ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 February 2013

ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၁၂၄ ဦးနှင့် မြန်မာနိုင်ငံသား ၁၄ ဦးကို သီရိလင်္ကာ ရေတပ်က ပင်လယ်ထဲမှ ကယ်တင်


လူအများအပြားကို တင်ဆောင်လာသော  ငါးဖမ်း စက်လှေ တစ်စီး သီရိလင်္ကာ ပင်လယ် ကမ်းခြေအလွန်တွင် နစ်မြုပ်သွားရာ သီရိလင်္ကာရေတပ်မှ လူပေါင်း ၁၃၈ ဦးကို ကယ်တင်ခဲ့ရသည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့မှ New Age သတင်းစာတွင် ဖေါ်ပြသည်။
Bangladesh citizen in Srilanka
ကယ်တင်ထားသုများကို တွေ့ရစဉ်။ (ဓါတ်ပုံ – အင်တာနက်)
တနင်္ဂနွေနေ့က ဖြစ်ပွားသော အဆိုပါ ဖြစ်ရပ် အတွင်း ကယ်တင်လိုက်ရသူ ၁၃၈ ဦးရှိရာ
ထိုအထဲတွင် မြန်မာနိုင်ငံသား ၁၄ ဦးနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၁၂၄ ဦးတို့ ဖြစ်ကြသည်ဟု အေအက်ဖ်ပီ သတင်းကို ကိုးကားပြီး အဆိုပါ သတင်းစာတွင် ရေးသား ဖေါ်ပြသည်။
သေဆုံးသူ အလောင်းတစ်လောင်းကို ဆယ်ယူရရှိထားကြောင်း သတင်းတွင် ဖေါ်ပြသည်။
ကယ်ဆယ်ထားသူများအထဲမှ ၁၅ ဦးကို ဆေးရုံတင်ထားရပြီး ထိုအထဲတွင် အမျိုးသမီး (၂) ဦးနှင့် ကလေးငယ် (၂) ဦးတို့ ပါဝင်သည်ဟု ဆိုသည်။
အဆိုပါ ငါးဖမ်းစက်လှေသည်  သီရိလင်္ကာ ပင်လယ်ကမ်းခြေ အနီးတွင် မနစ်မြုပ်မှီ ပင်လယ်ထဲတွင် ၁၀ ရက်ခန့် မျောပါနေခဲ့သည်ဟု ပြောသည်။
ဘာသာ စကားအခက်အခဲကြောင့် သူတို့ မည်သည့် နေရာမှ လာသည်၊ မည်သည့်နေရာသို့ သွားမည် စသဖြင့် အသေးစိတ် အချက်အလက်များကို မသိရှိနိုင်သေးကြောင်းနှင့် သက်ဆိုင်ရာ သံရုံးများကို အကြောင်းကြားထားပြီး ဘာသာပြန်များ အကူအညီ တောင်းခံထားသည်ဟု ဆိုသည်။
အဆိုပါ လှေစီးပြီး အလုပ်အကိုင် ရှာဖွေန်ရန် ထွက်ခွာလာသူများသည် သီရိလင်္ကာသို့ ဦးတည် လာရောက်ကြသူများ မဟုတ်ဘဲ စက်လှေပျက်ရာမှ သီရိလင်္ကာနိုင်ငံ အတွင်း ၀င်ရောက်လာကြခြင်း ဖြစ်နိုင်သည်ဟု သီရိလင်္ကာရဲက ပြောသည်။

narinjara

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ