြောင်း သိရသည်။
ထို့သို့အခက်အခဲများကို ကြုံနေရသည့်အတွက် တောင်းဖူးကျေးရွာမှာ ရွာသူရွာသားများသည် ၄င်းပုဇွန်ကန်ကို ပြန်ရရှိလိုသည့်အတွက် ယခုလက်ရှိအစိုးရများထံ တောင်းဆိုထားသော်လည်း တစုံတရာအကြောင်းပြန်ခြင်း မရှိသည်ကိုလည်း သိရသည်။
" အဲဒီပုဇွန်ကန်ကို ရွာသားတွေပြန်ရဖို့အတွက် ပြည်နယ်ဝန်ကြီးထိ တိုင်ထားပါတယ်။ သူတို့က ဖြေရှင်းမပေးပါဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ရွာကိုယ်စားလှယ် ဦးသာထွန်းအောင်တို့ဆီမှာလည်း မိတ္တူပို့ထားပါတယ်။ လုပ်တဲ့သူက အာဏာပိုင်တွေဆီက အဲဒီပုဇွန်ဒိုင်ကို လုပ်ဖို့အတွက် (ပါမစ်)တွေယူပါတယ်။ နှစ်ပေါင်းတစ်ဆယ်ကျော်ပါပြီ။ အဲဒီတုန်းက ထောက်လှန်းရေး စောလွင်ခေတ်ပေါ့။ ကျနော်တို့လည်း အဲဒီအချိန်တုန်းက ထောက်လှန်းရေးတွေဆိုရင် အင်မတန်ကြောက်ကြတဲ့အတွက် ဘာတစ်ခုမှ မပြောကြဘဲ ရွာသားတွေအားလုံးက နုတ်ပိတ်နေခဲ့ရပါတယ်။ ယခုပွင့်လင်းလာပြီဖြစ်တဲ့အတွက် ကျနော်တို့က ကျနော်တို့အခက်အခဲတွေကို ဖြေးရှင်းပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။ " ဟု တောင်းဆိုသူထဲတွင်ပါသူ ဦးအောင်ထွန်းဝင်းက ပြောသည်။
ဤကျွဲနွားများ ရေသောက်ရန်အခက်အခဲများကို ဖြေရှင်းပေးရန် နိုင်ငံတော်အစိုးရထံ ရွားသားများကိုယ်စား ကျွဲနွားပိုင်ရှင်များဖြစ်ကြသည့် လယ်သမား(၁၁)ဦးမှ လက်မှတ်ရေးထိုးကာ တိုင်းကြားထားကြောင်း သိရှိရသည်။

သို့
မြို့နယ်အုပ်ချုပ်ရေးမှူး
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပေါက်တောမြို့
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ(၃၁) ရက်

အကြောင်းအရာ။ အများပြည်သူပိုင် ချောင်းမြောင်းများအား တစ်ဦးတစ်ယောက်တည်းပုဇွန်ကန်ပြုလုပ်ထား၍ လယ်သမားပိုင်ကျွဲ၊ နွားများရေသောက်ရန်အခက်အခဲ ကြုံတွေ့နေရခြင်း။
၁။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာတွင် အများနှင့်သက်ဆိုင်သော ကန်းပိုင်(ခေါ်) ကျွဲ၊ နွားများ ရေသောက်နေသည့် ကန်ချောင်းကို တောင်းဖူးကျေးရွာနေ ဦးလူဝေ၏သား မောင်ထွန်းဦးဆိုသူမှာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်လွန်ကာ ယခင်က ထောက်လှမ်းရေးတပ်ဖွဲ့ကို ချဉ်းကပ်ပြီး ပုဇွန်မွေးမြူရေးကန်ပြုလုပ်၍ နေပါသည်။ ယင်းအချိန်က ရွာသားများမှ ယင်းလုပ်ရပ်ကိုသဘောမတူ ဆန့်ကျင်ကြပြီး ရွာသားများကန့်ကွက်ကြသော်လည်း မောင်ထွန်းဦးက နေက်ကွယ်မှ ထောက်လုပ်ရေး၏ အရှိန်အ၀ါဖြင့် ရွားသားများဆယ်ဖို့ထားသော ကန်ချောင်းကန်းပိုင်ကို ကျွဲ၊ နွားများရေးသောက်လို့မရအောင် အဆိပ်ချလိုက်ပြီး ရွာသားများကို ဆန့်ကျင်ကာ အတင်းအဓမ္မဖောက်ချိုးပစ်လိုက်ပါသည်။
၂။ ယင်းအချိန်ခါ ကျေးရွာဥက္ကဌမှာ ဦးထွန်းအောင်ခိုင်၊ အတွင်းရေးမှူးမှာ ဦးဦးကျော်မြဆိုသူဖြစ်ပြီး ထောက်လှမ်းရေးမှ အတင်းအဓမ္မ သဘောတူကြောင်း လက်မှတ်ရေးထိုးခိုင်းပါသည်။ ထောက်လှမ်းရေးမြို့နယ်တာဝန်ခံ တပ်ဆွယ်မှူးမှာ တပ်ကြပ်စောလွင်(ယခုကွယ်လွန်)ဖြစ်ပါသည်။ တောင်းဖူးကျေးရွာမှ လယ်သမားများမှာ ထောက်လှမ်းရေးကို ကြောက်ပြီးတစ်ခုမှပြန်မပြောရဲဘဲ ရေငုံနုတ်ပိတ်နေလိုက်ကြပါသည်။ မောင်ထွန်းဦးလည်း ယင်းအချိန်ကစပြီး ယနေ့အချိန်ထိ ပုဇွန်ကန်လုပ်ငန်းကို လုပ်ကိုင်လျှက်ရှိနေပါသည်။
၃။ တောင်းဖူးကျေးရွာရှိ လယ်သမားများမှာ နွေရာသီအချိန်တွင် ကျွဲ၊ နွားများရေသောက်ရန် မလုံလောက်ဖြစ်ပြီး ကျေးရွာအတွင်းရှိရေကန်များမှ ခပ်ယူပြီး မိမိကျွဲ၊ နွားများကို ရေတိုက်နေကြ၍ နွေရာသီအချိန်နှစ်စဉ် နှစ်တိုင်းရေနှင့် အခက်အခဲကြုံတွေ့နေရပါသည်။ ဘေးပတ်ဝန်ကျင်ရှိ သဝင်ချောင်းကျေးရွာမှ ကျွဲ၊ နွားများလည်း ၄င်းကန်ချောင်းကန်းပိုင်မှ ရေကိုလာသောက်ကြပါသည်။ သဝင်ချောင်းနှင့် တောင်းဖူးနှစ်ရွာရှိ ကျွဲ၊ နွားများမှာ ကောင်ရေ(၅၀၀)ကျော်လောက်ရှိပါသည်။
၎။ သို့ဖြစ်ပါ၍ တောင်းဖူးကျေးရွာရှိ လယ်သမားများပိုင် ကျွဲ၊ နွားများနွေရာသီရေသောက်ရန် အခက်အခဲကြုံတွေ့နေရသည့်ပြဿနာကို ဖြေရှင်းဆောင်ရွက်ပြီး မူလပိုင်ရှင်ဖြစ်သော တောင်းဖူးကျေးရွာသားများ ပိုင်ဆိုင်မှုရရှိရန် ကျွန်တော်များ လယ်သမားကြီးတချို့မှာ ကိုယ်တိုင်လက်မှတ်ရေးထိုး၍ အထက်လူကြီးမင်းများထံ ရိုသေစွာတိုင်ကြားလိုက်ရပါသည်။

မိတ္တူကို -
- ဦးတက်ထွန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါက်တောမြို့
- ဦးမောင်ကျော်သိန်း၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်၊ ပေါက်တောမြို့
- တာဝန်ခံ - လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် - HRDP ရခိုင်ပြည်နယ်

Toung P2 copy
Arakan Time

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ