ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 February 2013

အကြိမ် ၂၀ မြောက်ဆီသို့ 


images
ပရီးမီးယားလိဂ် ပွဲစဉ်၂၅ အပြီးပြိုင်ပွဲရဲ့ ၄ပုံ၃ပုံ ကာလ အတွင်းဝင်ရောက် ချိန်မှာ အမှတ်ပေး ချန်ပီယံဆု အတွက်ကတော့ တော်တော်လေး ရုပ်လုံးပေါ်လာ ပါပြီ။ လက်ရှိ အမှတ်ပေး ဇယား မှာမန်ချက်စတာ ယူနိုက်တက်က ၆၂မှတ်ရရှိ ထားပြီး ဒုတိယနေရာက မန်ချက်စတာ စီးတီးကို (၉)မှတ်ဖြတ်ကာ ဦးဆောင်သူနေရာ မှာတည် ရှိ နေပါတယ်။ ယင်း၆၂မှတ် ဟာလည်း ကလပ်အသင်း သမိုင်း တလျှောက် အများဆုံး ရရှိမှုအဖြစ် စံချိန်တင် ခဲ့ကြောင်း လည်းသိရ ပါတယ်။ ဒီရာသီ တောက်ပနေ တဲ့မန်ယူရဲ့အာနည်းချက် အားသာချက် အချို့ကိုလေ့လာကြည့် မိပါတယ် ။

 အမှတ်ပေးဇယား ထိပ်ဆုံးမှာ အမှတ်ဖြတ် ဦးဆောင်နေတဲ့ အသင်း တစ်သင်းရဲ့အားနည်းချက် ကိုရှာရခတ် ပါတယ်။ ဒါပေမဲ့ ဘယ်အသင်းမှ စင်းလုံးချော မရှိပါဘူး။ မန်ယူအသင်းရဲ့ အားနည်းချက် ဆိုရင် ကြီးကြီးမားမား ပြောစရာ ရှိတာက ခံစစ်ပိုင်း၊ ဒါကလည်း ဒဏ်ရာပြသနာနဲ သွားသက်ဆိုင်နိုင် ပါတယ်။ ခံစစ်ပိုင်း ကရာသီ အစမှာ အတော်လေး  ဆိုးဆိုးရွားရွား ပြသနာရှိ ခဲ့ပါတယ်။ ရာသီအစ ၆ပွဲမှာ၎ပွဲနိုင်၂ပွဲရှုံးခဲ့ပြီ ပေးဂိုး(၁)ပွဲ(၁)ဂိုးနှုန်းပေး ခဲ့ရပါတယ်။ အောက်တို ဘာနှောင်းပိုင်း ကနေနိုဝင်ဘာ အစောပိုင်း အထိ ကစားခဲ့တဲ့၎ပွဲမှာ လည်းဒီရာသီ မန်ယူအသင်း ခံစစ်ကြောင်းရဲ့ စိတ်ပျက်စရာ အကောင်းဆုံး အခြေအနေ ဖြစ်ပြီး ၂ဂိုးပေး ရတဲ့ပွဲ ၃ပွဲနဲ့ (၁)ဂိုး  ပေးရ တဲ့ပွဲ(၁)ပွဲ ရှိခဲ့ ပါတယ်။
ပွဲစဉ်၁၂နော့ဝစ်ခ်ျ ကိုရှုံးခဲ့ပြီး ပွဲစဉ်၁၃နောက်ပိုင်းမှာတော့ မန်ယူခံစစ်မှာ အလှည့်အပြောင်း တွေရှိလာ ပါတယ်။ အီဗန်း ဒဏ်ရာပြန်သက်သာ လာပြီဖာဒီနန် နဲ့ပြန်တွဲ ကစား တဲ့နောက်ပိုင်း ခံစစ်ပိုင်း ကသိသိသာသာ တိုးတက်လာခဲ့ပြီ ကာရစ် ၊ဖီလ်ဂျုံလ်စ်၊ စမောလင်းတို့ ဖာဒီနန်နဲ့တွဲ ကစားခဲ့တဲ့ အချိန်တွေ ထက်စွမ်းဆောင် ရည်ပိုင်းရော ခံစစ်ပိုင်း ရလဒ်တွေပါ သိသိသာသာ တိုးတက်လာ ခဲ့ပါတယ်။ ဗီဒစ်ပြန်ကစားနိုင် တဲ့အချိန် cleansheet ပွဲတချို့ တောင်ပြန်မြင် လာခဲ့ရ ပါတယ်။ ဒီလို ထိုးနှက်မှု ဘယ်လိုပဲ ရှိခဲ့ပါစေ တခြာအသင်းတွေ ထက်စာရင် မန်ယူအသင်းက ဒဏ်ရာပြသနာတွေကို အလွယ်တကူ ကျော်လွှား  နိုင်လေ့ရှိပါတယ်။
ကွင်းလယ် လူတွေ ခံစစ်ဆင်း ကစားတဲ့အထ၊ိ တစ်ခါ တစ်လေ ကာရစ် အီဗရာတို့ Centerback ၀င်ကစားရတဲ့ အနေအထားမှာ တောင်ဂိုးတွေ ပေးခဲ့ရပေမယ် နိုင်ပွဲတွေ ပုံမှန် ရယူနိုင် ခဲ့တာတွေ ရပါတယ်။ ဒါကြောင့်လည်း ဒီနှစ်မန်ယူ အသင်းကို ဒဏ်ရာပြသနာ ဒုက္ခပေး ခဲ့ပေမယ် ရလဒ်ပိုင်း ကိုတော့ ဆိုးကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး ဆိုတာတွေ့ရ ပါတယ်။ ဒဏ်ရာပြသနာ ကိုမေ့ထားပြီ ခံစစ်ကစားဟန် တွေပဲစဉ်စားမယ် ဆိုရင်တော့တစ်ဦး ကောင်းဝင်ကာတာ မျိုးနဲ   Defensive set- pieces တွေမှာ  မန်ယူဟာ ဂိုးတွေပေး ရလေ့ ရှိပါတယ်။  အထူးအဖြင့် ပြိုင်ဘက် အသင်းရဲ့ Formula ဝင်ဂိုးတွေက မန်ယူခံစစ်ကို ထိုးနက်လေ့ ရှိပြီး ပယ်နယ်တီ ဧရိယာ အတွင်း ရှုပ်တွေးနေတဲ့ အချိန် ရာဖေလ်၊ စမောလင်းနဲ့   အထူးအဖြင့် ကာရစ်တို့ကအမြဲလိုလို အာရုံစူးစိုက်မှု လျော့နည်းလေ့ ရှိတာတွေရ ပါတယ်။ ဒါပေမဲ့ ဖာဒီနန် ၊ ဗီဒစ်၊ အီဗန်း တိုထဲ ကနှစ်ဦးတွဲ ကစားချိန် မှာတော့  ဒီပြသနာက အတိုင်းအတာ တခုထိ လျော့ကျ သွားလေ့ ရှိပါတယ်။ ပြီးတော့ ခုချိန်ထိ မန်ယူ ဂိုးသမား၂ ဦးစလုံးရဲ့ တည်ငြိမ်တဲ့ စွမ်းဆောင် ရည်မတွေ့ရ သေးပါဘူး။
တချို့ပွဲတွေမှာ ဒီဂီယာရဲ့လက်စွမ်းက ကမ္ဘာအဆင့် ဆိုပေမဲ့ ဒီစွမ်းဆောင်ရည် ကိုတသမတ်ထဲ ထိန်းမထားနိုင် သေးပါဘူး။ ငြိမ်သွားရင်တော့  ဗန်ဒါဆားလို အားထား ရမှာပါ ။ပြီခဲတဲ့ ဖူဟမ်နဲပွဲမှာ တော့ဒီဂီယာဟာ အကောင်းဆုံး လက်စွမ်းကို အဆင်အပြေ ဆုံးပြသနိုင် ခဲ့ပါတယ်။
David-De-Gea_2840269
ဒီနှစ်မန်ယူရဲ့ အဓိက အားသာချက် ကရလဒ်ပိုင်း တည်ငြိမ်တာပဲ ဖြစ်ပါတယ်။ ဒီလိုရလဒ်ပိုင်း တည်ငြိမ် ရခြင်းရဲ့   အကြောင်ရင်းတွေ ကကံကြမ္မာ မျက်နှာသာ ပေးလေ့ရှိ တာနဲ့ အသင်းရဲ့ပင်ကို ဟန်လို ဆိုရမယ့် နိုင်သင့်တဲ့ပွဲ တွေအနိုင် ကစားတက်တာ တွေကြောင့်ပါ။ လစဉ်အလိုက် မန်ယူအသင်းရဲ့ စွမ်းဆောင် ရည်ပြန်ကြည့်ရင် ဆိုးဆိုး ရွားရွားခြေပျက် သွားတဲ့ ကာလလုံးဝ မရှိခဲ့ပဲ ပုံမှန်ခြေစွမ်းနဲ တောက်လျှောက် ကစားနိုင်ခဲ့ ပါတယ်။
ဒီအပိုင်းမှာ တိုက်စစ်ပိုင်းက အဓိကကျတယ် ဆိုတာတွေ့ ရပါတယ်။ နစ္စတယ်ရိုင်း၊ ရိုနယ်ဒိုတို့ နှောင်းပိုင်း မန်ယူရဲ့အဓိက တိုက်စစ် icon ကရွန်နီဖြစ် ပါတယ် လက်ရှိ ရာသီ မှာတော့ တိုက်စစ်ကို ဦးဆောင်သူက ပြိုင်ဘက် အာဆင်နယ်က ပြောင်းရွေ့လာတဲ့ ဗန်ပါစီဖြစ် ပါတယ်။ လက်ရှိ ရာသီမန်ယူ အတွက်ဂိုသွင်း အများဆုံး ကစား သမား ဟာလည်း ဗန်ပါစီ ပါပဲ။ ဗန်ပါစီရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှု ဗျူဟာမြောက် ရွေ့လျှားမှုတွေက မန်ယူ တိုက်စစ်ခွင်ထဲမှာ ချက်ချင်အံဝင် ယုံတင်မက တိုက်စစ် icon အနေအထား တောင်ရောက် ရှိခဲ့ ပါတယ်။ မန်ယူအတွက် အရေးပါတဲ့ ဂိုးတွေ၊ အဖိုးတန် ဖန်တီးမှုတွေ၊ အသင်းကို ကယ်တင်မှု အကြိမ်ကြိမ်ပြူ လုပ်နိုင်ခဲ့တာ လည်းတွေ ရပါတယ်။
ပါစီရောက်ရှိ လာခြင်းကြောင့် မန်ယူ အသင်းသိသိသာသာ တိုးတက်ပြောင်းလဲသွားတဲ့ အပိုင်းက အခွင့်အရေးတွေကို အဆုံးသက် နိုင်မှု အပိုင်းဖြစ်ပြီး နောက်ထပ် အားကောင်း လာတဲ့အချက် တွေကလည်း Attacking set  -pieces ၊ counter attack အပိုင်းတွေဖြစ် ပါတယ်။ တောင်ပံကစား ဟန်က အရင်က အတိုင်း အကောင်းဆုံး အနေအထား ရှိခဲ့ပြီ ပါစီပါလာတဲ့ အချိန်မှာ၁၈ ကိုက်အတွင်း ပုံမှန်ဂိုးသွင်း ပေးမဲ့ ကစားသမား တဦးဖြစ် လာပါတယ်။
Wayne+Rooney+is+congratulated+by+teammate+Ryan+Giggs+after+scoring+against+Fulham
ကစားဟန် မတူတဲ့ ရွန်နီ၊ ဝဲလ်ဘတ်၊ ချီချာစတဲ့  ကစားသမားတွေကို   ဘယ်သူနဲ တွဲတွဲ အဆင်ပြေအောင်  ကစားနိုင်ခဲ့ တာဖြစ် ပါတယ်။ မန်ယူ တိုက်စစ်မူး လေးဦးကို ဂိုးသွင်း စွမ်းရည်နှင့် ချိန်ထိုးကြည့်ရင်  အညံဆုံး ကဝဲလ်ဘတ်ပါ  ဒါပေမဲ့ အမြန်နှုန်းနှင့် ကျွမ်းကျင်မှု ပြည့်ဝ တာ၊ လုပ်အားနှုန်း ကောင်မွန် တာတွေက ထင်ထင် ရှားရှား တွေနှိင်တဲ့  သူရဲ့ အားသာချက် တွေပါ။ ၁၈ကိုက်စည်း အတွင်း လှုပ်ရှားနေရာယူ ပုံအားနည်း တာကို သူပြင်နိုင်ခဲ့မယ် ဆိုရင်မန်ယူ တိုက်စစ်ပိုင်း အတွက်ပိုပြီး အားထား ရမှာပါ။ ချီချာကတော့ ဂိုးလာဘ် ရှိပေမဲ့  ပါစီနဲရွန်နီ တို့ကိုကျော်ဖို့ တော့လိုအပ် နေပါသေးတယ်။
ပြီးခဲ့တဲ့ ဆောက်သမ်တန်၊ ဖူဟမ်နဲပွဲမှာ ဗန်ပါ စီခြေစွမ်းပျောက် ဆုံးနေ တဲ့အခါ ရွန်နီက အရှိန်မှန်မှန်နဲ့ တိုက်စစိပိုင်းကို အဖတ်ဆယ် ပေးနိုင် ခဲ့ပါတယ။် ဒါကြောင့်လည်း လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းက ဗိုလ်ဆွဲနိုင်တဲ့ လမ်းကြောင်းပေါ်မှာ အကောင်းဆုံး တည်ရှိနေ တာပါ။ မည်သို့ပင် ဆိုစေ ပရီးပီယား အအောင်မြင်ဆုံး အသင်းမန်ယူ အတွက် ဒီရာသီအဓိက စိန်ခေါ်သူ နေရာမှာ အိမ်နီချင်း မန်စီတီးပဲ ရှိနေပါတယ်။ အစောက ပြောခဲ့သလို လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းကို အများကြီး ချော်မသွားအောင် ထိန်းထားနိုင် ယုံနဲ့ အကြိမ်၂၀ မြောက် ပရီးမီးယားလိဂ် ဖလားဆွတ်ခူးဖို့ အနေအထား ရှိကြောင်း မြင်မိကြောင်းပါ။။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ